သတင်း
(ဆက်လက်ဖော်ပြပါမည်)
သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၃) 3.6.2019 တနင်္လာနေ့
ဒီကနေ့ ဦးဇင်းဟောတဲ့တရားအစီစဉ်လေး စပါမယ်နော်။ မြန်မာတရားတော်များပါဗျာ။ ဦးဇင်းတို့ ကုလားတရားဟောလို့ဆိုပြီး တရားပွဲပိတ်လိုက်ပါတယ်ဗျ။ အမုန်းတရားတွေရော ဘာတွေရော ညာတွေရောပေါ့နော်။ ဒီလိုခေါင်းစဉ်တပ်ကြတာပေါ့။
ဦးဇင်းကတော့ အမှန်တရားဟောတာပါဗျာ။ အမုန်းတရား မဟုတ်ပါဘူး။ ဘုရားရဲ့ခြောက်ခွန်းထဲက ဟုတ်သည်ဆိုကြပါစို့။ ချိုသာသာ မချိုသာသာ နားခံနိုင်နိုင် မခံနိုင်နိုင် ဟုတ်တယ်မှန်တယ်။ အကျိုးရှိတယ်ဆိုရင်တော့ ဘုရားကပြောတာပါပဲဗျာ။ သူတို့ မခံစားတိုင်း မခံနိုင်တိုင်း သူတို့အထုပ် ပြည်သွားတိုင်း သူတို့ အပုပ်တွေ ပွကုန်တိုင်း အမုန်းတရားဆိုတဲ့ခေါင်းစဉ်တပ်ပြီး ကျုပ်ကို တရားပွဲပိတ်လိုက်ကြတာပါ။ တရားပွဲပိတ်တဲ့အချိန်မှာလည်း ကျုပ်က ပြောလိုက်ပါတယ်။ ဒီကနေ့ကစပြီး ကုလားတရား မဟောတော့ဘူး မြန်မာတရားပဲ ဟောတော့မယ် နာဖို့သာ ပြင်ကြပေတော့။
ဧပြီလ ၂၉ ရက်နေ့က ဘိက်တရားပွဲတစ်ပွဲ မေလ ၅ ရက်နေ့က ဆူးလေ ဗန္ဓူးလပန်းခြံနားတစ်ပွဲ ဒီနှစ်ပွဲလေး ဟောလိုက်တာဗျာ။ ၁၂၄(က) အတပ်ခံရတဲ့ အဆင့်ထိ ၁၂၄(က) ဘာလို့တပ်တာလည်း ကျုပ်စဉ်းစားလို့မရဘူးဗျာ။ ကျုပ်က အစိုးရအကြည်ညိုပျက်ရအောင် အစိုးရရဲ့ ဘယ်ဌာနကို နာမည်တပ်ပြီး ပြောလို့လည်းဗျာ။ အစိုးရရဲ့ နာမည်တပ်ပြီး ပြောလို့လည်း ဥပဒေမှာ အဲဒီလို နာမည်တိုက်ရိုက် မသုံးစွဲဘဲနဲ့ ဖြစ်တန်လောက်ရာသည် ဘယ်သူ့ကို ရည်ညွှန်းပြောတာပဲဆိုပြီး အဓိပ္ပါယ်ကောက်ချက်ချ ဆွဲယူသုံးသပ်မှုနဲ့ သံသယနဲ့ဖမ်းလို့ ရသလားဗျာ။
မီဒီယာတွေလည်း ကျုပ်မေးချင်ပါတယ်. ခင်ဗျားတို့က ဟာ ဟိုလူကျုပ်တို့နဲ့ ဆန့်ကျင်ဘက်တွေချည်း အကုန်လုံး အင်တာဗျူးပီးတော့မှ ကျုပ်ကိုဖမ်းဖြစ်အောင် ဖိအားပေးနေကြတယ်.။ ခင်ဗျားတို့ မေးရမှာက ဘယ်အချက်အလက်က ၁၂၄(က) နဲ့ညှိတာလဲ ဘယ်စကားရပ်က ၁၂၄(က)နဲ့ညှိတာလဲ ဒါတွေ မေးရမှာလေဗျာ။ အဲ့လိုမေးတဲ့အခါကျတော့လည်း အမျိုးသားရေး ရှေ့နေဘက်တွေ ရှိတယ်။ နိုင်ငံရေး ရှေ့နေဘက်တွေရှိတယ်။ ဘယ်ရှေ့နေကတော့ ဘယ်လိုပြောတယ် ဘယ်ရှေ့နေကတော့ ဘယ်လိုပြောတယ်။ ဘယ်တရားသူကြီးကတော့ ဘယ်လိုပြောတယ်။ ဒါမျိုးတွေဖြစ်ရမှာမို့လား။
