သတင်း







0ီ၇သူ (မစိုးရိမ်)

20.8.2018

“ငွေတွင်း မဘသ သြဝါဒခံယူပွဲ”

ဝါခေါင်လဆန်း ၈ ရက် (19.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ဗုဒ္ဓဂုဏာရာမငွေတွင်းကျောင်းတိုက်မှာ ကျင်းပပါတယ်။

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ ငွေတွင်း မ-ဘ-သ အဖွဲ့သားများ လာရောက်သြဝါဒခံယူကြတာပါ။ ငွေတွင်း မ-ဘ-သ ဥက္ကဋ္ဌဆရာတော်လေး ဦးအဂ္ဂသီရိကျောင်းမှာ ကျင်းပခြင်းဖြစ်ပါတယ်။

လာမည့် ဝါခေါင်လပြည့် (နိုင်ငံတော်ဘာသာနေ့)အထိမ်းအမှတ်အဖြစ် ငွေတွင်းရွာမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနိုင်ရေးအတွက် အကြိုသြဝါဒခံယူခြင်းဖြစ်ပါတယ်။ ငွေတွင်း မ-ဘ-သ အဖွဲ့က မန္တလေးဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပတာ နှစ်ကြိမ်ရှိခဲ့ပါပြီ။ အခု တတိယအကြိမ်မြောက်မှာ ငွေတွင်းရွာမှာ ကျင်းပဖို့စီစဉ်ခြင်းဖြစ်ပါတယ်။

စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်း သွေးလှူအသင်း (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲပါ။ ၎င်းပွဲမှာ စာအုပ်၊ တရား ဒီဗီဒီ ခွေ၊ အားဆေး၊ အအေးဘူးများ လက်ဆောင်ပေးမှာပါ။

ဆရာနန္ဒာသိန်းဇံရဲ့ လှည်းသမားပုံပြင် ဟောကြားခဲ့ပါတယ်။ လှည်းသမားကလည်း လှည်းကိုမောင်းနေတယ်၊ ခွေးတွေကလည်း ဟောင်နေတယ်၊ လှည်းသမားကလည်း ခွေးကို အပြစ်မတင်ဘူး၊ ခွေးကလည်း အချိန်တန်တော့ အဟောင်ရပ်သွားတယ်။

ဒီလိုပါပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ ခွေးကို အပြစ်မတင်ကြဖို့ ဟောကြားခဲ့တာပါ။

ဘာကြောင့်လဲဆိုရင် အနီသားသမီးတွေက တရားလည်း ကန့်ကွက်၊ သွေးလှူပွဲလည်း ကန့်ကွက်၊ ဟောပြောပွဲလည်း ကန့်ကွက်၊ တရားထိုင်လည်း ဆဲ၊ အမျှဝေလည်း ဆဲ၊ ကောင်းတာလုပ်လည်း ဆဲနေလို့ပါပဲ။

0ီ၇သူ (မစိုးရိမ်)
20.8.2018