သတင်း

နမ့်မွန်းဈေးသူဈေးသားများ ဆွမ်းလောင်းပွဲ

ဝါခေါင်လဆန်း (၁၃)ရက် 5.8.2017 ရက်နေ့ မနက် 7:00 နာရီ မစိုးရိမ်တိုက်သစ် စာသင်သံဃာများကို ဆွမ်းနှင့်လှူဖွယ်များ လောင်းလှူဆက်ကပ်ပါတယ်။

မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသထံမှာ သီလယူတရားနာ အမျှဝေရေစက်ချကုသိုလ်ယူကြပါတယ်။ ၄င်းနောက် နာယကဆရာတော်များနှင့် စာချဆရာတော်များ ဓမ္မာစရိယဘွဲ့ရ သံဃာများအား ဆွမ်းကပ်လှူဒါန်း ပါတယ်။ ၄င်းနောက် စာရေးသူထံမှ သြဝါဒခံယူကြပါတယ်။

၎င်းနောက် ဓမ္မဋ္ဌာနကျောင်းနာယကဆရာတော် ဘဒ္ဒန္တသုဓမ္မာနန္ဒာဘိဝံသ ပူဇော်ကန်တော့ကြပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာ ဒေါ်အေးကြည်အမှူးပြုသော ဈေးသူ ဈေးသားများ၏ ကုသိုလ်ကောင်းမှုဖြစ်ပါတယ်။ သာသနာ့တက္ကသိုလ် အပါအဝင် ကျောင်းတိုက်ကြီးများကို လှည့်လည်ဆွမ်းကပ်နေတဲ့အဖွဲ့ပါ။

ဒေါ်အေးကြည် ဒေါ်ဝင်းငွေတို့ဟာ နမ့်မွန်းမဘသ အမာခံခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ နမ့်မွန်းမဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုန္ဒရအမှူးပြုပြီး လာရောက်ကုသိုလ်ယူကြတာပါ။ နမ့်မွန်းမဘသဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တသုန္ဒရအမှူးပြုသော ဒေါ်အေးကြည် ဒေါ်ဝင်းငွေနှင့် ပါရမီရှင် ကုသိုလ်ရှင်အားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။ (အရှုပ်တွေလုပ်နေ၍ အလုပ်တွေရှုပ်နေသောကြောင့် ယခုမှ သတိတရသတင်းတင်ဖြစ်ခြင်းဖြစ်ကြောင်း နမ့်မွန်းရွာမှ ရဲသုံးဖော်အား တောင်းပန်စကားပြောကြားလိုက်ပါတယ်။)