သတင်း

‘ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲကျင်းပ’

‘ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲကျင်းပ’
==========================

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ် ဓမ္မာနူဂ္ဂဟ စာမေးပွဲများ ပြန်လည်ကျင်းပနေပြီ ဖြစ်သည်။

၁၃၈၄ ခု ၀ါဆိုလပြည့်ကျော် (၃)ရက် (15.7.2022) ရက်နေ့မှ စတင်ကာ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးနှင့် ဓမ္မရက္ခိတကျောင်းတို့၌ ကျင်းပခြင်း ဖြစ်သည်။

ကိုဗစ်ကာလ စာမေးပွဲများ ရပ်နားထားရာမှ ပထမဦးဆုံးအကြိမ် စတင်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကာ အငယ်ဆုံး ရှင်ကျင့်ဝတ်မှ အကြီးဆုါံ် စာသင်တန်း စာချတန်းအထိ စာသင်သား သံဃာတော်များဝင်ရောက် ဖြေဆိုရခြင်းဖြစ်သည်။

ဓမ္မာနူဂ္ဂဟ စာမေးပွဲများကို ပုံမှန်အားဖြင့် လေးလတစ်ကြိမ်ကျင်းပ လေ့ရှိပြီး တပေါင်းလတွင် ကျင်းပအပ်သော နောက်ဆုံးအကြိမ် အောင်မြင်သူများကို နိုင်ငံတော် စာမေးပွဲအောင်မြင်သူများနှင့် အတူ စုပေါင်းဆုပေးပွဲကျင်းပ လေ့ရှိသည်။

တိုက်တွင်း စာမေးပွဲသည် နိုင်ငံတော် စာမေးပွဲထက် ခတ်လေ့ရှိပြီး တိုက်တွင်းစာမေးပွဲ အောင်မြင်သူများသည် စာသင်သားအချင်းချင်း လေးစားကြည်ညိုမှုကို ခံယူရသူများ ဖြစ်ကြသည်။

ယခု စာမေးပွဲ၌ ကမ္ဘာကျော်ဆရာတော် အရှင်ဝီရသူသည် ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ဒုတိယထပ်မှာ တာဝန်ကျကြောင်း သိရသည်။