မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ပညာရည္ခြၽန္ဆုေပးပြဲ (၄)

ပညာေရး အကယ္ဒမီတြင္ ယခု စာသင္ႏွစ္၌ တကၠသိုလ္ဝင္တန္း ေျဖဆိုရန္ တက္ေရာက္သင္ၾကားေနသူ ၁၇ဝ ဦးရွိသည္။ပညာေရးအကယ္ဒမီ ေက်ာင္းသား၊ေက်ာင္းသူ မ်ားသည္ တစ္ရက္လွ်င္ႏွစ္ႀကိမ္ဘုရား ရွိခိုးျခင္း၊ စာေပသင္ၾကားျခင္း၊ စာျပန္စာအံ ရျခင္း၊ သန္႔ရွင္းေရးျပဳလုပ္ရျခင္း၊ ဗုဒၶေဝယ်ာဝစၥ ေဆာင္ရြက္ရျခင္းတို႔ ေန႔စဥ္ျပဳလုပ္ၾကရသည္။

ထို႔ျပင္ မင္းကြန္းေဒသရွိ တန္ခိုးႀကီး ဘုရားမ်ား၌ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အတြက္ သန္႔ရွင္းေရးေဆာင္ရြက္မႈကို ဥပုသ္ ေန႔တိုင္းျပဳလုပ္ ကုသိုလ္ယူၾကသည္။ ပညာေရးအကယ္ဒမီ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ တနဂၤေႏြေန႔တိုင္း နံနက္ႏွင့္ ေန႔လည္ပိုင္းတြင္ ယဥ္ေက်းလိမၼာႏွင့္ ဓမၼစကူးလ္ သင္ခန္းစာမ်ား သင္ယူၾကရၿပီး ညေနပိုင္း၌ အေျခခံအဂၤလိပ္စကား အေျပာႏွင့္ နားေထာင္ျခင္း စြမ္းရည္ျမႇင့္သင္တန္းႏွင့္ အဂၤလိပ္သဒၵါသင္တန္း တက္ၾကရသည္။

ထို႔အျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အားလပ္ခ်ိန္မ်ား၌ ကိုယ္လက္လႈပ္ရွား အားကစားလုပ္ငန္းမ်ားလည္း ေဆာင္ရြက္ၾက ရသည္။ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈႏွင့္အညီ ဝတ္စားဆင္ယင္ၾကရၿပီး က်န္းမာေရး အသိပညာေပး ေဟာေျပာပြဲမ်ား၊ က်န္းမာေရး စစ္ေဆးကုသေပးမႈမ်ား၊ ကာကြယ္ေဆး ထိုးႏွံ တိုက္ေကြၽးျခင္း လုပ္ငန္းမ်ားကိုလည္း က်န္းမာေရး ဝန္ႀကီးဌာနအပါအဝင္ ျပင္ပ က်န္းမာေရး ပညာရွင္မ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ေပးလ်က္ ရွိသည္။

ပညာေရး အကယ္ဒမီ၏ ေဆာင္ပုဒ္မွာ သာသနာ ပညာ ယဥ္ေက်းမႈ ေကာင္း ေတာ္ ယဥ္ေအာင္ျပဳ ဟူ၍ ျဖစ္ေၾကာင္းႏွင့္ ယခု ၂ဝ၁၉- ၂ဝ၂ဝ စာသင္ႏွစ္တြင္ ေက်ာင္းသား ေက်ာင္းသူ ၃၅ဝ ဦး တက္ေရာက္ ပညာသင္ယူလ်က္ရွိေၾကာင္း သိရသည္။

