သတင်း
=================
=================
တပေါင်းလ္ဆန်း ၈ ရက်(၂၆-၂-၂၀၂၃) ရက်နေ့ သထုံမြို့၊ အလံတစ်ရာစေတီတော်ကြီး ထီးတော်တင်ပွဲဖြစ်ပါတယ်။
မနက် ၇ နာရီမှာ စတင်ကျင်းပပါတယ်။
ဇွဲကပင်ဆရာတော်ကြီး ၊ မြစေတီဆရာတော်ကြီး အမှူးပြုတဲ့ ဆရာတော်သံဃာတော်များ ၊ ပြည်နယ်အစိုးရအကြီးအကဲများ ၊ ဘုရားဒကာ/ဒကာမများ ၊ တိုင်းရင်းသူ/တိုင်းရင်းသားများ ၊ ဘုရားဖူးပရိသတ်များ တက်ရောက်ကြပါတယ်။
ထီးတော်တင်ပွဲ ဦးဆောင်တဲ့ ဆရာတော်ကတော့ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက ဖြစ်ပါတယ်။
စေတီကြီး ဦးစီးပြုပြင်သူကတော့ BGF မှ စောဆန်းကျော်တို့ အဖွဲ့ ဖြစ်ပါတယ်။
သမိုင်းဝင်ထီးတင်ပွဲပါ။
အရင်အစိုးရလက်ထက်တုန်းက ပြုပြင်ခွင့်မပေးလို့ ကရင်နှင့် ပအိုဝ် တိုင်းရင်းသားများ အတိုက်အခံလုပ်ပြီး ပြုပြင်ခွင့်ရအောင် ကြိုးစားခဲ့ရတာပါ။
အခုတော့ ဆယ်ရက်တိတိ ထီးတော်တင်ပွဲ စည်သလားလည်းမမေးနဲ့လို့ ပြောရတော့မှာပါ၊
ပအိုဝ်ဒေသ ပအိုဝ်ဘုရားမှာ ကရင်နဲ့ တိုင်းရင်းသားပေါင်းစုံ လက်တွဲညီညီ ချီတက်ခဲ့တဲ့ ထီးတော်တင်ပွဲကြီးမှာ စာရေးသူလည်း ပါဝင်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုပေါ့ နော်။ ။