သတင်း






ပျော်စရာကြီးပါနော်။

ဝီရသူ (မစိုးရိမ်)

31.5.2018

 

“ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်ညီလာခံ (၂)”

27.5.2018 ရက်နေ့၊ မနက် (၈း၀၀)နာရီမှာ အခမ်းအနားပြန်စပါတယ်။ အောင်ဆန်းတပ်ဦးကျောင်းမှာပါပဲ။ သံဃာတော်များ သီလရှင်များ မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက်ကြပါတယ်။

ဆရာတော်ကြီးတွေရဲ့သြဝါဒတွေက မှတ်သားစရာကောင်းသလို တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်သံဃာတော်များရဲ့ တင်ပြလျှောက်ထားချက်တွေကလည်း အင်အားတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အင်မတန်မှ အားရစရာကောင်းတဲ့ တင်ပြချက်တွေပါပဲ။ နေ့ဆွမ်းချိန်နီးမှ အခမ်းအနားပြီးဆုံးပါတယ်။

စာရေးသူကို ဒီအခမ်းအနားမှာ မတွေ့ရတော့ဘူး ထင်ခဲ့ကြတဲ့ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများကတော့ အားရဝမ်းသာနဲ့ ဓာတ်ပုံတွဲရိုက်ကြပါတယ်။ ပျော်စရာကြီးပါနော်။

ဝီရသူ (မစိုးရိမ်)
31.5.2018]