သတင်းလောကအလင်းပညာဒါနကျောင်း
“လောကအလင်း မိဘများအစည်းအဝေး”
ဝါခေါင်လဆန်း ၃ ရက် (29.8.2018 ရက်နေ့၊ ညနေ ၆း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
ညဂိုက်တန်း စတင်ဖွင့်လှစ်တော့မှာမို့ ညဂိုက်တန်းတက်မည့် ကျောင်းသူကျောင်းသားများ၏ မိဘများကို ခေါ်ယူအသိပေးတာပါ။
အကြိုအပို့အစီအစဉ်တာဝန်ယူကြဖို့နှင့် သားသမီးများရဲ့ ပညာရေးကို အလေးထားဖို့ မှာကြားတာပဲဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာတော်လေးများဖြစ်ကြတဲ့ ဦးသုမန၊ ဦးဝေပုလ္လတို့ ဦးဆောင်ပြုလုပ်တာပါ။ ညဂိုက်တန်းတက်ခွင့်ရသည့် ကျောင်းသူကျောင်းသားများ ၇၀ ဦး ရှိပါတယ်။
Repeater တန်းက ၅၀၊ Fresher တန်းက ၂၀ ပါ။
စာမေးပွဲအောင်စာရင်းထွက်တဲ့အခါ ညဂိုက်တန်းတက်ခွင့်ရတဲ့သူူတွေက အောင်တာများပါတယ်။ ပြီးခဲ့တဲ့နှစ်က Fresher တန်း ၂ ယောက်ပဲ အောင်ပါတယ်။ ဒီနှစ်တော့ Fresher တန်း အောင်ချက်ကောင်းအောင် ဆရာ ဆရာမများ အထူးဂရုစိုက်ပေးနေကြပါတယ်။
လောကအလင်းကျူရှင်ကျောင်းမှာ ကျောင်းသူကျောင်းသား ၁၄၀ ကျော်ရှိပြီး ဆရာ ဆရာမ ၂၀ ကျော်ရှိပါတယ်။ 1.9.2018 နေ့မှစပြီး ညဂိုက်တန်း ဖွင့်လှစ်ပါတော့မယ်။