မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း









“ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ” (၃)

လူငယ်ထူးချွန် ဆုနှင့်အတူ ဆယ်တန်းအောင်မြင်ပြီးနောက် ပညာရေး အကယ်ဒမီတွင် အကူဆရာမ အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သူ မယှဉ်သက်ခိုင် (မြောင်မြို့)အား ဂုဏ်ပြုဆုငွေကျပ်ရှစ်သောင်း၊ ပထဝီဝင်နှင့် သမိုင်း နှစ်ဘာသာဂုဏ်ထူးရရှိပြီး လူငယ်ထူးချွန်ဆုနှင့်အတူ ပညာရေးအကယ်ဒမီ အကူဆရာအဖြစ် ဆောင်ရွက်နေသည့် မောင်ဇော်မျိုးနိုင်(ပင်လည်ဘူးမြို့)အားဆုငွေ စုစုပေါင်း ကျပ်နှစ်သိန်းငါးသောင်း၊ ယဉ်ကျေးလိမ္မာ သမီးကောင်းရတနာဆု ရရှိကြသော လဟယ် မြို့နယ် ဆပ္ပလော်ကျေးရွားမှ နာဂတိုင်းရင်းသူများ ဖြစ်ကြသော မကျိမ်ခါလုံ၊ မစစ်မော်သိုက်၊ မထန်ပေ၊ မကျနွေပုံတို့ လေးဦးအား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းခွဲစီဖြင့် စုစုပေါင်းဆုငွေ ကျပ်တစ်သိန်း၊ ရိုးသား နိုးကြား ကြိုးစားဆု ရရှိသော အဋ္ဌမတန်းကျောင်းသူ မငြိမ်းငြိမ်းအေး (အရာတော်မြို့နယ်ငွေတွင်းရွာ)အား ဆုငွေကျပ် သုံးသောင်း၊ ဂုဏ်ထူးရရှိသူ (၂)ဦး မွေးထုတ် သင်ကြားပေးသော သမိုင်းဘာသာရပ်သင် ဆရာမ ဒေါ်ဝင်းဝင်းပြည့် (ရေစကြိုမြို့) အား ဆုငွေကျပ် နှစ်သိန်း၊ ဆရာမဒေါ်ခင်ခင်ယု(မြောင်မြို့)အား ဇီဝဗေဒဘာသာ၌ ဂုဏ်ထူးရရှိအောင် သင်ကြားပေးမှုနှင့် ထူးချွန်ဆရာဆုအတွက် ဆုငွေစုစုပေါင်း ကျပ်နှစ်သိန်း၊
ပထဝီဝင်ဘာသာ ဂုဏ်ထူးရှင် သုံးဦးမွေးထုတ်ပေးသော ဆရာ ဦးအေးမြင့်နိုင်(မတ္တရာမြို့)အား ဆုငွေကျပ် သုံးသိန်း၊ ချစ်စရာ့အရွယ်သမီးငယ်ဆုရရှိသူ မညိမ်းညိမ်းအေး(တိုက်ကြီးမြို့)အား ဆုငွေကျပ် သုံးသောင်း၊ အင်္ဂလိပ်စကားပြော ထူးချွန်ဆု ရရှိသူ မအေမီမီဟန်(မြဝတီမြို့)အား ဆုငွေကျပ် တစ်သိန်း)တို့ကို ဂုဏ်ပြုချီးမြှင့်သည်။ ယနေ့ ချီးမြှင့်သော ဆုကြေးငွေ စုစုပေါင်းမှာငွေကျပ် ၂,၁ဝဝ,ဝဝဝ တိတိရှိကြောင်း သိရသည်။

ပညာရေးအကယ်ဒမီမှ ၂ဝ၁၈ – ၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ဝိဇ္ဇာ ဘာသာတွဲ ၄၅ ဦး ဝင်ရောက်ဖြေဆိုရာ ကိုး ဦး အောင်မြင်၍ သုံးဦး ဂုဏ်ထူးရရှိသည်။ ထို့အပြင် သိပ္ပံဘာသာတွဲ ၁ဝ ဦးဖြေဆိုရာ နှစ်ဦးအောင်မြင်၍ တစ်ဦး ဂုဏ်ထူးရရှိသည်။