သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္းရွင္မ်ား ေဆြးေႏြးပြဲ

ဝါေခါင္လဆန္း ၇ ရက္ (18.8.2018 ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ ခ်မ္ျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။ Fresher တန္းျပ ဆရာ ဆရာမမ်ားႏွင့္ ေဆြးေႏြးတုိင္ပင္ၾကတာပါ။

Eng ျပ ဆရာေတာ္ေလး ဦးေဝပုလႅ၊ ျမန္မာစာျပ ဆရာေတာ္ေလး ဦးဇနက အမွဴးရွိေသာ ဆရာ ဆရာမမ်ား စည္းေဝးၾကတာျဖစ္ပါတယ္။ ၂၀၁၇-၂၀၁၈ မွာ Fresher တန္း ၄၂ ေယာက္ ေျဖဆိုရာမွ ၂ ေယာက္သာ ေအာင္ျမင္ခဲ့ပါတယ္။ (၎ ၂ ေယာက္အနက္ ၁ ေယာက္က တစ္ဘာသာဂုဏ္ထူးထြက္ပါတယ္။) Repeater တန္းက ၄၈ ေယာက္ေျဖဆုိရာ ၂၃ ေယာက္ ေအာင္ျမင္ပါတယ္။ (တစ္ဘာသာဂုဏ္ထူး ၃ ေယာက္ပါပါတယ္။)

အဲဒီလို Fresher တန္း ေက်ာင္းသူေက်ာင္းသားေတြ ေအာင္ခ်က္နည္းရျခင္းအေၾကာင္းရင္းမ်ားကုိ ရွာေဖြကာ တစ္ဦးခ်င္းစီ အႀကံဉာဏ္ျပဳၾကပါတယ္။ အေျခခံမေကာင္းလို႔ စာလုပ္ခ်င္စိတ္နည္းလို႔ မိဘေတြက ပညာေရးအားမေပးလို႔ စတဲ့အေၾကာင္းေတြကေတာ့ ေက်ာင္းသားေက်ာင္းသူေတြ အားနည္းခ်က္ပါ။

က်ဴရွင္ေက်ာင္းအားနည္းခ်က္မျဖစ္ရေအာင္ ကေလးေတြမျဖစ္မေန စာလုပ္လာေအာင္ နည္းစနစ္မ်ား ႀကံဆၾကပါတယ္။ သခၤန္းစာတစ္ခုၿပီးတုိင္း ေလ့က်င့္ခန္းေျဖဆိုခိုင္းဖုိ႔ ဆရာ ဆရာမတုိင္းက တာဝန္ယူျခင္း အပါအဝင္ သင္ရုိးကုန္တဲ့အခါ စာေၾကညက္ရန္ အျပန္အလွန္ေလ့က်င့္ခန္း လုပ္ေပးျခင္းမ်ား အႀကံျပဳၾကပါတယ္။ ဆရာ ဆရာမမ်ားကလည္း သေဘာတူ တာဝန္ယူၾကပါတယ္။ ေတာရဆရာေတာ္ေလး ဦးသုမနရဲ႕ ကမၼ႒ာန္းေက်ာင္းေလးမွာ ေန႔ဆြမ္းစားၿပီး ျပန္လာခဲ့ပါတယ္။

“လောကအလင်းရှင်များ ဆွေးနွေးပွဲ”

ဝါခေါင်လဆန်း ၇ ရက် (18.8.2018 ရက်နေ့၊ မန္တလေးမြို့၊ ချမ်မြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

Fresher တန်းပြ ဆရာ ဆရာမများနှင့် ဆွေးနွေးတိုင်ပင်ကြတာပါ။ Eng ပြ ဆရာတော်လေး ဦးဝေပုလ္လ၊ မြန်မာစာပြ ဆရာတော်လေး ဦးဇနက အမှူးရှိသော ဆရာ ဆရာမများ စည်းဝေးကြတာဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ မှာ Fresher တန်း ၄၂ ယောက် ဖြေဆိုရာမှ ၂ ယောက်သာ အောင်မြင်ခဲ့ပါတယ်။
(၎င်း ၂ ယောက်အနက် ၁ ယောက်က တစ်ဘာသာဂုဏ်ထူးထွက်ပါတယ်။) Repeater တန်းက ၄၈ ယောက်ဖြေဆိုရာ ၂၃ ယောက် အောင်မြင်ပါတယ်။ (တစ်ဘာသာဂုဏ်ထူး ၃ ယောက်ပါပါတယ်။)

အဲဒီလို Fresher တန်း ကျောင်းသူကျောင်းသားတွေ အောင်ချက်နည်းရခြင်းအကြောင်းရင်းများကို ရှာဖွေကာ တစ်ဦးချင်းစီ အကြံဉာဏ်ပြုကြပါတယ်။ အခြေခံမကောင်းလို့ စာလုပ်ချင်စိတ်နည်းလို့ မိဘတွေက ပညာရေးအားမပေးလို့ စတဲ့အကြောင်းတွေကတော့ ကျောင်းသားကျောင်းသူတွေ အားနည်းချက်ပါ။

ကျူရှင်ကျောင်းအားနည်းချက်မဖြစ်ရအောင် ကလေးတွေမဖြစ်မနေ စာလုပ်လာအောင် နည်းစနစ်များ ကြံဆကြပါတယ်။ သင်္ခန်းစာတစ်ခုပြီးတိုင်း လေ့ကျင့်ခန်းဖြေဆိုခိုင်းဖို့ ဆရာ ဆရာမတိုင်းက တာဝန်ယူခြင်း အပါအဝင် သင်ရိုးကုန်တဲ့အခါ စာကြေညက်ရန် အပြန်အလှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းများ အကြံပြုကြပါတယ်။

ဆရာ ဆရာမများကလည်း သဘောတူ တာဝန်ယူကြပါတယ်။ တောရဆရာတော်လေး ဦးသုမနရဲ့ ကမ္မဋ္ဌာန်းကျောင်းလေးမှာ နေ့ဆွမ်းစားပြီး ပြန်လာခဲ့ပါတယ်။