သတင္းေဆာင္းပါး

ကမာၻေက်ာ္ဆရာေတာ္၏ ကမာၻမေက်ာ္ေသာ အေတြးအေခၚမ်ား (၈)


“မဟာသမယေမတၱာ”

(ဆရာေတာ္ဦးဝီရသူ၏ ႏွစ္သစ္ကူး အထူးလက္ေဆာင္)

ပ႒ာန္း႐ြတ္ၿပီး ေက်ာင္းေပၚျပန္တက္ကာ လုပ္လက္စအလုပ္မ်ားကို ဆက္လုပ္ျခင္း၊ အလုပ္သစ္မ်ား ရွာေဖြလုပ္ေဆာင္ျခင္းျဖင့္ ညစဥ္ ညဥ့္နက္သည္အထိ အလုပ္မ်ားတတ္ပါသည္။ က်န္းမာေရးအရ ညဥ့္ ၁၂း၀၀နာရီမွ ၀၂း၀၀နာရီကို မျဖစ္မေန အိပ္စက္ရမည့္အခ်ိန္ သတ္မွတ္ထားေသာ္လည္း စာေရးသူကား ၀၂း၀၀နာရီေက်ာ္မွ အိပ္ရာဝင္ျဖစ္သည္က မ်ားပါသည္။ တစ္ခါတရံ အလုပ္ေစာေစာၿပီးသျဖင့္ ေစာေစာအိပ္ရသည္လည္း ရွိပါသည္။ ညေစာေစာအိပ္ရလွ်င္ ၁၂း၀၀နာရီ၊ ၎ထက္ေစာလွ်င္ ၁၁း၃၀နာရီျဖစ္ပါသည္။ သို႔ေသာ္ ထိုသို႔ေသာရက္မ်ားကား အလြန္တရာရွားပါးလွပါသည္။ ထိုသို႔ ေစာေစာအိပ္ရသည့္ ညမ်ိဳးႏွင့္ႀကဳံလွ်င္ အင္မတန္ခ်မ္းသာပါသည္။ “ငါ အင္မတန္ခ်မ္းသာတာပဲ”ဟု စိတ္ထဲမွာ ေျပာေနတတ္သလို တပည့္မ်ားကိုလည္း ေျပာျပတတ္ပါသည္။

ညဥ့္ ၁၂း၀၀နာရီႏွင့္ ၀၂း၀၀နာရီအတြင္းမွာ မစိုးရိမ္တိုက္သစ္ မိန္းလမ္းမႀကီးေပၚ လမ္းေလွ်ာက္လ်က္ မဟာသမယသုတ္ ပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္ပါသည္။ မိန္းလမ္းမႀကီးအေရွ႕ထိပ္မွ အေနာက္ထိပ္ထိ လမ္းဆုံးသည့္တိုင္ ေလွ်ာက္လွမ္းျခင္း မဟုတ္ပါ။ သဟာယေက်ာင္းေရွ႕မွ စတင္ကာ ဂါရဝႏွင့္ ပါရဂူၾကားထိ၊ သမိဒၶိဆြမ္းစားေက်ာင္းႏွင့္ တိုင္းရင္းေဆးခန္းေဆာင္အထိ အေရွ႕အေနာက္ လမ္းေလွ်ာက္၍ ႐ြတ္ဖတ္ျခင္း ျဖစ္ပါသည္။

ပ႒ာန္း႐ြတ္စဥ္ကအတိုင္း ပထမဦးဆုံး နတ္ေဒဝါေတြကို ဖိတ္ေခၚပါသည္။ ၿပီးမွ ပရိတ္႐ြတ္ပါသည္။ ၿပီးမွ အမွ်ေဝပါသည္။ ၿပီးမွ ေမတၱာပို႔ပါသည္။ ညဥ့္နက္မွ ႐ြတ္ဆိုရျခင္းသည္ နတ္ေဒဝါမ်ား နာယူခြင့္ရမည့္ လူေျခတိတ္ခ်ိန္ျဖစ္ေသာေၾကာင့္ပင္။ မဟာသမယပရိတ္ေတာ္ တစ္သုတ္တည္းမဟုတ္ပါ။ ခုနစ္သုတ္လုံး ႐ြတ္ဆိုျခင္း ျဖစ္ပါသည္။ မဟာသမယသုတ္၊ သမၼာပရိဗၺာဇနီယသုတ္၊ ပုရာေဘဒသုတ္၊ စူဠဗ်ဴဟသုတ္၊ မဟာဗ်ဴဟသုတ္၊ တုဝဋၬကသုတ္တို႔ ျဖစ္ပါသည္။

“နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔ – ငါသည္ မဟာသမယသုတ္ တရားေတာ္မ်ားျဖင့္ ျမတ္စြာဘုရားအား ပူေဇာ္မည္ျဖစ္ပါ၍ ပရိတ္တရားနာယူရန္ ႂကြေရာက္ၾကပါကုန္ေလာ့”ဟု ႏွစ္ႀကိမ္ ဖိတ္ၾကားပါသည္။

“မႏၲေလးၿမိဳ႕ကို ေစာင့္ေရွာက္လ်က္ ေနၾကေပကုန္ေသာ ဘုမၼစိုး၊ ႐ုကၡစိုး၊ အာကာသစိုး၊ သာသနာေတာ္ေစာင့္နတ္မင္းႀကီးႏွင့္တကြ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔ ငါသည္ မဟာသမယသုတ္ တရားေတာ္မ်ားျဖင့္ ျမတ္စြာဘုရားအား ပူေဇာ္မည္ျဖစ္ပါ၍ ပရိတ္တရားနာယူရန္ ႂကြေရာက္ၾကပါကုန္ေလာ့”ဟု ေနာက္ဆုံးအႀကိမ္၌ အထူးဖိတ္ၾကားေလ့ရွိပါသည္။

နတ္ခ်စ္ေဆးျဖစ္၍ ပရိတ္႐ြတ္သည့္အခါ နတ္ေဒဝါမ်ား နာယူလိမ့္မည္ဟု ယုံၾကည္ထားသျဖင့္ အေလးအနက္ထား ႐ြတ္ပြားပါသည္။ ခုနစ္သုတ္လုံး ျဖည္းျဖည္းမွန္မွန္ ႐ြတ္ဆိုလွ်င္ ၄၅မိနစ္ခန္႔ ၾကာျမင့္တတ္ပါသည္။

အမွ်ေဝသည့္အခါ “မဟာသမယပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္ရေသာ ကုသိုလ္ေကာင္းမႈကို မဟာသမယပရိတ္ေတာ္ နာယူၾကကုန္ေသာ နတ္လူသတၱဝါတို႔အား အမွ်ေပးေဝပါကုန္၏။ အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့……”ဟု ႏွစ္ႀကိမ္ အမွ်ေပးေဝပါသည္။ ေနာက္ဆုံးအႀကိမ္၌ကား “မဟာသမယပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္ရေသာ ကုသိုလ္ေကာင္းမႈကို မႏၲေလးၿမိဳ႕ရွိ ဘုမၼစိုး၊ ႐ုကၡစိုး၊ အာကာသစိုး၊ သာသနာေတာ္ေစာင့္နတ္မင္းႀကီးႏွင့္တကြ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔အား အမွ်ေပးေဝပါကုန္၏။ အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့……”ဟု အထူးဖိတ္ၾကားထားအပ္သည့္ နတ္ေဒဝါမ်ားကို ရည္စူး၍ အမွ်ေပးေဝေလ့ရွိပါသည္။

ကုသိုလ္ေဝမွ်ၿပီးသြားသည့္အခါ ေမတၱာပို႔ပါသည္။ ပထမ အသံထြက္၍ အက်ဥ္းပို႔သပါသည္။ နတ္ေကာင္းနတ္ျမတ္အေပါင္းတို႔ သင္တို႔သည္ က်ႏုပ္ပို႔သေသာ ေမတၱာႏွင့္ ကုသိုလ္ေဝစုကို အမွ်ရၾကသည္ျဖစ္၍ ေဘးဘယာေတြ ေဝးကြာၾကပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ၊ ေကာင္းက်ိဳးလိုရာဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ…။

