နဂါးနီစုဘူးသတင္း

နဂါးနီစုဘူးအသင္း က်န္းမာေရးေထာက္ပံ့မႈ

ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာတာ္ ဘဒၵႏၲဝိစိတၱာဘိဝံ-0ီ၇သူ(မစိုးရိမ္) တည္ေထာင္ေသာ နဂါးနီစုဘူးအသင္းမွ အသင္းဝင္မ်ားအား က်န္းမာေရးေထာက္ပံ့မႈေဖာင္ေတြ ျဖစ္ပါတယ္။

စတင္တည္ေထာင္တဲ့ ၂၀၁၃ ခုႏွစ္ကစၿပီး ယခုအခ်ိန္ထိ ေထာက္ပံ့ခဲ့တဲ့ က်န္းမာေရးေဖာင္ေတြျဖစ္ပါတယ္။ အစပုိင္းတုန္းက ေဖာင္မလုပ္ရတာေတြလည္း အမ်ားအျပားရွိပါတယ္။

ဖ်ားနာ၊ ဒဏ္ရာရ၊ မ်က္စိခြဲ၊ မီးဖြား စတဲ့ ေရာဂါတစ္ခုခုေၾကာင့္ ေဆးရုံတက္ရတဲ့ အသင္းဝင္လူနာေတြကို ေရာဂါအလိုက္ လိုအပ္သလို ေထာက္ပံ့ရတာပါ။ မီးဖြားလူနာေတြကိုေတာ့ ပုံမွန္ ၃၀,၀၀၀ိ (သံုးေသာင္းက်ပ္စီ) ေထာက္ပံ့ၿပီး လိုအပ္လာရင္ ထပ္မံေထာက္ပံ့ေပးပါတယ္။

ေသဆံုးသူေတြအတြက္ ၁၀၀,၀၀၀ိ (တစ္သိန္းက်ပ္စီ) ေထာက္ပံ့ပါတယ္။ က်န္းမာေရးေထာက္ပံ့ခဲ့တဲ့ဦးေရ – ၃၅၀ ဦးရွိၿပီး က်န္းမာေရးေထာက္ပံ့ေငြ – ၁၀,၆၀၇,၀၀၀ (တစ္ရာ့ ေျခာက္သိန္း ခုနစ္ေထာင္က်ပ္)ရွိပါၿပီ။

နဂါးနီစုဘူးအသင္း တည္ထာင္ရျခင္း ရည္ရြယ္ခ်က္

နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦး၀ီ၇သူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

ေငြေခ်းစနစ္

နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။

ဆရာေတာ္ဦးဝီ၇သူတည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိၿပီး ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။

ဝီ၇ေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”

အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။

ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။

ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။

ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။

ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။

အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။

ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။

လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။

(ဝီ၇သူ-မစုိးရိမ္)

“နဂါးနီစုဘူးအသင်း ကျန်းမာရေးထောက်ပံ့မှု”

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတာ် ဘဒ္ဒန္တဝိစိတ္တာဘိဝံ-0ီ၇သူ(မစိုးရိမ်) တည်ထောင်သော နဂါးနီစုဘူးအသင်းမှ အသင်းဝင်များအား ကျန်းမာရေးထောက်ပံ့မှုဖောင်တွေ ဖြစ်ပါတယ်။

စတင်တည်ထောင်တဲ့ ၂၀၁၃ ခုနှစ်ကစပြီး ယခုအချိန်ထိ ထောက်ပံ့ခဲ့တဲ့ ကျန်းမာရေးဖောင်တွေဖြစ်ပါတယ်။ အစပိုင်းတုန်းက ဖောင်မလုပ်ရတာတွေလည်း အများအပြားရှိပါတယ်။

ဖျားနာ၊ ဒဏ်ရာရ၊ မျက်စိခွဲ၊ မီးဖွား စတဲ့ ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ရတဲ့ အသင်းဝင်လူနာတွေကို ရောဂါအလိုက် လိုအပ်သလို ထောက်ပံ့ရတာပါ။

မီးဖွားလူနာတွေကိုတော့ ပုံမှန် ၃၀,၀၀ဝိ (သုံးသောင်းကျပ်စီ) ထောက်ပံ့ပြီး လိုအပ်လာရင် ထပ်မံထောက်ပံ့ပေးပါတယ်။ သေဆုံးသူတွေအတွက် ၁၀၀,၀၀ဝိ (တစ်သိန်းကျပ်စီ) ထောက်ပံ့ပါတယ်။

ကျန်းမာရေးထောက်ပံ့ခဲ့တဲ့ဦးရေ – ၃၅၀ ဦးရှိပြီး ကျန်းမာရေးထောက်ပံ့ငွေ – ၁၀,၆၀၇,၀၀၀ (တစ်ရာ့ ခြောက်သိန်း ခုနစ်ထောင်ကျပ်)ရှိပါပြီ။

နဂါးနီစုဘူးအသင်း တည်ထာင်ရခြင်း ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦးဝီ၇သူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။

ဆရာတော်ဦးဝီ၇သူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပြီး ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီ၇ခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီ၇သူ-မစိုးရိမ်)