သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၆)

16.10.2017 ရက်နေ့ မနက်ပိုင်းမှာ ကျီးကန်းပြင်ဌာနချုပ်မှ ပြန်လာပြီး မောင်တောမြို့နယ် လေးမိုင်ရပ်ကွက်သို့ ရောက်ရှိခဲ့ပါတယ်။ လေးမိုင်ရပ်ကွက် အထက(၂)မှာ ဒုက္ခသည်စခန်း ဖွင့်ထားပါတယ်။ လူဦးရေကတော့ များများစားစားမရှိတော့ပါဘူး။
အိမ်ထောင်စု ၃၇ စုပဲ ကျန်ပါတော့တယ်။

အားလုံးဟာ ဒိုင်းနက်လူမျိုးနှင့် သက်လူမျိုးတွေဖြစ်ကြပါတယ်။ အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်စီ=၇၄၀၀၀၀ကျပ်နှင့် အဝတ်အထည် ငါးရာ လှူဒါန်းခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လေးဦးအား ငါးသောင်းကျပ်စီ=၂၀၀၀၀၀ကျပ် လှူဒါန်းခဲ့သလို ကလေးများအား အအေးဗူး သကြားလုံးတွေ ဝေငှပေးခဲ့ပါတယ်။ အထက(၂)မှာပဲ ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေနေတာတွေ့ရလို့ အအေးနှင့် မုန့်များ ဝင်ရောက် လှူဒါန်းခဲ့ပါသေးတယ်။

ပြည်တွင်းပြည်ပမှ လှူဒါန်းကြကုန်သော အလှူရှင်အသီးသီးရဲ့ အလှူငွေနှင့်လှူဖွယ်တွေကို မန်း မဘသ အဖွဲ့က ရခိုင်ပြည်အထိလာရောက်ပြီး ပြည်သူများလက်ထဲသို့ အပြည့်အဝရောက်ရှိအောင် အပ်နှံလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အလှူရှင်များနှင့်အတူ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။