သတင်း

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ”

“ မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ ပညာရေးအလှူတော် ”

ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်ထားအပ်သော မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းတွင် လိုအပ်လျက်ရှိသော ကွန်ပျူတာ၊ ပရင်တာ နှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့နေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် (အမေ၀ိုင်း)မှ လှူဒါန်းနိုင်ခဲ့ပါသည်။

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီစာသင်ကျောင်းတွင် G-9. G-10. G-11 နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများ သုံးရာငါးဆယ်ကျော် ရှိပါသည်။

နေ့စဉ် ပညာရေး၊ လိမ္မာရေးနှင့် အပတ်စဉ် ဓမ္မဓကူးလ်သင်တန်းများ အင်္ဂလိပ်စကားပြောသင်တန်းများဖြင့် ဘက်စုံထူးချွန်အောင် သင်ကြားပြသဆိုဆုံးမလျက် ရှိပါသည်။
ဝါဆိုလပြည့် (12.7.2022)နေ့ထူးနေ့မြတ် အခါသမယ၌ ကွန်ပျူတာတစ်စုံ လှူဒါန်းသော ဒေါ်ခင်ဝိုင်းကြည် (အမေ၀ိုင်း) မိသားစုနှင့် အတူ ၀ိုင်းဝန်းကူညီဆောင်ရွက်ပံ့ပိုးပေးကြသော မျိုးချစ်မောင်နှမများအားလုံး ပညာပါရမီပြည့်ဝ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေသော်………၀်။

ဆက်သွယ်ရန်-—
ကျောင်းအုပ်ဆရာတော် 09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969