Daily Archives: August 21, 2018

သတင်း

ကျောက်ချောရွာ ကျူရှင်ကျောင်း မိဘဆရာများအသင်း ဖွဲ့စည်း

ဝါခေါင်လဆန်း ၈ ရက် (19.8.2018) ရက်နေ့၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းစောင့်ရှောက်ရေးအဖွဲ့အဖြစ် မိဘဆရာများအသင်း ဖွဲ့စည်းပါတယ်။ မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ ကျောင်းသားမိဘများ ရပ်မိရပ်ဖများ မန်း မဟော်သဓာ ပညာရေးကော်မတီဝင်များ တက်ရောက်ကြပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဆယ်အိမ်ခေါင်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ ကျောင်းသားမိဘများကိုလည်းကောင်း၊ ရပ်မိရပ်ဖများကိုလည်းကောင်း ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မိဘဆရာများကို ဥက္ကဋ္ဌအဖြစ် ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့် (လက်ထောက်ပညာရေးမှူး-ငြိမ်း) အတွင်းရေးမှူးအဖြစ် ဘောဂဗေဒပြ ဆရာဦးအေးမြင့်နိုင်တို့ကို ရွေးချယ်တင်မြှောက်ကာ နာယကအဖြစ် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၃

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ်၊ အရှင်ဉာဏိက (B.A Thailand M.C.U Thailand) မှ အလှူငွေ ၂၀၀၀၀ိ (နှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (17.8.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...
သတင်း

အဂ္ဂါဘိဓဇ စာအုပ်လှူဒါန်းပွဲ

ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (29.7.2018) ရက်နေ့၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ လွန်တော်မူခြင်း ၁၅ နှစ်ပြည့် အမှတ်တရ အထူးထုတ် မဂ္ဂဇင်းစာအုပ်ကြီးကို ဝါဆိုသံဃာတော်များအား ကျောင်းစဉ်အလိုက် လှူဒါန်းနေပုံလေးပါ။ ကျောင်းကြီးလျှင် ကြီးသလို သံဃာအရေအတွက် များပြားလို့ တွန်းလှည်းနဲ့ သယ်ယူရတာလည်း ရှိပါတယ်။ ကျောင်းအသေးလေးများအတွက်တော့ ပွေ့ယူသယ်ဆောင်သွားကြပါတယ်။ စာရေးသူက ဝါဆိုသံဃာစာရင်းကိုင်ပြီး တစ်ကျောင်းချင်းစီ အမည်တပ်ခေါ်ကာ စနစ်တကျ ခွဲဝေပေးပါတယ်။ ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ကြီး ပျံလွန်တော်မူတာက ၂၀၀၃ ဧပြီလ ၃၀ ...
သတင်း

ငွေတွင်း မဘသ သြဝါဒခံယူပွဲ

ဝါခေါင်လဆန်း ၈ ရက် (19.8.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ဗုဒ္ဓဂုဏာရာမငွေတွင်းကျောင်းတိုက်မှာ ကျင်းပပါတယ်။ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာ၊ ငွေတွင်း မ-ဘ-သ အဖွဲ့သားများ လာရောက်သြဝါဒခံယူကြတာပါ။ ငွေတွင်း မ-ဘ-သ ဥက္ကဋ္ဌဆရာတော်လေး ဦးအဂ္ဂသီရိကျောင်းမှာ ကျင်းပခြင်းဖြစ်ပါတယ်။ လာမည့် ဝါခေါင်လပြည့် (နိုင်ငံတော်ဘာသာနေ့)အထိမ်းအမှတ်အဖြစ် ငွေတွင်းရွာမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနိုင်ရေးအတွက် အကြိုသြဝါဒခံယူခြင်းဖြစ်ပါတယ်။ ငွေတွင်း မ-ဘ-သ အဖွဲ့က မန္တလေးဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပတာ နှစ်ကြိမ်ရှိခဲ့ပါပြီ။ အခု တတိယအကြိမ်မြောက်မှာ ငွေတွင်းရွာမှာ ကျင်းပဖို့စီစဉ်ခြင်းဖြစ်ပါတယ်။ စာရေးသူတည်ထောင်တဲ့ ပါရမီပျိုးခင်း သွေးလှူအသင်း (၂၁)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲပါ။ ၎င်းပွဲမှာ ...