မန်းမဟော်သဓာသတင်း





“မန်းမဟော် ပညာဒါနကျူရှင်ကျောင်း ရေခဲမုန့်အလှူတော်”

ဝါခေါင်လဆန်း ၂ ရက် (13.8.2018)ရက်နေ့၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်းမှာ ကျွေးမွေးပါတယ်။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း ဆရာ ဆရာမများ၊ ၉-၁၀ တန်း ကျောင်းသားကျောင်းသူများအား ရေခဲမုန့် ကျွေးမွေးတာပါ။

အလှူရှင်ကတော့ မိုးကုတ်ရိပ်သာမှ သဒ္ဓမ္မဝံသ အရှင်ကောသလ္လ (ဘိက္ခုကောသလ္လ)နှင့် ဒကာ ဒကာမများ ဖြစ်ပါတယ်။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းကို မန်း မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီက ဦးစီးတည်ထောင်ထားတာပါ။

အလှူရင် အရှင်ကောသလ္လနှင့် ဒကာ ဒကာမ မိသားစု ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။