အခုတော့ မဟုတ်ပါဘူးဗျာ။ ကျုပ်ပြောတဲ့စကားလေးတွေကိုပဲ ပြန်ပြန်ရေးပီးတော့ ကျုပ်ကိုပဲ ခင်ဗျားတို့က မဖမ်းဖမ်းအောင် ဝိုင်းပြီးဖိအားပေးနေကြတာ။ ကဲ ကျုပ်ပြောမယ်ဗျာ။ တစ်ဦးတစ်ယောက်ရဲ့နာမည်မပါဘဲနဲ့ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူလေးကို ဖော်ပြပြီးပြောဟောတာက ဒီမိုကရေစီ သဘောထားအရ အပြစ်ရှိလားဗျာ။ လွတ်လပ်စွာဝေဖန်ခွင့်ဆိုတဲ့ ဘောင်ထဲမှာ ရှိမနေဘူးလားဗျာ။ ကဲ ကျုပ် ပြောမယ်လေ မိက်ကပ်လေး လိမ်းဖို့လောက်တတ် အဲဒါ ဘာငြိတာတုန်းဗျာ။ ဖက်ရှင်လေး ဝတ်ဖို့လောက်တတ် အဲဒါကကော ဘာငြိတာတုန်းဗျာ။ ဒေါက်မြင့်လေးစီးပြီး ကော့ပက်ကော့ပက် လျှောက်သွားရုံလေးတက် အဲဒါကကော ဘာငြိတာတုန်းဗျာ။ ဒီကြားထဲ နိုင်ငံခြားသားတွေ တွေ့လို့ရှိရင် ဖင်ကယမ်းချင်သေး အဲဒါကကော ဘာငြိတာတုန်းဗျာ။
ဟုတ်ဘူးလားခင်ဗျာ။ ခင်ဗျားယမ်းရုံတင် ဘယ်ကမလဲ ဟိုပုံတစ်ပုံဆိုရင် ပုံးဆိုးပန်းဆိုးကြီး။ နောက်တောင် ကော့ပေးလိုက်သေးတယ်။ ဟို ———— ဘာလဲ မသိ နိုင်ငံခြားသား တစ်ယောက်ရပ်နေတဲ့ နားမှာ သူက နောက်ကိုတောင် ကော့ပေးလိုက်သေးတယ်။ အဲဒီအမှန်တရားတွေ ပြောတာက ၁၂၄(က) ငြိလားဗျာ။ ခင်ဗျားတို့လည်း စဉ်းစားကြပါဦး။ ဟုတ်တယ်နော်။
ကိုင်း ဒါလေးကို သမ္မတတင်ချင်တယ် တင်ချင်တာကို ပြောတာလေ။ ဒါကြီးက သမ္မတ လုပ်ဦးမယ်ပြောတာမှ မဟုတ်တာ။ အဲဒါ ကျုပ်တို့နိုင်ငံ သေရောပေါ့ဗျာ။ ခင်ဗျားကို ကင်းဝန်မင်းကြီးစကားနဲ့ ပြောရမလား။ ကင်းဝန်မင်းကြီးက သီပေါနဲ့ စုဘုရားလတ် ဆော့ကစားနေတာကိုတွေ့တဲ့အခါကျတော့ စုတ်တသပ်သပ် ဖြစ်ရှာတယ်။ ရင်နာလို့ မဆုံးရှာဘူး။ သြော် တိုင်းပြည်ရဲ့အာဏာ ကလေးသူငယ်တွေရဲ့လက်ထဲကိုရောက်တော့ ဘာမှမသိနားမလည်တဲ့ ကလေးငယ်တွေ ကလေးငယ်လေးရဲ့လက်ထဲ နိုင်ငံအာဏာက ရောက်နေတာ အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတယ် ။ အဲဒါ ကင်းဝန်မင်းကြီး ပြောခဲ့တာပါဗျာ.။
