သတင်း

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”

“ မစိုးရိမ်တိုက်သစ် သံဃာတော်များ ၀ါဆိုပွဲ ”
=======================
ဒီကနေ့ ၀ါဆိုလပြည့်ကျော် (၁)ရက် (13.7.2022) ရက်နေ့၊ ညနေ ၄း၀၀ နာရီ မန္တလေးမြို့၊ မဟာမောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။

နာယကဆရာတော် (၂၅)ပါးနှင့် စာချစာသင် သံဃာတော်များကြွရောက်ကြပါတ ယ်။ သံဃာတော်များ ၀ါဆိုသည့်အခါ နာယကဆရာတော်များက ထေရ်စဉ်အလိုက် တစ်ပါးချင်း ၀ါဆိုပြီးမှ သံဃာတော်များစုပေါင်း၍ ၀ါဆိုကြခြင်း ဖြစ်ပါတယ်။

၁၃၈၄ (၂၀၂၂)ခုနှစ် ၀ါဆိုသံဃာ စာရင်းကတော့ ရဟန်းတော် (၁၅၄၆)ပါး၊ ရှင်သာမဏေ (၂၈၉)ပါး၊ စုစုပေါင်း-၁၈၃၅ပါး ဖြစ်ပါသည်။

ဟိုအရင်နှစ်တွေတုန်းက သုံးထောင်ကျော် အမြဲရှိသော်လည်း ကပ်ရောဂါကာလ ခြားသွားသဖြင့် (၁၈၃၅)ပါးပဲ ၀ါဆိုနိုင်ခြင်း ဖြစ်ပါတယ်။

ဝါမဆိုခင်နှင့် ၀ါဆိုအပြီးမှာ အလှူရှင် အသီးသီးက ၀ါဆိုပန်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို လောင်းလှူ ပူဇော်ကြပါတယ်။

၈၁၊ ၈၂၊ ၈၃ (၁၉၊ ၂၀၊ ၂၁) သုံးနှစ်လုံးလုံး မိခင်စာသင်တိုက်မှာ ၀ါမဆိုနိုင်ခဲ့သော အရှင်ဝီရသူလည်း ဒီနှစ် ၈၄၊ (၂၂)မှာ ပြန်လည် ၀ါဆိုနိုင်တာ တွေ့ရပါတယ်။