သတင္း

ကရင္၊ လွိဳင္းဘြဲ႕၊ ၾကာအင္းေက်းရြာ တရားပြဲ

ကရင္၊ လွိဳင္းဘြဲ႕၊ ၾကာအင္းေက်းရြာ တရားပြဲ
=========================
တေပါင္းလၦန္း ၉ ရက္ေန႔(27.2.2023) ရက္ေန႔ ည 7း00 နာရီ တရားပြဲေလးပါ။

ကရင္ျပည္နယ္ ၊ လွိဳင္းဘြဲ႔ၿမိဳ႕နယ္၊ ၾကာအင္းေက်းရြာ ၊ ျပည္သာလင္းေအး ေစတီေတာ္ရင္ျပင္ေပၚမွာက်င္းပပါတယ္။

ျပည္သာလင္းေအးေစတီေတာ္ႀကီး ထီးေတာ္တင္ပြဲအႀကိဳတရားပြဲပါ။

တေပါင္းလၦန္း၅ ရက္ေန႔မွ စတင္က်င္းပတာပါ။

စာေရးသူက ငါးရက္ေျမာက္ည တေပါင္းလဆန္း ၉ရက္ေန႔ ဓမၼသဘင္အျဖစ္ ေဟာၾကားပါတယ္။

ျပည္သာလင္းေအးေစတီေတာ္ႀကီးကို ကရင္ျပည္နယ္ နယ္ျခားေစာက္တပ္မ်ား ဗဟိုအႀကံေပးႏွင့္ ကြပ္ကဲေရးအဖြဲ႔ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးႀကီး သီရိပ်ံခ်ီ ေစာခ်စ္သူ+ဇနီး နန္းခင္လွသူ မိသားစုက တည္ထားကိုးကြယ္တာပါ။

အရံေစတီ၄၄ဆူကိုလည္း တစ္ခ်ိန္တည္း ထီးတင္မွာျဖစ္ပါတယ္။

ေစတီေတာ္ႀကီး ၾကည္ညိဳဖြယ္ေဆာင္ပံု၊ ပန္းအလွျပင္ဆင္ထားမွု ၾကည္လင္ဖြယ္ေဆာင္ပံု ၊ ဓမၼာရံု ၊ သံဃာေဆာင္၊ ကမၼ႒ာန္းေက်ာင္း ၊ ေမ်ွာ္ စင္ စတာေတြကို ေတြ႔ျမင္ရရံုနဲ႔ ၾကာအင္းရြာေလး ဘယ္ေလာက္ ေအးခ်မ္းလဲဆိုတာ အလိုေလ်ွာက္သိျမင္သြားမွာပါ။

ျမန္မာျပည္မႀကီးက အႀကမ္းဖက္မွုေတြ ထူေျပာေနခ်ိန္မွာ တစ္ခ်ိန္က တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ လွိဳင္းဘြဲ႔ျမိဳ႕ေလးကေတာ့ တည္ၿငိမ္ေအးခ်မ္းလ်က္ေပါ့ဗ်ာ။

ရတနာသံုးပါး ဦးထိပ္ထားတရားေတာ္ ေဟာၾကားခဲ့ပါတယ္။
• ဘုရားစစ္ ဘုရားမွန္ ဆိုသည္မွာ
တရားစစ္ တရားမွန္ သိသူပါ။

