သတင္း

တာဝန္ယူမႈ တာဝန္ခံမႈ ကတိကဝတ္ေတြ ပ်က္ယြင္းေနေသာ ရပ္/ေက်း ေရြးေကာက္ပြဲမ်ား

ရပ္/ေက်းေရြးေကာက္ပြဲမ်ား အသံဗလံ ဆူညံေနတာ လူတုိင္းအသိပါ။ ဒီကေန႔ေျပာျပမွာကေတာ့ စစ္ကုိင္းတုိင္း ခင္ဦးၿမဳိ႕နယ္ သရက္ကုန္းစံျပေက်းရြာ ရပ္ေက်းေရြးေကာက္ပြဲပါ။ 27.2.2018ရက္ေန႔မွာ ေရြးေကာက္ပြဲ က်င္းပၿပီးခဲ့ပါၿပီ။ အသက္ ၃၉ႏွစ္အရြယ္ Bsc ဘြဲ႕ရ ကုိဝင္းေဇာ္ဦး အႏုိင္ရရွိခဲ့ပါတယ္။

ရာအိမ္မွဴး သုံးေယာက္အနက္ ၁၂၄ မဲႏွင့္ အႏုိင္ရရွိခဲ့တာပါ။ အဲဒီေရြးေကာက္ပြဲမွာ အနီနဲ႔အနက္ေတြ ဝင္မၿပဳိင္ခဲ့သလုိ ႀကီးၾကပ္ေရးေကာ္မတီငါးဦးထဲက အနီအနက္ ႏွစ္ဦးတည္း ပြဲမတက္ခဲ့ပါဘူး။ ေရႊဘုိခရုိင္ အုပ္ခ်ဳပ္ေရးမွဴးက ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ စခန္းမွဴး လ.ဝ.က ဦးစီးမွဴးတုိ႔ကုိ ေသခ်ာမွာလုိက္ပါတယ္။

ႀကီးၾကပ္ေရးမွဴးငါးေယာက္ မစုံသည္ျဖစ္ေစ ရာအိမ္မွဴးအားလုံး ဝင္မၿပဳိင္သည္ျဖစ္ေစ ဒီေရြးေကာက္ပြဲကုိ ငါတာဝန္ယူတယ္ တုိင္တာေတာတာေတြ ေပၚလာရင္ ငါကုိယ္တုိင္ေျဖရွင္းမယ္ ဟု တာဝန္ယူေစခုိင္းလုိ႔ ၿမဳိ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းႏုိင္ဦး စခန္းမွဴး ဦးထြန္းထြန္းဦးႏွင့္ စီမံခန္႔ခြဲမႈ ေကာ္မတီဝင္မ်ားျဖစ္ၾကတဲ့ လ.ဝ.က မီးသတ္ ဘဏ္ ေျမစာရင္း စုိက္ပ်ဳိးေရး ဌာနဆုိင္ရာေတြ စုံစုံလင္လင္ လာေရာက္ ေရြးခ်ယ္ခဲ့တာပါ။

အဲဒီလုိေရြးၿပီး တစ္ပတ္အၾကာ 5.3.2018 ရက္ေန႔မွာ အသစ္ေရြးခ်ယ္ခံရတဲ့ ကုိဝင္းေဇာ္ဦးႏွင့္ ႀကီးၾကပ္ေရးေကာ္မတီမ်ား လက္ရွိအုပ္ခ်ဳပ္ေရးမွဴး ကုိၾကည္သိန္းႏွင့္ တာဝန္ရွိသူမ်ားကုိ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးကုိယ္တုိင္ပဲ 7.3.2018 ရက္ေန႔မွာ ျပန္လည္ေရြးေကာက္ပြဲက်င္းပဖုိ႔ တစ္ကျပန္စၿပီး က်င္းပဖုိ႔ ထပ္မံေစခုိင္းခဲ့တာပါ။

အေၾကာင္းျပခ်က္ ဘာမွမေျပာသလုိ ျပန္လည္တင္ျပတာကုိလည္း လုံးဝလက္မခံပါဘူး။ ဒီကေန႔မွာေတာ့ ၿမဳိ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းႏုိင္ဦး၊ ပအုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္၊ စခန္းမွဴး ဦးထြန္းထြန္းဦးႏွင့္ စီမံခန္႔ခြဲမႈေကာ္မတီဝင္မ်ား ေရာက္ရွိလုိ႔လာပါတယ္။ ေက်းရြာသူ ေက်းရြာသားမ်ားက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ရုံးနားမွာ အဆင္သင့္ျပင္ဆင္ထားၿပီး အေျခအေနအရပ္ရပ္ကုိ အကဲခတ္ေစာင့္ၾကည့္ေနပါတယ္။

