သတင္း

အဂၢါဘိဓဇ စာအုပ္လွဴဒါန္းပြဲ

ဒုတိယဝါဆိ္ုလျပည့္ေက်ာ္ ၂ ရက္ (29.7.2018) ရက္ေန႔၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ အဂၢါဘိဓဇ ဆရာေတာ္ႀကီး ဘဒၵႏၲသိရိႏၵာဘိဝံသ လြန္ေတာ္မူျခင္း ၁၅ ႏွစ္ျပည့္ အမွတ္တရ အထူးထုတ္ မဂၢဇင္းစာအုပ္ႀကီးကို ဝါဆိုသံဃာေတာ္မ်ားအား ေက်ာင္းစဥ္အလုိက္ လွဴဒါန္းေနပံုေလးပါ။

ေက်ာင္းႀကီးလွ်င္ ႀကီးသလို သံဃာအေရအတြက္ မ်ားျပားလုိ႔ တြန္းလွည္းနဲ႔ သယ္ယူရတာလည္း ရွိပါတယ္။ ေက်ာင္းအေသးေလးမ်ားအတြက္ေတာ့ ေပြ႔ယူသယ္ေဆာင္သြားၾကပါတယ္။ စာေရးသူက ဝါဆိုသံဃာစာရင္းကိုင္ၿပီး တစ္ေက်ာင္းခ်င္းစီ အမည္တပ္ေခၚကာ စနစ္တက် ခြဲေဝေပးပါတယ္။

ေက်းဇူးရွင္ မစုိးရိမ္တုိက္သစ္ အဂၢါဘိဓဇဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူတာက ၂၀၀၃ ဧၿပီလ ၃၀ ရက္ေန႔ျဖစ္လုိ႔ ၁၅ ႏွစ္ျပည့္ ေက်းဇူးဂုဏ္ရည္ပူေဇာ္ပြဲက ၿပီးသြားခဲ့ေပမယ့္ ဝါဆိုသံဃာစာရင္း မၿငိမ္ေသးျခင္း၊ စာအုပ္အဖံုးျပင္ဆင္ဖံုးေနရျခင္းတုိ႔ေၾကာင့္ ဝါဆိုၿပီးမွပဲ လွဴဒါန္းႏိုင္တာပါ။

အဲဒီစာအုပ္ႀကီး အစအဆံုး ဖတ္ၿပီးသြားရင္ေတာ့ တစ္ခုမက အမ်ားႀကီးက်န္ခဲ့မွာပါ။ ၾကည္ညဳိစရာလည္းေကာင္း၊ လြမ္းစရာလည္းေကာင္း၊ မွတ္သားစရာလည္းေကာင္းတဲ့အေၾကာင္းအရာေတြ အမ်ားပါပါတယ္။

“အဂ္ဂါဘိဓဇ စာအုပ်လှူဒါန်းပွဲ”

ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (29.7.2018) ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ လွန်တော်မူခြင်း ၁၅ နှစ်ပြည့် အမှတ်တရ အထူးထုတ် မဂ္ဂဇင်းစာအုပ်ကြီးကို ဝါဆိုသံဃာတော်များအား ကျောင်းစဉ်အလိုက် လှူဒါန်းနေပုံလေးပါ။

ကျောင်းကြီးလျှင် ကြီးသလို သံဃာအရေအတွက် များပြားလို့ တွန်းလှည်းနဲ့ သယ်ယူရတာလည်း ရှိပါတယ်။ ကျောင်းအသေးလေးများအတွက်တော့ ပွေ့ယူသယ်ဆောင်သွားကြပါတယ်။ စာရေးသူက ဝါဆိုသံဃာစာရင်းကိုင်ပြီး တစ်ကျောင်းချင်းစီ အမည်တပ်ခေါ်ကာ စနစ်တကျ ခွဲဝေပေးပါတယ်။

ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ကြီး ပျံလွန်တော်မူတာက ၂၀၀၃ ဧပြီလ ၃၀ ရက်နေ့ဖြစ်လို့ ၁၅ နှစ်ပြည့် ကျေးဇူးဂုဏ်ရည်ပူဇော်ပွဲက ပြီးသွားခဲ့ပေမယ့် ဝါဆိုသံဃာစာရင်း မငြိမ်သေးခြင်း၊ စာအုပ်အဖုံးပြင်ဆင်ဖုံးနေရခြင်းတို့ကြောင့် ဝါဆိုပြီးမှပဲ လှူဒါန်းနိုင်တာပါ။

အဲဒီစာအုပ်ကြီး အစအဆုံး ဖတ်ပြီးသွားရင်တော့ တစ်ခုမက အများကြီးကျန်ခဲ့မှာပါ။ ကြည်ညိုစရာလည်းကောင်း၊ လွမ်းစရာလည်းကောင်း၊ မှတ်သားစရာလည်းကောင်းတဲ့အကြောင်းအရာတွေ အများပါပါတယ်။