သတင်း

ရှမ်းပြည်နယ်ခရီးစဉ်(၂)

5.4.2017 ညနေပိုင်းမှာ တောင်ကြီးမြို့ သီတဂူကျောင်းတိုက်သို့ ရောက်ရှိပါတယ်။  တောင်ကြီး မ.ဘ.သ တောင်ကြီးဝံသာနုနှင့် မျိုးချစ်ဇာနည်များ အားပေးကြိုဆိုကြပါတယ်။ တာင်ကြီးခရီးစဉ်ကတော့ တရားပွဲမဟုတ်ပါဘူး။ အပူဇော်ခံသက်သက်ပါ။

တရားပွဲ ငါးညမှာ ဓမ္မဝီရအရှင်တေဇနိယ(မ.ဘ.သ ဗဟို) က နှစ်ညဟောရမှာပါ။ ဓမ္မဝီရအရှင်တေဇနိယဟောကြားမည့် ပထမညမှာ ပူဇော်ပွဲစီစဉ်ထားတာပါ။ စာရေးသူအတွက်တော့ သီးသန့်ကြော်ငြာတွေ ဖြန့်ဝေထားပါတယ်။ လောကအလင်း ပညာဒါန ဆယ်တန်းသီးသန့်စာသင်ကျောင်း နဂါးနီစုဘူး မြန်မာလုပ်သားကယ်ဆယ်ရေး ရခိုင်ပြည်သူစောင့်ရှောက်ရေးအပါအဝင် အမျိုးဘာသာ သာသနာနှင့်ပတ်သက်တဲ့ ပရဟိတလုပ်ငန်းများ အတွက် မ.ဘ.သ ဝံသာနုနှင့် မျိုးချစ်ဇာနည်များက မ တည် လှူဒါန်းပါတယ်။

တရားနာပရိသတ်များကလည်း လှူဒါန်းကြပါတယ်။ စာရေးသူက ပလ္လင်ပေါ်ထိုင်ကာ အပူဇော်ခံရုံ သာဓုခေါ်ရုံပါပဲ။ သူငယ်ချင်းဖြစ်သူ အရှင်ပညာတိက္ခာလင်္ကာရာဘိဝံသ (တောင်ကြီး မ.ဘ.သ)က စာရေးသူကိုယ်စား တရားဟောပါတယ်။ အောင်ပန်းမြို့ အရိန္ဒမ မစိုးရိမ်ကျောင်းတိုက်ဆရာတော် အရှင်ဣန္ဓာစရိယက အခမ်းအနားမှူးပြုလုပ်ပါတယ်။

စာရေးသူက တရားလည်းမဟော ပလာစတာလည်းမကပ်ပဲ ထိုင်ရုံသာ ထိုင်နေပေမဲ့ ပရိသတ်ကတော့ ၀မ်းနည်းပူဆွေးခြင်းများစွာနဲ့ လှိုက်ဖိုငိုကြွေးနေကြပါတယ်။

တရားပွဲအတွက် ပွဲမိန့်လည်းခံစရာမလို၊ ပလာစတာလည်းကပ်စရာမလိုဘဲ အနှောက်အယှက်ကင်းကင်းနဲ့ ကျင်းပသွားနိုင်ခဲ့တဲ့ တောင်ကြီး မဘသ ကိုတော့ ဌာနဆိုင်ရာအားလုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါကြောင်း။