လုိအပ္ရင္ ဆႏၵျပဖုိ႔ ဆုိင္းဘုတ္ပုိစတာမ်ား အဆင္သင့္လုပ္ထားပါတယ္။ ျပန္လည္ေရြးေကာက္ပြဲအလုိမရွိ၊ လုပ္ထုံးလုပ္နည္းႏွင့္ ဆန္႔က်င္ေသာေရြးေကာက္ပြဲအလုိမရွိ ဆုိင္းဘုတ္ေတြ လက္ေရးနဲ႔ ေရးၿပီး ျပင္ဆင္ထားတာပါ။

၄င္းအဖြဲ႕က ဘုန္းႀကီးေက်ာင္းတုိက္သုိ႔ လာေရာက္ေလွ်ာက္ထားတဲ့အခါ ဆရာေတာ္ဦးဝါသဝႏွင့္ သံဃာေတာ္မ်ားက အရင္ေရြးေကာက္ပြဲ က်င္းပစဥ္က ခရုိင္အုပ္ခ်ဳပ္ေရးမွဴးကုိယ္တုိင္ တာဝန္ယူက်င္းပခဲ့တယ္။ တာဝန္ခံၿပီး ေျဖရွင္းေပးမယ္လုိ႔ ကတိေပးခဲ့တယ္။ အဲ့ဒါေတြ ဘယ္ေရာက္ကုန္ၿပီလဲ စသည္ျဖင့္ ေမးျမန္းမိန္႔ၾကားရာ အက်ယ္အက်ယ္ အျဖစ္မခံ၍ ျပန္လည္ထြက္ခြါသြားေၾကာင္း သိရပါတယ္။

ဆရာေတာ္ဦးဝါသဝဆုိတာ မန္း မဘသ အတြင္းေရးမွဴး ဆရာေတာ္ျဖစ္ပါတယ္။ ၄င္းက ၄င္းဇာတိ သရက္ကုန္းရြာကုိ ျပန္လည္ သာသနာျပဳေနတာျဖစ္ပါတယ္။ စာသင္ေက်ာင္းမ်ား အားကစားကြင္းမ်ား ေဆးခန္းမ်ား စာၾကည့္တုိက္မ်ား စုံေနေအာင္ ေဆာက္လုပ္ေပးထားတာပါ။

ရပ္ရြာကုိ ဘာအက်ဳိးမွ မျပဳခဲ့တဲ့ အနီအနက္ေတြက အတုိင္အေတာထူလြန္းလုိ႔ အခုလုိ ဖိအားမ်ဳိးႏွင့္ ႀကဳံရကာ ခရုိင္အုပ္ခ်ဳပ္ေရးမွဴးကတိ ပ်က္ယြင္းသြားျခင္းျဖစ္ပါတယ္။ လက္ရွိအစုိးရရဲ႕ ဖြဲ႕စည္းပုံကေတာ့ ျမင္တဲ့အတုိင္းပါပဲ။ ရပ္ေက်းေရြးေကာက္ပြဲေလးေတာင္ ဒီလုိ ဝင္ေရာက္စြက္ဖက္မႈေတြေၾကာင့္ မတရားလုပ္ေနၾကရင္ အေထြေထြေရြးေကာက္ပြဲႀကီး တာဝန္ယူက်င္းပတဲ့အခါ ေရြးေကာ္ပြဲေကာ္မရွင္ကုိ ျပည္သူေတြက ဘယ္လုိမ်ား ယုံၾကည္ႏုိင္ပါ့မလဲေနာ္။

အမုန္းခံသမားႀကီး
ဝီရသူ(မစုိးရိမ္)
7.3.2018
PM 8:56

 

“တာဝန်ယူမှု တာဝန်ခံမှု ကတိကဝတ်တွေ ပျက်ယွင်းနေသော ရပ်/ကျေး ရွေးကောက်ပွဲများ”

ရပ်/ကျေးရွေးကောက်ပွဲများ အသံဗလံ ဆူညံနေတာ လူတိုင်းအသိပါ။ ဒီကနေ့ပြောပြမှာကတော့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကုန်းစံပြကျေးရွာ ရပ်ကျေးရွေးကောက်ပွဲပါ။ 27.2.2018ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပါပြီ။ အသက် ၃၉နှစ်အရွယ် Bsc ဘွဲ့ရ ကိုဝင်းဇော်ဦး အနိုင်ရရှိခဲ့ပါတယ်။ ရာအိမ်မှူး သုံးယောက်အနက် ၁၂၄ မဲနှင့် အနိုင်ရရှိခဲ့တာပါ။ အဲဒီရွေးကောက်ပွဲမှာ အနီနဲ့အနက်တွေ ဝင်မပြိုင်ခဲ့သလို ကြီးကြပ်ရေးကော်မတီငါးဦးထဲက အနီအနက် နှစ်ဦးတည်း ပွဲမတက်ခဲ့ပါဘူး။

ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး လ.ဝ.က ဦးစီးမှူးတို့ကို သေချာမှာလိုက်ပါတယ်။ ကြီးကြပ်ရေးမှူးငါးယောက် မစုံသည်ဖြစ်စေ ရာအိမ်မှူးအားလုံး ဝင်မပြိုင်သည်ဖြစ်စေ ဒီရွေးကောက်ပွဲကို ငါတာဝန်ယူတယ် တိုင်တာတောတာတွေ ပေါ်လာရင် ငါကိုယ်တိုင်ဖြေရှင်းမယ် ဟု တာဝန်ယူစေခိုင်းလို့ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး စခန်းမှူး ဦးထွန်းထွန်းဦးနှင့် စီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်ကြတဲ့ လ.ဝ.က မီးသတ် ဘဏ် မြေစာရင်း စိုက်ပျိုးရေး ဌာနဆိုင်ရာတွေ စုံစုံလင်လင် လာရောက် ရွေးချယ်ခဲ့တာပါ။

အဲဒီလိုရွေးပြီး တစ်ပတ်အကြာ 5.3.2018 ရက်နေ့မှာ အသစ်ရွေးချယ်ခံရတဲ့ ကိုဝင်းဇော်ဦးနှင့် ကြီးကြပ်ရေးကော်မတီများ လက်ရှိအုပ်ချုပ်ရေးမှူး ကိုကြည်သိန်းနှင့် တာဝန်ရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ပဲ 7.3.2018 ရက်နေ့မှာ ပြန်လည်ရွေးကောက်ပွဲကျင်းပဖို့ တစ်ကပြန်စပြီး ကျင်းပဖို့ ထပ်မံစေခိုင်းခဲ့တာပါ။

အကြောင်းပြချက် ဘာမှမပြောသလို ပြန်လည်တင်ပြတာကိုလည်း လုံးဝလက်မခံပါဘူး။ ဒီကနေ့မှာတော့ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦး၊ ပအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ စခန်းမှူး ဦးထွန်းထွန်းဦးနှင့် စီမံခန့်ခွဲမှုကော်မတီဝင်များ ရောက်ရှိလို့လာပါတယ်။
ကျေးရွာသူ ကျေးရွာသားများက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနားမှာ အဆင်သင့်ပြင်ဆင်ထားပြီး အခြေအနေအရပ်ရပ်ကို အကဲခတ်စောင့်ကြည့်နေပါတယ်။

လိုအပ်ရင် ဆန္ဒပြဖို့ ဆိုင်းဘုတ်ပိုစတာများ အဆင်သင့်လုပ်ထားပါတယ်။ ပြန်လည်ရွေးကောက်ပွဲအလိုမရှိ၊ လုပ်ထုံးလုပ်နည်းနှင့် ဆန့်ကျင်သောရွေးကောက်ပွဲအလိုမရှိ ဆိုင်းဘုတ်တွေ လက်ရေးနဲ့ ရေးပြီး ပြင်ဆင်ထားတာပါ။

၎င်းအဖွဲ့က ဘုန်းကြီးကျောင်းတိုက်သို့ လာရောက်လျှောက်ထားတဲ့အခါ ဆရာတော်ဦးဝါသဝနှင့် သံဃာတော်များက အရင်ရွေးကောက်ပွဲ ကျင်းပစဉ်က ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် တာဝန်ယူကျင်းပခဲ့တယ်။ တာဝန်ခံပြီး ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲ့ဒါတွေ ဘယ်ရောက်ကုန်ပြီလဲ စသည်ဖြင့် မေးမြန်းမိန့်ကြားရာ အကျယ်အကျယ် အဖြစ်မခံ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရပါတယ်။

ဆရာတော်ဦးဝါသဝဆိုတာ မန်း မဘသ အတွင်းရေးမှူး ဆရာတော်ဖြစ်ပါတယ်။ ၎င်းက ၎င်းဇာတိ သရက်ကုန်းရွာကို ပြန်လည် သာသနာပြုနေတာဖြစ်ပါတယ်။

စာသင်ကျောင်းများ အားကစားကွင်းများ ဆေးခန်းများ စာကြည့်တိုက်များ စုံနေအောင် ဆောက်လုပ်ပေးထားတာပါ။
ရပ်ရွာကို ဘာအကျိုးမှ မပြုခဲ့တဲ့ အနီအနက်တွေက အတိုင်အတောထူလွန်းလို့ အခုလို ဖိအားမျိုးနှင့် ကြုံရကာ ခရိုင်အုပ်ချုပ်ရေးမှူးကတိ ပျက်ယွင်းသွားခြင်းဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ ဖွဲ့စည်းပုံကတော့ မြင်တဲ့အတိုင်းပါပဲ။ ရပ်ကျေးရွေးကောက်ပွဲလေးတောင် ဒီလို ဝင်ရောက်စွက်ဖက်မှုတွေကြောင့် မတရားလုပ်နေကြရင် အထွေထွေရွေးကောက်ပွဲကြီး တာဝန်ယူကျင်းပတဲ့အခါ ရွေးကော်ပွဲကော်မရှင်ကို ပြည်သူတွေက ဘယ်လိုများ ယုံကြည်နိုင်ပါ့မလဲနော်။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
7.3.2018
PM 8:56