သတင်း

‘မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများ ပြန်လည်ဖွင့်လှစ်ခြင်း’

‘မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများ ပြန်လည်ဖွင့်လှစ်ခြင်း’
===============================

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ် ၀ါတွင်းစာဝါများကို ၁၃၈၄ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၉)ရက် (21.7.2022) ရက်နေ့၌ စတင်ပို့ချနေပြီ ဖြစ်သည်။

မစိုးရိမ်တိုက်သစ်၌ စာဝါများကို နွေကာလ၊ ၀ါတွင်းကာ၊ ၀ါပကာလ ဟူ၍ သုံးကြိမ်သုံးခါ ပို့ချလေ့ရှိရာ ယခုဖွင့်လှစ်လိုက်သော စာဝါများသည် ၀ါတွင်းကာလ စာဝါများဖြစ်ကြောင်းနှင့် နွေကာလ စာဝါများကို နွေအခါကျောင်းပြန်ဖွင့်သည့် ကဆုန်လ၌ ပို့ချလေ့ရှိပြီး၊ ၀ါပကာလစာဝါများကို သီတင်းကျွတ်ကာလ ကျောင်းပြန်ဖွင့်သည့်အခါမျိုး၌ ပို့ချလေ့ရှိကြောင်း သိရသည်။

မစိုးရိမ်တိုက်သစ် စာဝါများကို အတန်းအလိုက်ပို့ချလေ့ရှိပြီး (၁၅)ရက်တစ်ကြိမ် လေ့ကျင့်ခန်း စာမေးပွဲများ ကျင်းပကာ လေးလတစ်ကြိမ် စာမေးပွဲကြီးများ ကျင်းပလေ့ရှိကြောင်း သိရသည်။

နှစ်စဉ် နှစ်တိုင်း ၀ါတွင်းကာလ စာဝါများကို ၀ါဆိုလဆုတ် (၉)ရက်နေ့၌ ကျင်းပမြဲ
ဖြစ်သော်လည်း ကိုဗစ်ကာလ၌ စာဝါများ ရပ်နားထားရသဖြင့် ယခုနှစ်မှ ပြန်လည် ပို့ချနိုင်ကြောင်းနှင့် ကမ္ဘာကျော် ဆရာတော်ဟု အမျိုးများက ခေါ်ဝေါ်ရေးသားလေ့ရှိသော အရှင်ဝီရသူသည် မစိုးရိမ်တိုက်သစ် နာယကဆရာတော် (၂၆)ပါးတွင် သတ္တမမြောက် ဆရာတော်ဖြစ်ကာ စာချတန်း အဋ္ဌသာလိနီ၊ စာသင်တန်း ဋီကာကျော်၊ အကြီးတန်း ပဋ္ဌာန်းစာဝါတို့ကို ပို့ချနေပြီဖြစ်ကြောင်း သတင်းရရှိသည်။