အနႏၲစၾကာဝဠာ၌ ရွိၾကေပကုန္ေသာ နတ္လူသတၱဝါအေပါင္းတို႔ သင္တို႔သည္ က်ႏုပ္ပို႔သေသာ ေမတၱာႏွင့္ ကုသိုလ္ေဝစုကို အမွ်ရၾကသည္ျဖစ္၍ ေဘးဘယာေတြ ေဝးကြာၾကပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ၊ ေကာင္းက်ိဳးလိုရာဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ…။

ဆြမ္း သကၤန္း ေက်ာင္း ေဆး ပစၥည္းေလးပါး ဒကာ ဒကာမအေပါင္းတို႔ သင္တို႔သည္ က်ဳႏုပ္ပို႔သေသာ ေမတၱာႏွင့္ ကုသိုလ္ေဝစုကို အမွ်ရၾကသည္ျဖစ္၍ ေဘးဘယာေတြ ေဝးကြာၾကပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ၊ ေကာင္းက်ိဳးလိုရာဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ…။

ဤေက်ာင္းတိုက္အတြင္းရွိ ဆရာေတာ္ သံဃာေတာ္မ်ားႏွင့္ နတ္လူသတၱဝါအေပါင္းတသည္ က်ႏုပ္ပို႔သေသာ ေမတၱာႏွင့္ ကုသိုလ္ေဝစုကို အမွ်ရၾကသည္ျဖစ္၍ ေဘးဘယာေတြ ေဝးကြာၾကပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ၊ ေကာင္းက်ိဳးလိုရာဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ…။

ခပ္သိမ္းေသာ သတၱဝါအေပါင္းတို႔သည္ က်ဳႏုပ္ပို႔သေသာ ေမတၱာႏွင့္ ကုသိုလ္ေဝစုကို အမွ်ရၾကသည္ျဖစ္၍ ေဘးဘယာေတြ ေဝးကြာၾကပါေစ၊ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ၊ ေကာင္းက်ိဳးလိုရာဆႏၵမွန္သမွ် ျပည့္ဝၾကပါေစ…။

အႏုလုံ ပဋိလုံ (ဖင္တစ္ျပန္ ေခါင္းတစ္ျပန္) ေခါက္တုံ႔ေခါက္ျပန္ အနည္းဆုံးသုံးႀကိမ္မွ အမ်ားဆုံး ငါးႀကိမ္အထိ အသံထြက္႐ြတ္ဆို၍ ေမတၱာပို႔သပါသည္။

ေမတၱာပို႔သၿပီးသြားသည့္အခါ ေမတၱာကမၼ႒ာန္း စီးျဖန္းပါသည္။ ကုသိုလ္ျဖစ္ ေမတၱာပြားျခင္းႏွင့္ ကမၼ႒ာန္းအဆင့္ ေမတၱာပြားမ်ားျခင္းတို႔ မတူညီၾကပါ။ အသံထြက္၍ ေမတၱာပို႔သျခင္း (ဝစီကံေမတၱာ)သည္ ကုသိုလ္ျဖစ္ ေမတၱာပို႔သသည့္အဆင့္မွ်သာ ရွိပါသည္။ ေမတၱာကမၼ႒ာန္းအဆင့္သို႔ မေရာက္ေသးပါ။ ကမၼ႒ာန္းအဆင့္သို႔ ေရာက္ေစလိုလွ်င္ အသံမထြက္ ႏႈတ္းခမ္းမလႈပ္ အကူကိရိယာမပါဘဲ စိတ္ထဲမွာသာ ပြားမ်ားရပါသည္။ အေလးအနက္ထား၍ အာ႐ုံယူပြားမ်ားရပါသည္။ မေနာကံေမတၱာလို စိတ္ထဲမွာ ကုသိုလ္စိတ္ျဖစ္႐ုံမွ် ေတြးေတာႀကံစည္ျခင္းမ်ိဳး သူတစ္ပါးေကာင္းက်ိဳးလိုလားသည့္စိတ္ကေလး ေပၚေပါက္႐ုံမ်ိဳးလည္း မဟုတ္ပါ။ ေမတၱာခံယူမည့္ ပုဂၢိဳလ္သတၱဝါမ်ားကို အာ႐ုံယူ၍ စိတ္ထဲမွာပင္ ေမတၱာေစတနာမ်ား တိုးပြားလာေအာင္ စိတ္ျဖင့္သာလွ်င္ ပြားမ်ားျခင္း ျဖစ္ပါသည္။ ေလ်ာင္း ထိုင္ ရပ္ သြား ဣရိယာပုထ္(ကိုယ္အမူအရာ)ေလးမ်ိဳးလုံးမွာ ေမတၱာကမၼ႒ာန္း စီးျဖန္းႏိုင္ပါသည္။

ပရိတ္႐ြတ္ အမွ်ေဝ ေမတၱာပို႔ၿပီးသည့္အခါ စႀကႍကမၼ႒ာန္းအျဖစ္ ေမတၱာကမၼ႒ာန္း စီးျဖန္းပါသည္။ အ႐ုဏ္ဆြမ္းဝိုင္းကို အာ႐ုံယူ၍ တစ္ႀကိမ္၊ ေန႔ဆြမ္းဝိုင္းကို အာ႐ုံယူ၍ တစ္ႀကိမ္၊ အျခားလႉဖြယ္မ်ားကို အာ႐ုံယူ၍ တစ္ႀကိမ္ ေမတၱာပို႔သပါသည္။ ဆြမ္းပစၥည္းႏွင့္ စပ္ဆက္သမွ် ကုသိုလ္ရွင္ ခုနစ္ရက္သားသမီးအေပါင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေၾကာင့္ၾကခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ။

ဤေက်ာင္းတိုက္ႏွင့္ စပ္ဆက္သမွ် ကုသိုလ္ရွင္ ခုနစ္ရက္သားသမီးအေပါင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေၾကာင့္ၾကခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ။

ပစၥည္းေလးပါးႏွင့္ စပ္ဆက္သမွ် ကုသိုလ္ရွင္ ခုနစ္ရက္သားသမီးအေပါင္းတို႔သည္ ေဘးရန္ခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ဆင္းရဲခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေၾကာင့္ၾကခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ေဒါသခပ္သိမ္း ကင္းၿငိမ္းၾကပါေစ၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းၾကပါေစ။

ခပ္သိမ္းေသာသတၱဝါမ်ား၊ နတ္ေဒဝါမ်ား စသည္ စုံလင္ေအာင္ ေမတၱာပို႔ပါသည္။ လမ္းေလွ်ာက္ေမတၱာပို႔ခ်ိန္ (ေမတၱာကမၼ႒ာန္းစီးျဖန္းခ်ိန္) နာရီဝက္ခန္႔ ၾကာပါသည္။

အလြန္တရာ စိတ္ၿငိမ္းခ်မ္းပါသည္။ ထို႔ေၾကာင့္ စာေရးသူသည္ လူပင္ပန္းေသာ္လည္း စိတ္မပူေလာင္ပါ။ အလုပ္မ်ားသျဖင့္ ေခါင္းမီးေတာက္မတတ္ ပူေလာင္ေသာ္လည္း ႏွလုံးစိတ္ဝမ္းကား ေအးခ်မ္းလ်က္ ရွိပါသည္။ အာ႐ုံေထြျပားသျဖင့္ ေခါင္းေနာက္တတ္ေသာ္လည္း ေမတၱာသမာဓိေၾကာင့္ စိတ္တည္ၿငိမ္ ၾကည္လင္လ်က္ ရွိပါသည္။

မဟာသမယေမတၱာ ၿပီးပါၿပီ။

ဝီရသူ(မစိုးရိမ္)
29.4.2020

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၈)


“မဟာသမယမေတ္တာ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်)

