အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း (၃)”

ဗုဒၶသည္ လိင္ပိုင္းဆုိင္ရာကိစၥရပ္မ်ားကို စက္ဆုပ္ရြံမုန္းေတာ္မူပါသည္။
ၿငိမ္းခ်မ္းေရးအစစ္အမွန္ဆိုသည္ကလည္း လိင္မႈကိစၥႏွင့္ ျပဒါးတစ္လမ္း သံတစ္လမ္း ျဖစ္ေနပါသည္။ ထို႔ေၾကာင့္ ၿငိမ္းခ်မ္းေရးကိုလိုလားသျဖင့္ ဗုဒၶအရိပ္ခိုလႈံလာသူမ်ားအား ေမထုန္အမႈကို တင္းၾကပ္စြာ တားျမစ္ထားပါသည္။

လူပရိသတ္ကိုတရားေဟာလွ်င္လည္း ကာေမသုကို အၿမဲေရွာင္ၾကဥ္ဖို႔ အခါအားေလ်ာ္စြာျဗဟၼစရိယသိကၡာပုဒ္ကို ေစာင့္ထိန္းဖုိ႔ အၿမဲဆံုးမေတာ္မူပါသည္။

ဘုရားတရားေတာ္ကား ရာဂကုန္ခမ္းေရးသာ ျဖစ္ပါသည္။ ရာဂတိုးပြားေရးမဟုတ္ပါ။ ရာဂတိုးပြားမည့္အလုပ္ကို စိတ္ျဖင့္ပင္ ႀကံစည္ေတြးေတာခြင့္ မျပဳပါ။

သို႔ပါလ်က္ ျမတ္စြာဘုရားကို္ယ္ေတာ္တုိင္ကပင္ လိင္ပညာရပ္ကို သြန္သင္ေပးခဲ့သကဲ့သို႔ ဝါဒျဖန္႔ေနျခင္းသည္ တံငါသည္သား သာတိရဟန္းအလား လိင္အားေပးပုဂၢဳိလ္အျဖစ္ ဘုရားရွင္ကို စြပ္စြဲရာေရာက္သည္ကိုကား စာမသင္ဖူးသည့္ ငွက္ရူးတစ္သိုက္ သိလိုက္မည္မဟုတ္ေပ။

စာမသင္ခဲ့၍ ဘာမွ်မသိ ထမႎၿခဳံထားသျဖင့္ ဘာမွ်မျမင္ရေတာ့သည့္ အကန္းယုံ အကုန္ရမ္းဘဝမွ အျမန္ကၽြတ္လြတ္ၾကပါေစ… ။
နႏုမဟာ ေမာဃပုရိသ အေနကပရိယာေယန ရာဂဝိရာဂါယ ဓေမၼာ ေဒသိေတာ (ပ) သမာပ႑ိႆသိ။ (ဝိ၊ ၁။ ၂၃-၂၄။)

ဝီရသူ(မစိုးရိမ္)
21.5.2020
AM- 11:00

“အကန်းယုံ အကုန်ရမ်း (၃)”

ဗုဒ္ဓသည် လိင်ပိုင်းဆိုင်ရာကိစ္စရပ်များကို စက်ဆုပ်ရွံမုန်းတော်မူပါသည်။
ငြိမ်းချမ်းရေးအစစ်အမှန်ဆိုသည်ကလည်း လိင်မှုကိစ္စနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကိုလိုလားသဖြင့် ဗုဒ္ဓအရိပ်ခိုလှုံလာသူများအား မေထုန်အမှုကို တင်းကြပ်စွာ တားမြစ်ထားပါသည်။

လူပရိသတ်ကိုတရားဟောလျှင်လည်း ကာမေသုကို အမြဲရှောင်ကြဉ်ဖို့ အခါအားလျော်စွာဗြဟ္မစရိယသိက္ခာပုဒ်ကို စောင့်ထိန်းဖို့ အမြဲဆုံးမတော်မူပါသည်။

ဘုရားတရားတော်ကား ရာဂကုန်ခမ်းရေးသာ ဖြစ်ပါသည်။ ရာဂတိုးပွားရေးမဟုတ်ပါ။ ရာဂတိုးပွားမည့်အလုပ်ကို စိတ်ဖြင့်ပင် ကြံစည်တွေးတောခွင့် မပြုပါ။

သို့ပါလျက် မြတ်စွာဘုရားကိုယ်တော်တိုင်ကပင် လိင်ပညာရပ်ကို သွန်သင်ပေးခဲ့သကဲ့သို့ ဝါဒဖြန့်နေခြင်းသည် တံငါသည်သား သာတိရဟန်းအလား လိင်အားပေးပုဂ္ဂိုလ်အဖြစ် ဘုရားရှင်ကို စွပ်စွဲရာရောက်သည်ကိုကား စာမသင်ဖူးသည့် ငှက်ရူးတစ်သိုက် သိလိုက်မည်မဟုတ်ပေ။

စာမသင်ခဲ့၍ ဘာမျှမသိ ထမိံခြုံထားသဖြင့် ဘာမျှမမြင်ရတော့သည့် အကန်းယုံ အကုန်ရမ်းဘဝမှ အမြန်ကျွတ်လွတ်ကြပါစေ… ။
နနုမဟာ မောဃပုရိသ အနေကပရိယာယေန ရာဂဝိရာဂါယ ဓမ္မော ဒေသိတော (ပ) သမာပဏ္ဍိဿသိ။ (ဝိ၊ ၁။ ၂၃-၂၄။)

ဝီရသူ(မစိုးရိမ်)
21.5.2020
AM- 11:00