သတင်း

ရှမ်းပြည်ခရီးစဉ် (၁)

5.4.2017 မွန်းလွဲပိုင်းမှာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပါတယ်။ တာင်ကြီး မဘသ ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ၊ MR TV 4 ဆရာတော် အရှင်ကဉ္စနောဘာသ၊ ဓမ္မဝီရဆရတော် ဒေါက်တာအရှင်တေဇနိယ၊ အောင်ပန်း မစိုးရိမ်ဆရာတော် အရှင်အရိန္ဒမ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တောင်ကြီး ဝံသာနုရက္ခိတအဖွဲ့ နာယကကြီး ဦးထွန်းတင်နှင့် မျိုးချစ်ဇာနည်များ လာရောက်ကြိုဆိုကြပါတယ်။

လဆိပ်မှာ ခဏနားပြီး တောင်ကြီးသို့ ခရီးဆက်ခဲ့ပါတယ်။ တာင်ကြီးသူ တောင်ကြီးသား အောင်ပန်းသူအောင်ပန်းသား ကလောသူ ကလောသားတို့ ယာဉ်တန်းကြီးဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

ကြိုဆိုရေးပရိသတ်ကိုကြည့်ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ အမျိုးသားရေးစိတ်ဓာတ် နိုးကြားမှုကို လေးစားနေမိပါတယ်။
တောင်ကြီးခရီစဉ်ကတော့ တရားပွဲမပါပါဘူး။
အပူဇော်ခံသက်သက်ပါ။