Uncategorized

အာဃာတဖြေဖျောက်နည်း

(ပံသုကူလိကနည်း)

(သေဝါလပဏကနည်း)

(ဂေါပီတကနည်း)

(ဗာနွဂိလာနနည်း)

(သီတောဒကနည်း)

သုတ်)


အာဃာတဖြေဖျောက်နည်း

(ပံသုကူလိကနည်း)
ဝစီကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ပံသုကူအဝတ်ပမာ၊
ကောင်းရာကိုသာ ဖြတ်ယူပါ၊ ကောင်းရာကိုသာ နှလုံးသွင်းပါ။

(သေဝါလပဏကနည်း)
ကာယကံတစ်ပိုင်းသာ စင်ကြယ်ရာ၊ ရေညှိရေကန်ဥပမာ၊
ရေကြည်ကိုသာ သောက်သုံးပါ၊ ကောင်းကွက်ကိုသာ နှလုံးသွင်းပါ။

(ဂေါပီတကနည်း)
ကိုယ်နှုတ်မူရာ မစင်ကြယ်ရာ၊ နွားခြေခွက်ရေဥပမာ၊
လေးဘက်ထောက်ကာ ရေသောက်ပါ၊ စိတ်ကြည်လင်ရာ နှလုံးသွင်းပါ။

(ဗာနွဂိလာနနည်း)
ကံသုံးပါးမှာ မစင်ကြယ်ရာ၊ ခရီးသွားလူနာဥပမာ၊
ကရုဏာထားကာ ကူညီပါ၊ ကရုဏာထားကာ နှလုံးသွင်းပါ။

(သီတောဒကနည်း)
ကံအားလုံးမှာ စင်ကြယ်ရာ၊ ရေကောင်းရေကြည်ဥပမာ၊
စိတ်တိုင်းကျသာ သုံးဆောင်ပါ၊ စိတ်တိုင်းကျသာ နှလုံးသွင်းပါ။

(အင်္ဂုတ်တိုရ်၊ပဉ်စကနိပ်တ်၊ဒုတိယအာဃာတပဋိဝိနယ
သုတ်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်) ဟောကြားတော်အပ်သော
မေတ္တာစေတောဝိမုတ္တိ “မေတ္တာသည်သာ လွတ်မြောက်ရာ” တရားတော် (အမှတ်-၉)