သတင်း

“မျက်စိနီခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိနီခြင်းနှင့် ရွှေမျက်စဉ်း”
======================
ရွှေမျက်စဉ်းသည် မျက်စိနီခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။
ရန်ကုန် ရွှေပြည်သာမြို့နယ်နေ ကိုစိုးဝင်းသည် ဦးခေါင်းရေလောင်းချိုးသည့်အခါတိုင်း မျက်စိများ နီနေတတ်ပါသည်။ အကြောင်းမသိသူများက ၎င်းကို အရက်သမားဟု ထင်နေကြပါသည်။ အရက်သောက်လျှင် မျက်စိနီတတ်သောကြောင့် ဖြစ်ပါသည်။ အမှန်မှာ ကိုစိုးဝင်းသည် ခြံလုပ်သားတစ်ဦးဖြစ်ပြီး အရက် လုံးဝမသောက်ပါ။ သွေးလေမညီညွတ်၍သာ မျက်စိနီနေခြင်း ဖြစ်ပါသည်။

ကိုစိုးဝင်းသည် ရွှေမျက်စဉ်းခတ်ကြည့်ရာ ဒုတိယနေ့တွင် အနီဖျော့သွားခြင်း၊ တတိယနေ့တွင် အဝါရောင်သန်းလာခြင်း၊ စတုတ္ထနေ့တွင် အဝါဖျော့သွားခြင်း အဆင့်ဆင့်ကို တွေ့ရှိရပြီး ပဉ္စမနေ့မှစ၍ ယခုအချိန်ထိ လုံးဝမနီတော့ပါပေ။ ဦးခေါင်းရေလောင်းချိုးသော်လည်း လုံးဝမနီတော့ခြင်း ဖြစ်ပါသည်။

ထို့အတူ ကလေးငယ်များ ဂိမ်းကစားရာမှ မျက်စိနီခြင်းရောဂါများ ရလေ့ရှိတတ်ပါသည်။ ထိုရောဂါများကိုလည်း သက်သာပျောက်ကင်းစေပါသည်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ပနံကျေးရွားနေ ကိုအောင်ထိုက်၏ သားဖြစ်သူ ဆယ်နှစ်သားအရွယ် ကလေးငယ်သည် ဂိမ်းကစားရာမှ မျက်စိနီကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်လာပါသည်။ ဆေးခန်း ဆေးရုံ စုံလင်သော်လည်း ထူးမလာပါ။ ရွှေမျက်စဉ်းပေးခတ်ရာ အရောင်ဖျော့သွားပြီး ပုတ်ခတ်ပုခတ် လုံးဝမဖြစ်တော့ပါ။ ၎င်းစကားနှင့်ပြောရလျှင် “အခုမှပဲ ဆေးတွေ့တော့တယ်”ဟု ဆိုပါသည်။ ၎င်းသည် တစ်နေ့တစ်ကြိမ်သာ ခတ်ပေးခြင်းဖြစ်ပါသည်။ အကြိမ်များစွာခတ်ပေးလျှင် လေးရက်အတွင်း၌ အလျှင်းပျောက်ကင်းနိုင်ပါသည်။

မွန်ပြည်နယ်၊ မုတ္တမမြို့၊ မြစေတီနန်းဦးစာသင်တိုက်မှ ကိုရင်တစ်ပါးသည် မျက်စိတစ်ဖက် နီရဲနေသဖြင့် ပဓာနနာယကဆရာတော်က ရွှေမျက်စဉ်းခတ်ပေးရာ လေးရက်နှင့် ပျောက်ကင်းသွားပါသည်။ တစ်ရက်လျှင် တစ်ကြိမ်သာ ခတ်ပေးခြင်း ဖြစ်ပါသည်။

ပျော်ဘွယ်မြို့နယ်၊ ကျောက်ချပ်ရွာနေ လယ်သမားတစ်ဦးသည် မျက်စိနီခြင်းရောဂါ ခံစားနေရပါသည်။ မျက်စိတစ်ဖက်တည်း နီနေခြင်းဖြစ်ပြီး မိတ္ထီလာသို့ ဆေးသွားကုနေရပါသည်။ ငွေကြေးအကုန်အကျများသော်လည်း မသက်သာပါ။ အိမ်မှာနေစဉ် ဝေဒနာမဆိုးဝါးသော်လည်း လယ်ထဲဆင်းသည့်အခါ မခံမရပ်နိုင်အောင် ခံရခက်ပါသည်။

တစ်နေ့သော် ရွှေမျက်စဉ်းလက်ဆောင်ရ၍ ခတ်ကြည့်ရာ ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းသွားခဲ့ပါသည်။ မိတ္ထီလာတက်၍ အပတ်စဉ် ဆေးကုစရိတ် နှစ်သောင်း သုံးသောင်းလည်း ကုန်စရာမလိုတော့ပါ။
ရွှေမျက်စဉ်းသည် မျက်စိနီခြင်းကို ပျောက်ကင်းစေသည်မှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။

သို့ဖြစ်၍ ရွှေမျက်စဉ်းသည် မျက်စိနီခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။