သတင္း

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း(ဗဟို)ႏွစ္ပတ္လည္ညီလာခံ (၃)

27.5.2018 ရက္ေန႔၊ မြန္းလြဲ (၂း၀၀)နာရီ၊ အင္းစိန္ၿမဳိ႕နယ္၊ မင္းဓမၼကုန္းေတာ္မွာ က်င္းပပါတယ္။ စာေရးသူက ဆရာၿငိမ္းခ်မ္းသာႏွင့္ ျပည္ခ်စ္သားဂ်ာနယ္အတြက္ အင္တာဗ်ဴးေျဖေပးေနရလို႔ အနည္းငယ္ေနာက္က်ပါတယ္။

အခမ္းအနားထက္ဝက္ေလာက္ေရာက္မွ ေရာက္ရွိသြားတာပါ။ စာေရးသူေရာက္ရွိတဲ့အခ်ိန္မွာေတာ့ ေရႊရတုတိပိဋကတ္ ေမာ္ကၽြန္းဆရာေတာ္ ဘဒၵႏၲသီလကၡႏၶာဘ္ိဝံသ ၾသဝါဒစတင္ေနပါၿပီ။

မဟာသမယသုတ္ကို ၿငိမ္းခ်မ္းေရးအထိမ္းအမွတ္အေနနဲ႔ သံဃာေတာ္မ်ားအားလံုး စုေပါင္းရြတ္ဆိုၾကပါတယ္။ မဟာသမယသုတ္ ပါဠိေတာ္စာအုပ္ေလးလည္း အကုန္ေဝငွထားပါတယ္။ သံဃာ (၁၀၀၀)ေက်ာ္ ညီညီညြတ္ညြတ္ မဟာသမယသုတ္ေတာ္ ရြတ္ဖတ္သြားတာ ၾကည္ညဳိစရာေကာင္းလွပါတယ္။ အခုလို သံဃာအမ်ားႀကီးနဲ႔ မဟာသမယသုတ္ရြတ္ဖတ္တာ ဒီတစ္ခါပဲ ႀကဳံဖူးပါတယ္။ စာေရးသူကေတာ့ ညစဥ္ မဟာသမယသုတ္အပါအဝင္ (၇)သုတ္လံုး ရြတ္ဖတ္ေနက်ျဖစ္လုိ႔ မဟာသမယသုတ္ေတာ္ရဲ႕ ေက်းဇူးတရားကို သိထားၿပီးသားျဖစ္ပါတယ္။

အခမ္းအနားအၿပီးမွာ ဆြမ္းဆန္ေတာ္ေလာင္းလွဴပြဲက်င္းပပါတယ္။ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဦးေဆာင္ေသာ တပ္မိသားစုမ်ား၊ ျပည္ခိုင္ၿဖဳိးဥကၠ႒ ဦးသန္းေဌးဦးေဆာင္ေသာ ျပည္ခုိင္ၿဖဳိးမိသားစုမ်ား၊ NDF ပါတီႏွင့္ အမ်ဳိးဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးေသာ မ်ဳိးခ်စ္ျပည္သူမ်ား ေလာင္းလွဴၾကတာကို ေတြ႔ရပါတယ္။ မုိးဖြဲဖြဲေလးက်ေနေပမယ့္ ေလာင္းလွဴသူမ်ားကေတာ့ မုိးကို လံုးဝ ဂရုမစိုက္အားပါဘူး။ ကုသုိလ္ေရးပဲ ဂရုစိုက္ေနတာေတြ႔ရပါတယ္။

ႏွစ္ပတ္လည္ညီလာခံေအာင္ပြဲပါ။ ေအာင္ပြဲႏွင့္အတူ မ်ဳိးခ်စ္သံဃာေတာ္မ်ားႏွင့္ မ်ဳိးခ်စ္ျပည္သူမ်ားအားလံုး အရာရာ ေအာင္ျမင္ႏိုင္ၾကပါေစေသာ္…။

ဝီရသူ (မစုိးရိမ္)
1.6.2018

 

“ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ဗဟို)နှစ်ပတ်လည်ညီလာခံ (၃)”

27.5.2018 ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီ၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်မှာ ကျင်းပပါတယ်။ စာရေးသူက ဆရာငြိမ်းချမ်းသာနှင့် ပြည်ချစ်သားဂျာနယ်အတွက် အင်တာဗျူးဖြေပေးနေရလို့ အနည်းငယ်နောက်ကျပါတယ်။

အခမ်းအနားထက်ဝက်လောက်ရောက်မှ ရောက်ရှိသွားတာပါ။ စာရေးသူရောက်ရှိတဲ့အချိန်မှာတော့ ရွှေရတုတိပိဋကတ် မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ သြဝါဒစတင်နေပါပြီ။

မဟာသမယသုတ်ကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေနဲ့ သံဃာတော်များအားလုံး စုပေါင်းရွတ်ဆိုကြပါတယ်။ မဟာသမယသုတ် ပါဠိတော်စာအုပ်လေးလည်း အကုန်ဝေငှထားပါတယ်။ သံဃာ (၁၀၀၀)ကျော် ညီညီညွတ်ညွတ် မဟာသမယသုတ်တော် ရွတ်ဖတ်သွားတာ ကြည်ညိုစရာကောင်းလှပါတယ်။ အခုလို သံဃာအများကြီးနဲ့ မဟာသမယသုတ်ရွတ်ဖတ်တာ ဒီတစ်ခါပဲ ကြုံဖူးပါတယ်။ စာရေးသူကတော့ ညစဉ် မဟာသမယသုတ်အပါအဝင် (၇)သုတ်လုံး ရွတ်ဖတ်နေကျဖြစ်လို့ မဟာသမယသုတ်တော်ရဲ့ ကျေးဇူးတရားကို သိထားပြီးသားဖြစ်ပါတယ်။

အခမ်းအနားအပြီးမှာ ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပပါတယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဦးဆောင်သော တပ်မိသားစုများ၊ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်သော ပြည်ခိုင်ဖြိုးမိသားစုများ၊ NDF ပါတီနှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော မျိုးချစ်ပြည်သူများ လောင်းလှူကြတာကို တွေ့ရပါတယ်။ မိုးဖွဲဖွဲလေးကျနေပေမယ့် လောင်းလှူသူများကတော့ မိုးကို လုံးဝ ဂရုမစိုက်အားပါဘူး။ ကုသိုလ်ရေးပဲ ဂရုစိုက်နေတာတွေ့ရပါတယ်။

နှစ်ပတ်လည်ညီလာခံအောင်ပွဲပါ။ အောင်ပွဲနှင့်အတူ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများအားလုံး အရာရာ အောင်မြင်နိုင်ကြပါစေသော်…။

ဝီရသူ (မစိုးရိမ်)
1.6.2018