သတင်း

“မျက်စိအားနည်းခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိအားနည်းခြင်းနှင့် ရွှေမျက်စဉ်း”

ရွှေမျက်စဉ်း ပုံမှန်ခတ်သောအားဖြင့် မျက်မှန်ပါဝါလွတ်သွားသူများလည်း ရှိပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ အချုပ်ထောင်မှူးတစ်ဦးသည် အဝေးမှုံသဖြင့် မျက်မှန်တပ်ထားရ ပါသည်။ ရွှေမျက်စဉ်းခတ်ရာမှ ၂၀ စီစီ တစ်ဘူးအကုန်တွင် မျက်မှန်လွတ်သွားပါသည်။ အချုပ်သားများထံ စာရင်းအင်းများ လာပြသည့်အခါတိုင်း မျက်မှန်တပ်မလာတော့ပါ။
မျက်စဉ်းထပ်၍ အလှူခံသဖြင့် ၂၀စီစီ တစ်ဘူး လူကြုံဖြင့် လှူလိုက်ရာ နည်းသည်ဆို၍ ၆ဘူးပါကင်တစ်ထုပ် လှူလိုက်ရပါသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်တာဝန်ကျ အရာခံအဆင့် စားဖိုမှူးကြီးသည် မျက်စိအနီးအဝေး နှစ်ခုစလုံး မှုံလျက်ရှိ၏။ မျက်မှန်ကို ကြိုးတပ်ကာ လည်ပင်းအမြဲဆွဲထားရ၏။ စမတ်ဖုန်းမျက်နှာပြင်ကိုကြည့်လျှင် အနီးကြည့်မျက်မှန်တပ်ထားကာ အဝေးကြည့်မျက်မှန်ကို လည်ပင်း ဆွဲထား၏။ စာမကြည့်လျှင် အဝေးကြည့်မျက်မှန်တပ်ထားကာ အနီးကြည့်မျက်မှန်ကို လည်ပင်းဆွဲထား၏။

ရွှေမျက်စဉ်းခတ်ပြီး တစ်ပတ်ခန့်အတွင်းမှာပင် အဝေးကြည့်မျက်မှန် လွတ်သွားပေသည်။ ယခင်က TVကြည့်လျှင် စာတန်းလေးများ မမြင်ရဟု ဆို၏။ တစ်နေ့လျှင် နှစ်ကြိမ်ခတ်လေ့ရှိပြီး ဝန်ထမ်းများကိုလည်း မျက်စဉ်းခတ်ဖို့ အမြဲတိုက်တွန်းလေတော့၏။
မော်လမြိုင်မြို့နေ ဒေါ်အေးအေးသိန်းသည် မျက်မှန်ပါဝါ ၄၅၀ တပ်ရပါသည်။ ရွှေမျက်စဉ်းခတ်ရာမှ ၂၅၀သာ ကျန်တော့သည်ကို တွေ့ရှိရပါသည်။ မျက်စိဆေးခန်းသို့သွား၍ စစ်ကြည့်ရာမှ ပါဝါလျော့နေ သည်ကို တွေ့ရှိရခြင်း ဖြစ်ပါသည်။ ‘ပါဝါလျော့သွားတယ်၊ ဘာဆေးတွေမှီဝဲလဲ’ဟု ဆရာဝန်ကမေးရာ ‘ရွှေမျက်စဉ်း ပုံမှန်ခတ်တာပဲရှိတယ်’ဟု ဖြေဆိုခဲ့ကြောင်း သိရပါသည်။

မန္တလေး မစိုးရိမ်တိုက်သစ်မှ နာယကဆရာတော်တစ်ပါးသည် ရွှေမျက်စဉ်း အမြဲခတ်လေ့ရှိပါသည်။

အစပိုင်းတွင် နေ့စဉ် ၃ကြိမ် ခတ်လေ့ရှိကာ ၎င်းနောက် ၂ကြိမ်ခတ်လေ့ရှိပြီး ယခုအခါ ပုံမှန် ၁ကြိမ် အမြဲတန်းခတ်ပါသည်။ မျက်မှန်ဒီဂရီ ၂၂၅ ရှိရာမှ ယခုအခါ ၁၀၀ သာ ကျန်ပါတော့သည်။ သတင်းစာ ဂျာနယ်နှင့် စမတ်ဖုန်းမှ စာများကို နေ့ဘက်တွင် မှန်မျက်မတပ်ဘဲ ဖတ်နိုင်လာသည်ဟု ဆိုပါသည်။ “အခန်းထဲနှင့် ညဘက်ဆိုရင်တော့ မျက်မှန်တပ်ရသေးတယ်”ဟု ပြောပါသည်။

ရမည်းသင်းမြို့နေ ဒေါ်ချိုသည် ရွှေမျက်စဉ်းများ ဒါနပြုနေသူ ဖြစ်ပါသည်။ ၎င်းသည် ဈေးဆိုင်ဖွင့်ထားသော်လည်း မျက်စဉ်းလာဝယ်သူများကို ရွှေမျက်စဉ်းခတ်ဖို့ တိုက်တွန်းကာ အမြဲလှူတတ် ပါသည်။ တစ်နေ့သော် သာသနာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ရွှေမျက်စဉ်းလာဝယ်သဖြင့် မေးကြည့်ရာ မိတ်ဆွေတစ်ဦး မျက်မှန်လွတ်သွား၍ လိုက်ရှာနေခြင်းဖြစ်ကြောင်း ဆိုပါသည်။ မရောင်းဘဲ ဒါနပြုလိုက်သည်ဟု ဆိုပါသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှ အသက် ၆၅နှစ်အရွယ် ဒေါ်ကြည်လှိုင်သည် အဝေးကြည့်မျက်မှန် ပါဝါ ၂၅၀ တပ်ရ၏။ ရွှေမျက်စဉ်းလက်ဆောင်ရသဖြင့် ညစဉ်ခတ်ရာ နှစ်ဘူးကုန်ချိန်တွင် မျက်မှန်လွတ်သွားလေ၏။ သူမတို့တစ်အိမ်လုံး မျက်စဉ်းခတ်ကြသည့်အပြင် ရပ်ကွက်သူရပ်ကွက်သားများကိုလည်း မျက်စဉ်းခတ်ဖို့ ဆော်သြကာ မျက်စဉ်းဒါန အမြဲပြုလေတော့၏။

မျက်မှန်ဒီဂရီ ၂၅၀အားကို ရွှေမျက်စဉ်းက ဖြည့်ဆည်းပေးလိုက်သဖြင့် မျက်စိများ ပြန်လည်အားကောင်းလာပြီး မျက်မှန်လွတ်သွားခြင်းဖြစ်၏။

သို့ဖြစ်၍ ရွှေမျက်စဉ်းသည် မျက်မှန်ဒီဂရီများကိုလည်း လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဆက်သွယ်ရန်
ဒေါ်သီတာအေး 09-2004013
ဒေါ်နီလာမြင့် 09-259504851