ပဋ္ဌာန်းရွတ်ပြီး ကျောင်းပေါ်ပြန်တက်ကာ လုပ်လက်စအလုပ်များကို ဆက်လုပ်ခြင်း၊ အလုပ်သစ်များ ရှာဖွေလုပ်ဆောင်ခြင်းဖြင့် ညစဉ် ညဉ့်နက်သည်အထိ အလုပ်များတတ်ပါသည်။ ကျန်းမာရေးအရ ညဉ့် ၁၂း၀၀နာရီမှ ၀၂း၀၀နာရီကို မဖြစ်မနေ အိပ်စက်ရမည့်အချိန် သတ်မှတ်ထားသော်လည်း စာရေးသူကား ၀၂း၀၀နာရီကျော်မှ အိပ်ရာဝင်ဖြစ်သည်က များပါသည်။ တစ်ခါတရံ အလုပ်စောစောပြီးသဖြင့် စောစောအိပ်ရသည်လည်း ရှိပါသည်။ ညစောစောအိပ်ရလျှင် ၁၂း၀၀နာရီ၊ ၎င်းထက်စောလျှင် ၁၁း၃၀နာရီဖြစ်ပါသည်။ သို့သော် ထိုသို့သောရက်များကား အလွန်တရာရှားပါးလှပါသည်။ ထိုသို့ စောစောအိပ်ရသည့် ညမျိုးနှင့်ကြုံလျှင် အင်မတန်ချမ်းသာပါသည်။ “ငါ အင်မတန်ချမ်းသာတာပဲ”ဟု စိတ်ထဲမှာ ပြောနေတတ်သလို တပည့်များကိုလည်း ပြောပြတတ်ပါသည်။

ညဉ့် ၁၂း၀၀နာရီနှင့် ၀၂း၀၀နာရီအတွင်းမှာ မစိုးရိမ်တိုက်သစ် မိန်းလမ်းမကြီးပေါ် လမ်းလျှောက်လျက် မဟာသမယသုတ် ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါသည်။ မိန်းလမ်းမကြီးအရှေ့ထိပ်မှ အနောက်ထိပ်ထိ လမ်းဆုံးသည့်တိုင် လျှောက်လှမ်းခြင်း မဟုတ်ပါ။ သဟာယကျောင်းရှေ့မှ စတင်ကာ ဂါရဝနှင့် ပါရဂူကြားထိ၊ သမိဒ္ဓိဆွမ်းစားကျောင်းနှင့် တိုင်းရင်းဆေးခန်းဆောင်အထိ အရှေ့အနောက် လမ်းလျှောက်၍ ရွတ်ဖတ်ခြင်း ဖြစ်ပါသည်။

ပဋ္ဌာန်းရွတ်စဉ်ကအတိုင်း ပထမဦးဆုံး နတ်ဒေဝါတွေကို ဖိတ်ခေါ်ပါသည်။ ပြီးမှ ပရိတ်ရွတ်ပါသည်။ ပြီးမှ အမျှဝေပါသည်။ ပြီးမှ မေတ္တာပို့ပါသည်။ ညဉ့်နက်မှ ရွတ်ဆိုရခြင်းသည် နတ်ဒေဝါများ နာယူခွင့်ရမည့် လူခြေတိတ်ချိန်ဖြစ်သောကြောင့်ပင်။ မဟာသမယပရိတ်တော် တစ်သုတ်တည်းမဟုတ်ပါ။ ခုနစ်သုတ်လုံး ရွတ်ဆိုခြင်း ဖြစ်ပါသည်။ မဟာသမယသုတ်၊ သမ္မာပရိဗ္ဗာဇနီယသုတ်၊ ပုရာဘေဒသုတ်၊ စူဠဗျူဟသုတ်၊ မဟာဗျူဟသုတ်၊ တုဝဋ္ဋကသုတ်တို့ ဖြစ်ပါသည်။

“နတ်ကောင်းနတ်မြတ်အပေါင်းတို့ – ငါသည် မဟာသမယသုတ် တရားတော်များဖြင့် မြတ်စွာဘုရားအား ပူဇော်မည်ဖြစ်ပါ၍ ပရိတ်တရားနာယူရန် ကြွရောက်ကြပါကုန်လော့”ဟု နှစ်ကြိမ် ဖိတ်ကြားပါသည်။

