မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ပညာေရးအကယ္ဒမီေက်ာင္း ေရခဲမုန္႔အလွဴေတာ္

ဒုတိယဝါဆိုလဆုတ္ ၁၅ ရက္ (11.8.2018)ရက္ေန႔၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထုိးေတာ္ႀကီးအနီး၊ ဓမၼေစတီေက်ာင္းတုိက္၊ ပညာေရးအကယ္ဒမီေက်ာင္းမွာ ေကၽြးေမြးပါတယ္။

ဆရာ ဆရာမမ်ား ေက်ာင္းသူေက်ာင္းသားမ်ားအား ေရခဲမုန္႔ေကၽြးတာပါ။ ဆရာေတာ္မ်ားအား နဝကမၼဝတၳဳေငြ တစ္ေသာင္းက်ပ္စီ လွဴဒါန္းပါတယ္။ အလွဴရွင္ကေတာ့ ေမာ္လၿမဳိင္ၿမဳိ႕၊ ေဒၚေအးေအးသိန္း ေဒၚျမျမဝင္း ညီအစ္မ (ယြန္းဝတီေရႊဆိုင္)မိသားစု ျဖစ္ပါတယ္။

ယြန္းဝတီေရႊဆုိင္မိသားစုဟာ ပညာေရးအကယ္ဒမီေက်ာင္းမွာ ထမင္းစား စားပြဲခံုရွည္ ၂၅ လံုး+ ပလပ္စတစ္အထူ စားပြဲခင္းမ်ားလည္း လွဴဒါန္းထားပါတယ္။ (အခု ဓာတ္ပုံထဲမွာ ပါတဲ့ စာပြဲခုံရွည္ေတြဟာ ယြန္းဝတီေရႊဆုိင္မိသားစု လွဴဒါန္းထားတဲ့ ခံုႀကီးေတြျဖစ္ပါတယ္။)

ဘုရားဖူးရင္း ကုသုိလ္ျပဳရင္း ေရခဲမုန္႔ေကၽြးရင္း ကေလးမ်ားအား စာေရးသူေဟာၾကားတဲ့ ရတနာသံုးပါး တရား နာၾကားၾကပါတယ္။ ပညာေရးအကယ္ဒမီေက်ာင္း သားသားမီးမီးမ်ားအား ဘုရားမေမ့ဖို႔၊ တရားမမဲ့ဖို႔၊ သံဃာမျပစ္မွားဖုိ႔ (သံဃာပစ္မထားဖို႔) ေဟာၾကားကာ နေမာတႆ အၿမဲတန္းရြတ္ဆိုဖို႔ တုိက္တြန္းခဲ့ပါတယ္။

“ပညာရေးအကယ်ဒမီကျောင်း ရေခဲမုန့်အလှူတော်”

ဒုတိယဝါဆိုလဆုတ် ၁၅ ရက် (11.8.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျွေးမွေးပါတယ်။

ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများအား ရေခဲမုန့်ကျွေးတာပါ။ ဆရာတော်များအား နဝကမ္မဝတ္ထုငွေ တစ်သောင်းကျပ်စီ လှူဒါန်းပါတယ်။ အလှူရှင်ကတော့ မော်လမြိုင်မြို့၊ ဒေါ်အေးအေးသိန်း ဒေါ်မြမြဝင်း ညီအစ်မ (ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။

ယွန်းဝတီရွှေဆိုင်မိသားစုဟာ ပညာရေးအကယ်ဒမီကျောင်းမှာ ထမင်းစား စားပွဲခုံရှည် ၂၅ လုံး+ ပလပ်စတစ်အထူ စားပွဲခင်းများလည်း လှူဒါန်းထားပါတယ်။ (အခု ဓာတ်ပုံထဲမှာ ပါတဲ့ စာပွဲခုံရှည်တွေဟာ ယွန်းဝတီရွှေဆိုင်မိသားစု လှူဒါန်းထားတဲ့ ခုံကြီးတွေဖြစ်ပါတယ်။)

ဘုရားဖူးရင်း ကုသိုလ်ပြုရင်း ရေခဲမုန့်ကျွေးရင်း ကလေးများအား စာရေးသူဟောကြားတဲ့ ရတနာသုံးပါး တရား နာကြားကြပါတယ်။ ပညာရေးအကယ်ဒမီကျောင်း သားသားမီးမီးများအား ဘုရားမမေ့ဖို့၊ တရားမမဲ့ဖို့၊ သံဃာမပြစ်မှားဖို့ (သံဃာပစ်မထားဖို့) ဟောကြားကာ နမောတဿ အမြဲတန်းရွတ်ဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။