သတင်း

မြဝတီနှင့် ဆဗ္ဗဂ္ဂီတစ်သိုက် သိစေရန်

သီတဂူဆရာတော်ကြီး၏ ဒုဋ္ဌဂါမဏိတရားတော်နှင့်ပတ်သက်ပြီး တစ်ဖက်သက်ရပ်တည်ကာ ဆရာတော်ကြီးကို ပြစ်မှားစော်ကားနေတဲ့ မြဝတီတဏှာရူးကြီးနှင့် ထမီခြုံဆဗ္ဗဂ္ဂီများ သိစေရန် မဟာဝံသလာ သီဟိုဠ်ရဟန္တာတို့၏ အဆုံးအဖြတ်သည် ထေရဝါဒပိဋကတ်တော်နှင့် အညီဖြစ်ကြောင်း ကျမ်းဂန်သာဓက ကိုးကားပြပါမယ်။

ပါဏာတိပါတနှင့်ပတ်သက်တဲ့ အပ္ပသာဝဇ္ဇ(အပြစ်သေး)၊ မဟာသာဝဇ္ဇ(အပြစ်ကြီး)အဆုံးအဖြတ်ကို ဂုဏ်ကျေးဇူးနှင့် တိုင်းတာရပါတယ်။

ဂုဏ်ကျေးဇူးမရှိသော တိရစ္ဆာန်များဆိုလျှင် အပြစ်မကြီးပါ။ ဂုဏ်ကျေးဇူးရှိသော လူ ရဟန်း အရိယာ စသည်တို့ဆိုလျှင် အပြစ်ကြီးပါသည်။

ဂုဏ်ဆိုသည်မှာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကို ဆိုလိုပါသည်။ တိရစ္ဆာန်တို့မှာ ထိုသို့သောဂုဏ်များမရှိသောကြောင့် တိရစ္ဆာန်တို့ကိုသတ်လျှင် လူသတ်သလောက် အပြစ်မကြီးပါ။ လူတွေမှာ ထိုဂုဏ်များရှိသောကြောင့် လူသတ်လျှင် တိရစ္ဆာန်ကိုသတ်သည်ထက် အပြစ်ကြီးပါသည်။

လူသတ်ရာမှာလည်း အသတ်ခံရသူမှာ သီလဂုဏ် နည်းလျှင် နည်းသည့်အလျောက် အပြစ်နည်းပြီး သီလဂုဏ် ကြီးမားလျှင် ကြီးမားသည့်အလျောက် အပြစ်ကြီးပါသည်။

ထို့အတူ မိဘ ဆရာ စသည်တို့မှာ ကျေးဇူးကြီးမားသောကြောင့် ထိုကျေးဇူးရှင်တို့ကို သတ်မိလျှင် အပြစ်ကြီးပြီး မိဘဆရာမဟုတ်သော သာမန်လူတို့ကို သတ်မိလျှင် မိဘဆရာကို သတ်မိသလောက် အပြစ်မကြီးပါ။

သီဟိုဠ်ရဟန္တာတို့သည် ဤပိဋကတ်တော်နှင့်အညီ ဒုဋ္ဌဂါမဏိမင်းကြီးကို နှစ်သိမ့်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မင်းကြီးသတ်ခဲ့သော သူများတွင် သရဏဂုံနှင့် ငါးပါးသီလတည်သူ တစ်ယောက်သာပါသည်။ ထိုတစ်ယောက်ကိုသာ လူသားအဖြစ် အသိအမှတ်ပြုသည်။ ထိုတစ်ယောက်သာ ဂုဏ်ရှိသည်။ ထိုတစ်ယောက်သာ လူသားစာရင်းဝင်သည်။ ထိုတစ်ယောက်အတွက် အပြစ်ရှိသည်ဟု ဆိုလိုပါသည်။

နောက်တစ်ယောက်ကား သရဏဂုံသုံးပါးသာ တည်သည်။ ငါးပါးသီလမတည်။ ထို့ကြောင့် သီလဂုဏ်မရှိ လူမပီသ၊ ၄င်းကို လူတစ်ပိုင်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ၄င်းကိုသတ်မိခြင်းသည် သရဏဂုံနှင့် ငါးပါးသီလတည်သူကို သတ်မိသလောက် အပြစ်မကြီးပါ။

ကျန်သောသူများမှာ သရဏဂုံလည်းမတည်၊ ငါးပါးသီလလည်းမတည်၊ ဘာသာ သာသနာကို ဖျက်ဆီးနေသည့် လူသတ်သမားများ လူဆိုးများ လူယုတ်မာများ လူမိုက်များ လူ့အန္ဓများ ဖြစ်သောကြောင့် ဘာဂုဏ်မျှ မရှိပါ။
၎င်းကို လူစာရင်းမသွင်းပါ။ တိရစ္ဆာန်စာရင်းသာ သွင်းလို့ရပါသည်။ ဒါကြောင့် သူတို့တတွေကိုသတ်တာ လူတစ်ယောက်ကိုသတ်သလောက် အပြစ်မကြီးပါဟု ဆိုလိုပါသည်။

သော ဂုဏဝိရဟိတေသု တိရစ္ဆာနဂတာဒီသု ပါဏေသု ခုဒ္ဒကေ ပါဏေ အပ္ပသာဝဇ္ဇော၊ မဟာသရီရေ မဟာသာဝဇ္ဇော၊ ကသ္မာ ပယောဂမဟန္တတာယ။ ပယောဂသမတ္တေပိ ဝတ္ထုမဟန္တတာယ။