တရားစစ္ တရားမွန္ သိဖို႔ရာ
စရိယမ်ားစြာ က်င့္ရတာ။

ပါရမီေတြလည္း ျဖည့္ရတာ
ေလးသေခ်ၤနဲ႔ ကမၻာတစ္သိန္းပါ။ ။

တရားစစ္ တရားမွန္ ဆိုသည္မွာ
ဘုရားစစ္ ဘုရားမွန္ ေဟာခဲ့တာ။

အာမခံခ်က္ ျပည့္စုံစြာ
ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာတာ။

လူ႔ျပည့္ နတ္ျပည္ ျပည့္စံုစြာ
နိဗၺာန္တိုင္ေအာင္ ၿငိမ္းခ်မ္းတာ။ ။

သံဃာအစစ္အမွန္ ဆိုသည္မွာ
ဘုရားစစ္ ဘုရားမွန္ ဘုရားသားပါ။

သုပၸဋိပႏၷ ဂုဏ္ကိုးျဖာ
ေကာင္းစြာ ေျဖာင့္စြာ က်င့္ေဆာင္တာ။

ဆည္းကပ္သူမွာ အက်ိဳးမ်ားစြာ
လယ္ေျမေကာင္းပမာ အက်ိဳးျပဳတာ။ ။

ကရင်၊ လှိုင်းဘွဲ့၊ ကြာအင်းကျေးရွာ တရားပွဲ
=========================
တပေါင်းလ္ဆန်း ၉ ရက်နေ့(27.2.2023) ရက်နေ့ ည 7း00 နာရီ တရားပွဲလေးပါ။

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာ ၊ ပြည်သာလင်းအေး စေတီတော်ရင်ပြင်ပေါ်မှာကျင်းပပါတယ်။

ပြည်သာလင်းအေးစေတီတော်ကြီး ထီးတော်တင်ပွဲအကြိုတရားပွဲပါ။

တပေါင်းလ္ဆန်း၅ ရက်နေ့မှ စတင်ကျင်းပတာပါ။

စာရေးသူက ငါးရက်မြောက်ည တပေါင်းလဆန်း ၉ရက်နေ့ ဓမ္မသဘင်အဖြစ် ဟောကြားပါတယ်။

ပြည်သာလင်းအေးစေတီတော်ကြီးကို ကရင်ပြည်နယ် နယ်ခြားစောက်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး သီရိပျံချီ စောချစ်သူ+ဇနီး နန်းခင်လှသူ မိသားစုက တည်ထားကိုးကွယ်တာပါ။

အရံစေတီ၄၄ဆူကိုလည်း တစ်ချိန်တည်း ထီးတင်မှာဖြစ်ပါတယ်။

စေတီတော်ကြီး ကြည်ညိုဖွယ်ဆောင်ပုံ၊ ပန်းအလှပြင်ဆင်ထားမှု ကြည်လင်ဖွယ်ဆောင်ပုံ ၊ ဓမ္မာရုံ ၊ သံဃာဆောင်၊ ကမ္မဋ္ဌာန်းကျောင်း ၊ မျှော် စင် စတာတွေကို တွေ့မြင်ရရုံနဲ့ ကြာအင်းရွာလေး ဘယ်လောက် အေးချမ်းလဲဆိုတာ အလိုလျှောက်သိမြင်သွားမှာပါ။

မြန်မာပြည်မကြီးက အကြမ်းဖက်မှုတွေ ထူပြောနေချိန်မှာ တစ်ချိန်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ လှိုင်းဘွဲ့မြို့လေးကတော့ တည်ငြိမ်အေးချမ်းလျက်ပေါ့ဗျာ။

ရတနာသုံးပါး ဦးထိပ်ထားတရားတော် ဟောကြားခဲ့ပါတယ်။
• ဘုရားစစ် ဘုရားမှန် ဆိုသည်မှာ
တရားစစ် တရားမှန် သိသူပါ။

တရားစစ် တရားမှန် သိဖို့ရာ
စရိယများစွာ ကျင့်ရတာ။

ပါရမီတွေလည်း ဖြည့်ရတာ
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါ။ ။

တရားစစ် တရားမှန် ဆိုသည်မှာ
ဘုရားစစ် ဘုရားမှန် ဟောခဲ့တာ။

အာမခံချက် ပြည့်စုံစွာ
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာတာ။

လူ့ပြည့် နတ်ပြည် ပြည့်စုံစွာ
နိဗ္ဗာန်တိုင်အောင် ငြိမ်းချမ်းတာ။ ။

သံဃာအစစ်အမှန် ဆိုသည်မှာ
ဘုရားစစ် ဘုရားမှန် ဘုရားသားပါ။

သုပ္ပဋိပန္န ဂုဏ်ကိုးဖြာ
ကောင်းစွာ ဖြောင့်စွာ ကျင့်ဆောင်တာ။

ဆည်းကပ်သူမှာ အကျိုးများစွာ
လယ်မြေကောင်းပမာ အကျိုးပြုတာ။ ။