ေက်ာင္းသံုးစာအုပ္မ်ား၊ ဗလာစာအုပ္မ်ားႏွင့္ စာေရးကိရိယာမ်ား ေထာက္ပံ့ေပးျခင္း၊ တစ္ရက္လွ်င္သံုးႀကိမ္ အာဟာရေကြၽးေမြး ျခင္း၊ က်န္းမာေရး ယိုယြင္းမႈရွိပါက မင္းကြန္း တိုက္နယ္ေဆး႐ံု၊ စစ္ကိုင္းၿမိဳ႕ ျပည္သူ႔ေဆး႐ံု၊ မႏၲေလး အေထြေထြေရာဂါကု ေဆး႐ံုတို႔၌ ပို႔ေဆာင္ ကုသေပးလ်က္ရွိၿပီး လိုအပ္ပါက ပုဂၢလိက ေဆး႐ံုမ်ား၌ စစ္ေဆးကုသမႈခံယူျခင္း ကိုလည္း ေက်ာင္းရန္ပံုေငြမွ က်ခံသံုးစြဲကာ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ဦးႏိုင္

“ပညာရေးအကယ်ဒမီကျောင်း ပညာရည်ချွန်ဆုပေးပွဲ” (၄)

ပညာရေး အကယ်ဒမီတွင် ယခု စာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် တက်ရောက်သင်ကြားနေသူ ၁၇ဝ ဦးရှိသည်။ပညာရေးအကယ်ဒမီ ကျောင်းသား၊ကျောင်းသူ များသည် တစ်ရက်လျှင်နှစ်ကြိမ်ဘုရား ရှိခိုးခြင်း၊ စာပေသင်ကြားခြင်း၊ စာပြန်စာအံ ရခြင်း၊ သန့်ရှင်းရေးပြုလုပ်ရခြင်း၊ ဗုဒ္ဓဝေယျာဝစ္စ ဆောင်ရွက်ရခြင်းတို့ နေ့စဉ်ပြုလုပ်ကြရသည်။

ထို့ပြင် မင်းကွန်းဒေသရှိ တန်ခိုးကြီး ဘုရားများ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သန့်ရှင်းရေးဆောင်ရွက်မှုကို ဥပုသ် နေ့တိုင်းပြုလုပ် ကုသိုလ်ယူကြသည်။
ပညာရေးအကယ်ဒမီ ကျောင်းသား၊ ကျောင်းသူများသည် တနင်္ဂနွေနေ့တိုင်း နံနက်နှင့် နေ့လည်ပိုင်းတွင် ယဉ်ကျေးလိမ္မာနှင့် ဓမ္မစကူးလ် သင်ခန်းစာများ သင်ယူကြရပြီး ညနေပိုင်း၌ အခြေခံအင်္ဂလိပ်စကား အပြောနှင့် နားထောင်ခြင်း စွမ်းရည်မြှင့်သင်တန်းနှင့် အင်္ဂလိပ်သဒ္ဒါသင်တန်း တက်ကြရသည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်များ၌ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ငန်းများလည်း ဆောင်ရွက်ကြ ရသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရပြီး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ ကျန်းမာရေး စစ်ဆေးကုသပေးမှုများ၊ ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ပြင်ပ ကျန်းမာရေး ပညာရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိသည်။

ပညာရေး အကယ်ဒမီ၏ ဆောင်ပုဒ်မှာ သာသနာ ပညာ ယဉ်ကျေးမှု ကောင်း တော် ယဉ်အောင်ပြု ဟူ၍ ဖြစ်ကြောင်းနှင့် ယခု ၂ဝ၁၉- ၂ဝ၂ဝ စာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၅ဝ ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခြင်း၊ တစ်ရက်လျှင်သုံးကြိမ် အာဟာရကျွေးမွေး ခြင်း၊ ကျန်းမာရေး ယိုယွင်းမှုရှိပါက မင်းကွန်း တိုက်နယ်ဆေးရုံ၊ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံတို့၌ ပို့ဆောင် ကုသပေးလျက်ရှိပြီး လိုအပ်ပါက ပုဂ္ဂလိက ဆေးရုံများ၌ စစ်ဆေးကုသမှုခံယူခြင်း ကိုလည်း ကျောင်းရန်ပုံငွေမှ ကျခံသုံးစွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဦးနိုင်