အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း” (၁၁)

အရိ႒ရဟန္းရဲ႕ အယူဝါဒက ဘုရားေဟာနဲ႔ ေျပာင္းျပန္ႀကီးပါ။
ဘုရားက အႏၲရာယ္ငါးပါးကို မွီဝဲရင္ အႏၲရာယ္ရွိတယ္လို႔ ေဟာထားေပမယ့္ အရိ႒က အႏၲရာယ္ငါးပါးကိုမွီဝဲရင္လည္း အႏၲရာယ္မရွိဘူးလို႔ ယူဆေနတာပါ။
ပိုၿပီးဆိုးတာက သူ႔အမွားထဲ ဘုရားကိုပါဆြဲထည့္ပစ္ျခင္းပါပဲ။
အႏၲရာယ္ငါးပါးကို မွီဝဲရင္လည္း အႏၲရာယ္မျဖစ္ဘူးလို႔ ဘုရားေဟာၾကားေတာ္မူတယ္လို႔ ဘုရားကိုပါ တရားခံအျဖစ္ အမႈတြဲေနတာေၾကာင့္ ရဟန္းေကာင္းမ်ားက မခံမရပ္ႏိုင္ျဖစ္ၿပီး “ဘုရားကို အဲလိုမစြပ္စြဲပါနဲ႔၊ ဘုရားက အဲလိုမေဟာၾကားဘူး၊ ဘုရားကိုစြပ္စြဲတာ မေကာင္းပါဘူး” စသည္ျဖင့္ တရားျပ နားခ်ၾကေပမယ့္ လံုးဝမရပါဘူး။
ေနာက္ဆံုးမွာေတာ့ ဘုရားကိုယ္တုိင္ စစ္ေဆးေမးျမန္းၿပီး အရိ႒ကို လူပံုအလယ္မွာ ကဲ့ရဲ႕ရႈတ္ခ်ေတာ္မူတာပါ။
“အပၸသာဒါ ကာမာ ဝုတၱာ မယာ ဗဟုဒုကၡာ ဗဟုပါယာသာ အာဒီနေဝါ ဧတၳ ဘိေယ်ာ – ကာမဂုဏ္ေတြဟာ ၾကည္ညဳိဖြယ္မရွိဘူး၊ ဆင္းရဲမ်ားတယ္၊ ပူပန္မႈမ်ားတယ္၊ အျပစ္မ်ားတယ္လို႔ ငါဘုရားေဟာၾကားခဲ့တယ္ မဟုတ္လား” စသည္ျဖင့္ ကာမဂုဏ္အျပစ္ျပ ဥပမာဆယ္ပါးႏွင့္ ရႈတ္ခ်ဆံုးမေတာ္မူတာပါ။
သို႔ကေလာက္ ကာမဂုဏ္ကို စက္ဆုပ္ရြံရွာေတာ္မူတဲ့ ျမတ္စြာဘုရားကိုမွ လိင္ပညာေပးဆရာႀကီးအျဖစ္ စြပ္စြဲလိုက္တာကေတာ့ သာသနာေတာ္တစ္ရပ္လံုးကို ေစာ္ကားလုိက္တာပဲလုိ႔ နားလည္မိပါေတာ့တယ္။
တဏွာရူး သုက္ေၾကာင္ ထမႎၿခဳံငႏြား ငေမွာင္သားကဲ့သို႔ အကန္းယံု အကုန္ရမ္းဘဝမွ လြတ္ေျမာက္ၾကပါေစ…။
(အရိ႒သိကၡာပုဒ္။ပါစိတၱိယပါဠိေတာ္။ဝိ။၂။၁၇၅-၁၇၉။)

ဝီရသူ(မစိုးရိမ္)
31.5.2020
PM- 5:16

“အကန်းယုံ အကုန်ရမ်း” (၁၁)

အရိဋ္ဌရဟန်းရဲ့ အယူဝါဒက ဘုရားဟောနဲ့ ပြောင်းပြန်ကြီးပါ။
ဘုရားက အန္တရာယ်ငါးပါးကို မှီဝဲရင် အန္တရာယ်ရှိတယ်လို့ ဟောထားပေမယ့် အရိဋ္ဌက အန္တရာယ်ငါးပါးကိုမှီဝဲရင်လည်း အန္တရာယ်မရှိဘူးလို့ ယူဆနေတာပါ။
ပိုပြီးဆိုးတာက သူ့အမှားထဲ ဘုရားကိုပါဆွဲထည့်ပစ်ခြင်းပါပဲ။
အန္တရာယ်ငါးပါးကို မှီဝဲရင်လည်း အန္တရာယ်မဖြစ်ဘူးလို့ ဘုရားဟောကြားတော်မူတယ်လို့ ဘုရားကိုပါ တရားခံအဖြစ် အမှုတွဲနေတာကြောင့် ရဟန်းကောင်းများက မခံမရပ်နိုင်ဖြစ်ပြီး “ဘုရားကို အဲလိုမစွပ်စွဲပါနဲ့၊ ဘုရားက အဲလိုမဟောကြားဘူး၊ ဘုရားကိုစွပ်စွဲတာ မကောင်းပါဘူး” စသည်ဖြင့် တရားပြ နားချကြပေမယ့် လုံးဝမရပါဘူး။
နောက်ဆုံးမှာတော့ ဘုရားကိုယ်တိုင် စစ်ဆေးမေးမြန်းပြီး အရိဋ္ဌကို လူပုံအလယ်မှာ ကဲ့ရဲ့ရှုတ်ချတော်မူတာပါ။
“အပ္ပသာဒါ ကာမာ ဝုတ္တာ မယာ ဗဟုဒုက္ခာ ဗဟုပါယာသာ အာဒီနဝေါ ဧတ္ထ ဘိယျော – ကာမဂုဏ်တွေဟာ ကြည်ညိုဖွယ်မရှိဘူး၊ ဆင်းရဲများတယ်၊ ပူပန်မှုများတယ်၊ အပြစ်များတယ်လို့ ငါဘုရားဟောကြားခဲ့တယ် မဟုတ်လား” စသည်ဖြင့် ကာမဂုဏ်အပြစ်ပြ ဥပမာဆယ်ပါးနှင့် ရှုတ်ချဆုံးမတော်မူတာပါ။
သို့ကလောက် ကာမဂုဏ်ကို စက်ဆုပ်ရွံရှာတော်မူတဲ့ မြတ်စွာဘုရားကိုမှ လိင်ပညာပေးဆရာကြီးအဖြစ် စွပ်စွဲလိုက်တာကတော့ သာသနာတော်တစ်ရပ်လုံးကို စော်ကားလိုက်တာပဲလို့ နားလည်မိပါတော့တယ်။
တဏှာရူး သုက်ကြောင် ထမိံခြုံငနွား ငမှောင်သားကဲ့သို့ အကန်းယုံ အကုန်ရမ်းဘဝမှ လွတ်မြောက်ကြပါစေ…။
(အရိဋ္ဌသိက္ခာပုဒ်။ပါစိတ္တိယပါဠိတော်။ဝိ။၂။၁၇၅-၁၇၉။)

ဝီရသူ(မစိုးရိမ်)
31.5.2020
PM- 5:16