“မန္တလေးမြို့ကို စောင့်ရှောက်လျက် နေကြပေကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သာသနာတော်စောင့်နတ်မင်းကြီးနှင့်တကွ နတ်ကောင်းနတ်မြတ်အပေါင်းတို့ ငါသည် မဟာသမယသုတ် တရားတော်များဖြင့် မြတ်စွာဘုရားအား ပူဇော်မည်ဖြစ်ပါ၍ ပရိတ်တရားနာယူရန် ကြွရောက်ကြပါကုန်လော့”ဟု နောက်ဆုံးအကြိမ်၌ အထူးဖိတ်ကြားလေ့ရှိပါသည်။

နတ်ချစ်ဆေးဖြစ်၍ ပရိတ်ရွတ်သည့်အခါ နတ်ဒေဝါများ နာယူလိမ့်မည်ဟု ယုံကြည်ထားသဖြင့် အလေးအနက်ထား ရွတ်ပွားပါသည်။ ခုနစ်သုတ်လုံး ဖြည်းဖြည်းမှန်မှန် ရွတ်ဆိုလျှင် ၄၅မိနစ်ခန့် ကြာမြင့်တတ်ပါသည်။

အမျှဝေသည့်အခါ “မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ရသော ကုသိုလ်ကောင်းမှုကို မဟာသမယပရိတ်တော် နာယူကြကုန်သော နတ်လူသတ္တဝါတို့အား အမျှပေးဝေပါကုန်၏။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့……”ဟု နှစ်ကြိမ် အမျှပေးဝေပါသည်။ နောက်ဆုံးအကြိမ်၌ကား “မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ရသော ကုသိုလ်ကောင်းမှုကို မန္တလေးမြို့ရှိ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ သာသနာတော်စောင့်နတ်မင်းကြီးနှင့်တကွ နတ်ကောင်းနတ်မြတ်အပေါင်းတို့အား အမျှပေးဝေပါကုန်၏။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့……”ဟု အထူးဖိတ်ကြားထားအပ်သည့် နတ်ဒေဝါများကို ရည်စူး၍ အမျှပေးဝေလေ့ရှိပါသည်။

ကုသိုလ်ဝေမျှပြီးသွားသည့်အခါ မေတ္တာပို့ပါသည်။ ပထမ အသံထွက်၍ အကျဉ်းပို့သပါသည်။ နတ်ကောင်းနတ်မြတ်အပေါင်းတို့ သင်တို့သည် ကျနုပ်ပို့သသော မေတ္တာနှင့် ကုသိုလ်ဝေစုကို အမျှရကြသည်ဖြစ်၍ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…။

အနန္တစကြာဝဠာ၌ ရှိကြပေကုန်သော နတ်လူသတ္တဝါအပေါင်းတို့ သင်တို့သည် ကျနုပ်ပို့သသော မေတ္တာနှင့် ကုသိုလ်ဝေစုကို အမျှရကြသည်ဖြစ်၍ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…။

ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး ဒကာ ဒကာမအပေါင်းတို့ သင်တို့သည် ကျုနုပ်ပို့သသော မေတ္တာနှင့် ကုသိုလ်ဝေစုကို အမျှရကြသည်ဖြစ်၍ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…။

ဤကျောင်းတိုက်အတွင်းရှိ ဆရာတော် သံဃာတော်များနှင့် နတ်လူသတ္တဝါအပေါင်းတသည် ကျနုပ်ပို့သသော မေတ္တာနှင့် ကုသိုလ်ဝေစုကို အမျှရကြသည်ဖြစ်၍ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…။

ခပ်သိမ်းသော သတ္တဝါအပေါင်းတို့သည် ကျုနုပ်ပို့သသော မေတ္တာနှင့် ကုသိုလ်ဝေစုကို အမျှရကြသည်ဖြစ်၍ ဘေးဘယာတွေ ဝေးကွာကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…။