ဂုဏဝန္တေသု မနုဿာဒီသု အပ္ပဂုဏေ ပါဏေ အပ္ပသာဝဇ္ဇော၊ မဟာဂုဏေ မဟာသာဝဇ္ဇော။

သရီရဂုဏာနံ ပန သမဘာဝေ သတိ ကိလေသာနံ ဥပက္ကမာနဉ္စ မုဒုတာယ အပ္ပသာဝဇ္ဇော။

တိဗ္ဗတာယ မဟာသာဝဇ္ဇောတိ ဝေဒိတဗ္ဗံ။

(ဒီ၊ ဋ္ဌ၊ ၁။ ၆၈-၆၉)

ထို့အတူ တရားနာ ပရိသတ်အားလျော်စွာ တရားဓမ္မများကို ဟောကြားခြင်းသည် ထိရောက်သော အကျိုးကို ရရှိစေပါသည်။
မင်္ဂလာဆွမ်းကပ်မှာ တဏာက္ခယ(တဏှာကုန်ရာနိဗ္ဗာန်)တရား ဟောကြားလျှင် မထိရောက်ပါ။

တံငါရွာမှာ ပါဏာတိပါတာ ဝေရာမဏိ(သီလဂုဏ်ကျေးဇူး)တရား ဟောကြားလျှင် အဇ္ဈာသယ(အလိုဆန္ဒ)နှင့် မညီပါ။
ကျောင်းသူကျောင်းသားတွေကို လင်ကျင့်ဝတ် မယားကျင့်ဝတ် ဟောကြားလျှင် အားပေးအားမြှောက် ပြုရာရောက်ပါသည်။

အဖိုးအဖွားများကို သားသမီးကျင့်ဝတ် ဟောကြားလျှင် မထူးခြားနိုင်ပါ။ စစ်သူကြီးကို စစ်သူကြီးနှင့်ထိုက်တန်သည့်တရား ဟောကြားရပါသည်။ စစ်သားကို စစ်သားနှင့်ထိုက်တန်သည့်တရား ဟောကြားရပါသည်။ ထို့အတူ အချိန်ကာလဆိုတာလည်း ရှိပါသည်။

မြန်မာ့တပ်မတော်မှာ ဒုဋ္ဌဂါမဏိမင်းကဲ့သို့ သံသယ ကုက္ကုစ္စများ ရှိကောင်း ရှိနိုင်ပါသည်။ ဤသည်ကို ရည်ရွယ်၍ ဟောကြားခြင်းလည်း ဖြစ်နိုင်ပါသည်။

ဆရာတော်သံဃာတော်များသည် ဗုဒ္ဓဘာသာဝင်များကို ဘုရားတရားတော်နှင့်အညီ အားပေးနှစ်သိမ့်၍ သက်သာရာရအောင် ဆောင်ရွက်ခွင့် ရှိပါသည်။ ဆောင်ရွက်ရမည့် တာဝန်လည်း ရှိပါသည်။

ဤသို့သောအကြောင်းများကြောင့် မိမိပတ်ဝန်းကျင် မိမိအသိုင်းအဝိုင်းမှာသာ တစ်ဖက်သတ်ရပ်တည်ပြီး နိုင်ငံရေးရည်ရွယ်ချက် တစ်ခုတည်းဖြင့် သီတဂူဆရာတော်ကြီးကို ပြစ်မှားစော်ကားနေကြသော မြဝတီ တဏှာရူးကြီးနှင့် ထမီခြုံဆဗ္ဗဂ္ဂီတစ်သိုက်ကို သီတဂူ ရဟန်းပျိုလေးများက ကန့်ကွက် ရှုတ်ချသည်မှာ လျော်ကန်သင့်မြတ်ပါသည်။

အမြင်မတူတာတစ်ခုတည်းနှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ သီလဂုဏ် သမာဓိဂုဏ်ကြီးမားသည့် ကျေးဇူးရှင် ဆရာတော်ကြီးများကို ပြစ်မှားမည်ဆိုလျှင် ထေရဝါဒသာသနာတော်မှ နှုတ်ထွက်လိုက်ပါ။

ထေရဝါဒသာသနာတော်မှာ နေမည်ဆိုလျှင်တော့ တဏှာရူးခြင်း၊ ထမီခြုံခြင်းတို့ကို ရှောင်ကြဉ်၍ ဘုရားသားတော်အချင်းချင်း အတွင်းမီးအပြင်မထုတ်ခြင်း၊ အပြင်မီးအတွင်းမသွင်းခြင်း စသည့်ကျင့်ဝတ်ကို လိုက်နာကာ စည်းလုံးညီညွတ်စွာ နေသင့်ပါကြောင်း အရူးဗုံမြှောက် ပေါက်တက်ကရ သူများမြှောက်ပေးတိုင်း ဟိုဟာတက်အောင်ကခြင်းဖြင့် နိုင်ငံ့အကျိုး သာသနာ့အကျိုး တစ်မျိုးသားလုံးအကျိုး စသည့်အကျိုးတရားများ ပျက်ပြားအောင် မလုပ်သင့်ပါကြောင်း ဒေတာတွေချပြ၍ အသေအချာ မြွက်ဟလိုက်ပါသည်။

ဝီရသူ(မစိုးရိမ်)
22.11.2017
PM 6:09