Daily Archives: May 29, 2018

သတင်း

ကောလာဟလထုတ်ပြန်နေတဲ့ စကားတွေကို ယုံတဲ့လူက ကောလာဟလပြောတဲ့လူရဲ့ ခြေဖဝါးအောက်မှာပဲရှိမှာ

ရာထူးအပြောင်းအလဲသတင်းများနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံမေးမြန်းခြင်း အိမိုး (Dawei Watch) တနင်္သာရီတိုင်းဝန်ကြီးချုပ်ရာထူး အပြောင်းအလဲဖြစ်မည်ဟူ၍ ထွက်ပေါ်နေသည့်သတင်းများအနက် မေလလယ်က နောက်ဆုံးထွက်ပေါ်သည့် ဝန်ကြီးချုပ်ကို နေပြည်တော်တွင် စသုံးလုံးက ခေါ်စစ်နေသည်ဆိုသည့်သတင်းသည် တိုင်းအတွင်း လူထုအကြား အလှုပ်ခတ်ဆုံးဖြစ်ခဲ့သည်။ ယင်းသို့ သတင်းများလှုပ်ခတ်နေချိန်၌ နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေခြင်းသာဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထွက်ပေါ်မှုများနှင့်ပတ်သက်ပြီး မေ ၂၄ ရက်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဌာန ဧည့်ရိပ်သာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထုတ်ပြန်ကြေညာလိုက်တဲ့အခြေအနေ(သတင်းများနှင့်ပတ်သက်၍)မှာ ဝန်ကြီးချုပ်အနေနဲ့ ဘာများပြောချင်ပါသလဲရှင့်။ ကျွန်မကတော့ ...