“ကမ္ဘာကျော်ဆရာတော်၏ သားသားမီးမီး အောင်စာရင်း”
ဆရာတော်ဦးဝီရသူတည်ထောင်အပ်သော မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၉ ဦး အောင်မြင်ပါသည်။ တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး ထွက်ပါသည်။
ေလောကအလင်းကို ၂၀၁၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် အောင်မြင်သူပေါင်း ၁၂၀ ဦး ရှိသွားပါပြီ။ ဆင်းရဲသူဆင်းရဲသားများ သူဌေးသားသမီးနှင့်မခြား အဆင့်မြင့်စွာ ပညာသင်ကြားခွင့်ရစေလို၍ တည်ထောင်ထားခြင်း ဖြစ်ပါသည်။
ထို့အတူပင် မန်းမဟော်သဓာပညာရေးအစိတ်အပိုင်းတစ်ခုဖြစ်သော ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း ၃ ဦး အောင်မြင်ပါသည်။
ပထမနှစ်လည်းဖြစ် သခြေခံလည်းမပါကြသောကြောင့် အများကြီး မျှော်လင့်မထားဖို့ ဆရာတော်ဦးဝီရသူက ကျူရှင်ဖွင့်လှစ်သည့်နေ့ အခမ်းအနားမှာပင် မိန့်တော်မူခဲ့ဖူးပါသည်။
မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦး အောင်မြင်ပါသည်။ နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦး ထွက်ပါသည်။ ၎င်းအနက် ဆယ်နှစ်ဖြေဆိုခဲ့ဖူးသူသည် Repeater တန်း ကျောင်းသူမကြီး ဒေါ်ခင်မိုးသက်က ဇီဝဗေဒတစ်ဘာသာဂုဏ်ဖူးဖြင့် အောင်မြင်ပါသည်။
စတင်တည်ထောင်ခါစဖြစ်၍ အခြေခံမပါကြခြင်း၊ ဆရာ ဆရာမများ အတွေ့အကြုံနည်းပါးခြင်းနှင့် အခြားလိုအပ်ချက်အနည်းငယ်ကြောင့် ၁၂ ဦးသာ အောင်မြင်ခြင်းဖြစ်ကြောင်း ယခုနှစ် ဆက်လက်ဖြေဆိုမည့်သူများ မြင့်မားနိုင်ကြောင်း သိရပါသည်။