သတင်းလောကအလင်းပညာဒါနကျောင်း
“လောကအလင်းရှင်များ ဆွေးနွေးပွဲ (၂)”
ဝါခေါင်လဆန်း ၁၁ ရက် (22.8.2018)ရက်နေ့၊ မန္တလေးမြို့၊ ချမ်းမြသားစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။
ညဂိုက်တန်းဖွင့်လှစ်ဖို့အတွက် ဆွေးနွေးကြတာပါ။
Repeater တန်း (၅၀)၊ Fresher တန်း (၂၀)၊ စုစုပေါင်း (၇၀)ဦးကို စတင်သင်ကြားပေးသွားမှာပါ။ 1.9.2018 ရက်နေ့ စပါမယ်။ မတိုင်ခင် မိဘများကိုခေါ်ယူကာ အကြိုအပို့စီစဉ်ပေးကြဖို့ တိုက်တွန်းပေးသွားပါမယ်။ ညဂိုက်တန်းတက်ခွင့်ရသူအားလုံးဟာ လေ့ကျင့်ခန်းစာမေးပွဲ အောင်မြင်သူများ၊ အမှတ်မီသူများ ဖြစ်ပါတယ်။
သီတင်းကျွတ်လျှင် စာမေးပွဲထပ်မံကျင်းပပြီး အမှတ်နည်းသူများကို ညဂိုက်တန်းမှ ပြန်ဆင်းခိုင်းကာ ညဂိုက်တန်းမတက်ရသေးသော်လည်း အမှတ်မီသူများကို ညဂိုက်တန်းပြန်လည်တက်ခွင့်ပေးမှာဖြစ်ပါတယ်။ အဓိကကတော့ Fresher တန်းရော Repeater တန်းပါ အောင်ချက်ကောင်းဖို့ပါပဲ။