အခုလည်း အဲ့အတိုင်းပေါ့ဗျာ။ မိတ်ကပ်လေးလိမ်း ဖက်ရှင်လေးဝတ် ဒေါက်မြင့်လေးစီး ဘာစတိုင်ကြီးလည်းမသိပါဘူး။ ကုလားမစတိုင်လ်လား ဘာလားမသိဘူး။ ဟိုတဘက်ကြီးကို လက်တစ်ဖက်နဲ့ မမထားတာလေ။ ဟိုပဝါလေးရော အဲဒါ ဘာစတိုင်လ်လဲမသိဘူး။ နိုင်ငံခေါင်းဆောင်က အဲ့လိုစတိုင်လ်တွေ ချိုးတာကောရှိလားဗျာ။ ခင်ဗျားတို့တွေ လိုက်ကြည့်ပါအုံး.။ မော်ဒယ်မှ စတိုင်လ်ထွင်တယ် ဟုတ်တယ်နော်။ အေး အဲ့လို ဝတ်တဲ့သူလောက် အဲ့လို အလှအပ မက်မောတဲ့သူလောက် အဲ့လို အလှအပပဲ စိတ်ဝင်စားပြီး တိုင်းပြည်ရဲ့အကျိုး ပြည်သူလူထုအကျိုး ဘာမှစိတ်မဝင်စားတဲ့သူတစ်ယောက်ရဲ့ လက်ထဲမှာ အာဏာရနေတာ နှမြောဖို့ကော မကောင်းဘူးလား ။ အဲ့ဒီလို နှမြောဖို့ကောင်းတယ်ဆိုတာ မုန်းလို့ပြောတာ ဟုတ်ရဲ့လား ။ တိုင်းပြည်အကျိုးစီးပွားအတွက် မဟုတ်ဘူးလား။ ဒါ ၁၂၄(က)နဲ့ ငြိသလား။ ခင်ဗျားတို့တတွေ စဉ်းစားကြ။
ဟုတ်ပြီ။ ကျုပ်ကို တိုင်းသံဃနာယက ဆင့်ခေါ်တယ်။ ကျုပ်ကလည်း ၃၀ ရက်နေ့ အချိန်မီ လာတယ်။ ကျုပ်က ၂၉ ရက်နေ့ ရန်ကုန်ရောက်တယ်။ ၂၉ ရက်နေ့မှာ သာသနာရေးဌာန ကြေညာချက် လိုင်းပေါ်မှာတွေ့တယ်။ အတုလားအစစ်လား ကျုပ်မဝေဖန်တတ်ဘူး.။ ဘာလို့လဲဆိုတော့ ကျုပ်တို့က အစစ်ပါလို့ပြောလို့ရှိရင် သူတို့က အတုပါဆိုပြီးတော့ ငြင်းလိုက်ရင် ကျုပ် ခံရဦးမှာလေ။
ဟုတ်ပြီ ၃၀ ရက်နေ့ ကျုပ်ရှိတယ်ဗျ။ ကျုပ်ခင်ဗျားတို့နဲ့ အတူရှိတယ်ဗျ။ ကျုပ် ကာလာချိန်းထားလို့ ခင်ဗျားတို့က ကျုပ်ကို သတိမမူမိကြတာဗျ။ ခင်ဗျားတို့ရဲ့ အနားမှာပဲ။ ကျုပ်အကုန်မြင်နေရတယ်။ ၃၁ ရက်နေ့ကြမှ ကျုပ်ဆီ စာရောက်ပါတယ်။ အဲဒါလည်း မန္တလေးတိုင်းသာသနာရေးဌာနက ပို့တဲ့စာပါ။ ရန်ကုန်တိုင်း သံဃာ့နာယကပို့တဲ့စာက ၁ ရက်နေ့မှ ရောက်တာပါ။ သဟာယကို ရောက်တာပြောတာနော်။ အဲဒီစာထဲမှာ အကြောင်းမညီညွတ်လို့ မကျင်းပသေးဘူးဆိုတာ ပါတယ်။ ထပ်မံကျင်းပမယ့်ရက်ကို အချိန်မီအကြောင်းကြားပေးဦးမယ်လို့ ပါတယ်။ အဲတော့ ကျုပ်က ထပ်မံကျင်းပမည့်ရက်ကို စောင့်နေရုံပဲလေ။ ကျုပ်က ဘုရားသားတော် သာသနာ့ဝန်ထမ်းလေ ဓမ္မစက်ကိုပဲ အလေးအနက် ထားရမှာ။ ဓမ္မစက်ကို ဦးထိပ်ပန်ဆင်ရမှာမို့လား။ ဓမ္မစက်ကိုပဲ ဦးထိပ်ထားရမှာမို့လား။ အဲလို ဦးထိပ်ထားတဲ့ သာဓကလည်း ကျုပ် နှစ်မျိုးရှိတယ်လေ။
(ဆက်လက်ဖော်ပြပါမည်)