အဆိုအမိန္႔

အကန္းယံု အကုန္ရမ္း (၂)

ဗုဒၶ၏ သႏၲိသုခ(စိတ္ၿငိမ္းခ်မ္းမႈ)က်င့္စဥ္ႏွင့္ တဏွာရာဂတုိ႔သည္ ေရႏွင့္ဆီပမာ ေျဖာင့္ေျဖာင့္ဆန္႔က်င္ဘက္ႀကီး ျဖစ္သည္။ ထုိ႔ေၾကာင့္ ဗုဒၶသည္ လိင္မႈကိစၥမ်ားကို တင္းၾကပ္စြာ တားျမစ္ေတာ္မူခဲ့သည္။ တဏွာရာဂ ကုန္ေၾကာင္း ကင္းေၾကာင္းသာ ဘုရားေဟာသည္။ တဏွာရာဂ တိုးပြားေၾကာင္းကို ဘုရားရႈတ္ခ်သည္။

ရွင္သုဒိန္အမႈေပၚေပါက္သည့္အခါ၌လည္း “မာတုဂါမနဲ႔ လိင္ဆက္ဆံမည့္အစား အဆိပ္ျပင္းသည့္ ေျမြခံတြင္းထဲ ထည့္တာ၊ မီးက်ီးခဲထဲထည့္တာကမွ ျမတ္ေသးတယ္။ ငါက ရာဂကင္းေအာင္ ေဟာၾကားတယ္။ မင္းက ရာဂတိုးပြားေအာင္ ေစ့ေဆာ္တယ္။ ေမာဃပုရိသ (အလကားေကာင္)”ဟု ျပင္းထန္စြာ ရႈတ္ခ်၍ သိကၡာပုဒ္ကို ပညတ္ေတာ္မူခဲ့၏။
လိင္မႈကိစၥကို စိတ္ကူးနဲ႔ က်ဴးလြန္ခြင့္ပင္ မေပးခဲ့ေသာ ျမတ္စြာဘုရားကို လိင္ပညာေပးေဟာၾကားခဲ့သေယာင္ ေရးသားေနျခင္းသည္ ထမႎသရဏဂုံၿခဳံထားသူပီသစြာ ဘုရားကို ေစာ္ကားျခင္းပင္ ျဖစ္သည္။
ထိုမွ်ထိ ထမႎကို ခ်စ္ျမတ္ႏိုးေနလွ်င္ သကၤန္းမရံုဘဲ ထမႎသာ ရံုထားသင့္ေပသည္။ ဘုရားသာသနာႏွင့္ မထိုက္တန္ေသာေၾကာင့္ ျဖစ္၏။

ဝိရသူ(မစုိးရိမ္)
20.5.2020
PM- 6:20

နႏု မယာ ေမာဃပုရိသ အေနကပရိယာေယန ဝိရာဂါယ ဓေမၼာ ေဒသိေတာ၊ ေနာ သရာဂါယ ………… တတၳ နာမ တြံ ေမာဃပုရိသ မယာ ဝိရာဂါယ ဓေမၼ ေဒသိေတ သံေယာဂါယ ေစေတႆသိ။
ဝရံ ေတ ေမာဃပုရိသ အာသီဝိသႆ ေဃရဝိသႆ/ကဏွသပၸႆ မုေခ အဂၤဇာတံ ပကၡိတၱံ၊ န ေတြဝ မာတုဂါ့မႆ အဂၤဇာေတ အဂၤဇာတံ ပကၡိတၱံ။ (ပါရာဇိကဏ္ပါဠိေတာ္၊ သုဒိႏၷဝတၳဳ၊ ၂၃-၂၄။)

အကန်းယုံ အကုန်ရမ်း (၂)

ဗုဒ္ဓ၏ သန္တိသုခ(စိတ်ငြိမ်းချမ်းမှု)ကျင့်စဉ်နှင့် တဏှာရာဂတို့သည် ရေနှင့်ဆီပမာ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ကြီး ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓသည် လိင်မှုကိစ္စများကို တင်းကြပ်စွာ တားမြစ်တော်မူခဲ့သည်။ တဏှာရာဂ ကုန်ကြောင်း ကင်းကြောင်းသာ ဘုရားဟောသည်။ တဏှာရာဂ တိုးပွားကြောင်းကို ဘုရားရှုတ်ချသည်။

ရှင်သုဒိန်အမှုပေါ်ပေါက်သည့်အခါ၌လည်း “မာတုဂါမနဲ့ လိင်ဆက်ဆံမည့်အစား အဆိပ်ပြင်းသည့် မြွေခံတွင်းထဲ ထည့်တာ၊ မီးကျီးခဲထဲထည့်တာကမှ မြတ်သေးတယ်။ ငါက ရာဂကင်းအောင် ဟောကြားတယ်။ မင်းက ရာဂတိုးပွားအောင် စေ့ဆော်တယ်။ မောဃပုရိသ (အလကားကောင်)”ဟု ပြင်းထန်စွာ ရှုတ်ချ၍ သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့၏။
လိင်မှုကိစ္စကို စိတ်ကူးနဲ့ ကျူးလွန်ခွင့်ပင် မပေးခဲ့သော မြတ်စွာဘုရားကို လိင်ပညာပေးဟောကြားခဲ့သယောင် ရေးသားနေခြင်းသည် ထမိံသရဏဂုံခြုံထားသူပီသစွာ ဘုရားကို စော်ကားခြင်းပင် ဖြစ်သည်။
ထိုမျှထိ ထမိံကို ချစ်မြတ်နိုးနေလျှင် သင်္ကန်းမရုံဘဲ ထမိံသာ ရုံထားသင့်ပေသည်။ ဘုရားသာသနာနှင့် မထိုက်တန်သောကြောင့် ဖြစ်၏။

ဝိရသူ(မစိုးရိမ်)
20.5.2020
PM- 6:20

နနု မယာ မောဃပုရိသ အနေကပရိယာယေန ဝိရာဂါယ ဓမ္မော ဒေသိတော၊ နော သရာဂါယ ………… တတ္ထ နာမ တွံ မောဃပုရိသ မယာ ဝိရာဂါယ ဓမ္မေ ဒေသိတေ သံယောဂါယ စေတေဿသိ။
ဝရံ တေ မောဃပုရိသ အာသီဝိသဿ ဃေရဝိသဿ/ကဏှသပ္ပဿ မုခေ အင်္ဂဇာတံ ပက္ခိတ္တံ၊ န တွေဝ မာတုဂါ့မဿ အင်္ဂဇာတေ အင်္ဂဇာတံ ပက္ခိတ္တံ။ (ပါရာဇိကဏ်ပါဠိတော်၊ သုဒိန္နဝတ္ထု၊ ၂၃-၂၄။)