အနုလုံ ပဋိလုံ (ဖင်တစ်ပြန် ခေါင်းတစ်ပြန်) ခေါက်တုံ့ခေါက်ပြန် အနည်းဆုံးသုံးကြိမ်မှ အများဆုံး ငါးကြိမ်အထိ အသံထွက်ရွတ်ဆို၍ မေတ္တာပို့သပါသည်။

မေတ္တာပို့သပြီးသွားသည့်အခါ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပါသည်။ ကုသိုလ်ဖြစ် မေတ္တာပွားခြင်းနှင့် ကမ္မဋ္ဌာန်းအဆင့် မေတ္တာပွားများခြင်းတို့ မတူညီကြပါ။ အသံထွက်၍ မေတ္တာပို့သခြင်း (ဝစီကံမေတ္တာ)သည် ကုသိုလ်ဖြစ် မေတ္တာပို့သသည့်အဆင့်မျှသာ ရှိပါသည်။ မေတ္တာကမ္မဋ္ဌာန်းအဆင့်သို့ မရောက်သေးပါ။ ကမ္မဋ္ဌာန်းအဆင့်သို့ ရောက်စေလိုလျှင် အသံမထွက် နှုတ်းခမ်းမလှုပ် အကူကိရိယာမပါဘဲ စိတ်ထဲမှာသာ ပွားများရပါသည်။ အလေးအနက်ထား၍ အာရုံယူပွားများရပါသည်။ မနောကံမေတ္တာလို စိတ်ထဲမှာ ကုသိုလ်စိတ်ဖြစ်ရုံမျှ တွေးတောကြံစည်ခြင်းမျိုး သူတစ်ပါးကောင်းကျိုးလိုလားသည့်စိတ်ကလေး ပေါ်ပေါက်ရုံမျိုးလည်း မဟုတ်ပါ။ မေတ္တာခံယူမည့် ပုဂ္ဂိုလ်သတ္တဝါများကို အာရုံယူ၍ စိတ်ထဲမှာပင် မေတ္တာစေတနာများ တိုးပွားလာအောင် စိတ်ဖြင့်သာလျှင် ပွားများခြင်း ဖြစ်ပါသည်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ်(ကိုယ်အမူအရာ)လေးမျိုးလုံးမှာ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနိုင်ပါသည်။

ပရိတ်ရွတ် အမျှဝေ မေတ္တာပို့ပြီးသည့်အခါ စင်္ကြံကမ္မဋ္ဌာန်းအဖြစ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပါသည်။ အရုဏ်ဆွမ်းဝိုင်းကို အာရုံယူ၍ တစ်ကြိမ်၊ နေ့ဆွမ်းဝိုင်းကို အာရုံယူ၍ တစ်ကြိမ်၊ အခြားလှူဖွယ်များကို အာရုံယူ၍ တစ်ကြိမ် မေတ္တာပို့သပါသည်။ ဆွမ်းပစ္စည်းနှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ဤကျောင်းတိုက်နှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ပစ္စည်းလေးပါးနှင့် စပ်ဆက်သမျှ ကုသိုလ်ရှင် ခုနစ်ရက်သားသမီးအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

ခပ်သိမ်းသောသတ္တဝါများ၊ နတ်ဒေဝါများ စသည် စုံလင်အောင် မေတ္တာပို့ပါသည်။ လမ်းလျှောက်မေတ္တာပို့ချိန် (မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းချိန်) နာရီဝက်ခန့် ကြာပါသည်။

အလွန်တရာ စိတ်ငြိမ်းချမ်းပါသည်။ ထို့ကြောင့် စာရေးသူသည် လူပင်ပန်းသော်လည်း စိတ်မပူလောင်ပါ။ အလုပ်များသဖြင့် ခေါင်းမီးတောက်မတတ် ပူလောင်သော်လည်း နှလုံးစိတ်ဝမ်းကား အေးချမ်းလျက် ရှိပါသည်။ အာရုံထွေပြားသဖြင့် ခေါင်းနောက်တတ်သော်လည်း မေတ္တာသမာဓိကြောင့် စိတ်တည်ငြိမ် ကြည်လင်လျက် ရှိပါသည်။

မဟာသမယမေတ္တာ ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)
29.4.2020