



“ပညာရေးအကယ်ဒမီကျောင်း ဟောပြောပွဲ”

ဝါခေါင်လဆန်း ၉ ရက် (20.8.2018)ရက်နေ့၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ ဘက်စုံပညာထူးချွန်ဆုများနှင့် စာပေဆုများရှင် ဆရာဦးအောင်ကျော်ဆန်းက သားအတွက် ဓားတစ်လက် သမီးအတွက် ထီးတစ်လက် ခေါင်းစဉ်ဖြင့် ဟောပြောပါတယ်။

ပညာရေးအကယ်ဒမီ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်နားထောင်ကြပါတယ်။ ဆရာကြီး မေးတဲ့မေးခွန်းကို ဖြေနိုင်တဲ့ ကလေးတွေကို ဆုငွေ တစ်သောင်းကျပ် ဆုချပါတယ်။ 

အဟောအပြောကောင်းပြီး စေတနာအပြည့်ပါလို့ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများက လေးစားတမှုနဲ့ ဦးချကန်တော့ကြပါတယ်။ တဝါးဝါးတဟားဟားနဲ့ အားလုံးပွဲကျခဲ့တဲ့ ဟောပြောပုံလေးပါ။