အဆိုအမိန္႔

“အကန္းယံု အကုန္ရမ္း (၄)”

ျမတ္စြာဘုရားလက္ထက္ေတာ္၌ သာတိအမည္ရွိ ရဟန္းတစ္ပါးသည္ ျဗာဟၼဏဝါဒကို ဘုရားေဟာဟုဆိုကာ အယူမွားမ်ား ျဖန္႔ျဖဴးေနေလသည္။ သတၱဝါတစ္ဦးတစ္ေယာက္ေသဆံုးသည့္အခါ ရုပ္ခႏၶာကိုယ္ႀကီးသာ ပ်က္စီးသြားျခင္းျဖစ္ၿပီး အသက္ဝိညာဥ္ေကာင္(လိပ္ျပာ)ကား လံုးဝမပ်က္စီးဘဲ တစ္ဘဝၿပီးတစ္ဘဝ ကူးေျပာင္းသြားသည္ဟူေသာ ျဗာဟၼဏဝါဒကို ဘုရားေဟာအျဖစ္ ေဟာၾကားေနျခင္းျဖစ္၏။ သံဃာေတာ္မ်ားက “မာ ဘဂဝႏၲံ အဗၻာစိကၡိ- ဘုရားကို မစြပ္စြဲပါနဲ႔ ”ဟု တားျမစ္ေတာ္မူၾကေလသည္။
သာတိရဟန္းကို ျမတ္စြာဘုရားက
“ငါ အဲဒီလိုေဟာတယ္လို႔ မင္းကို ဘယ္သူကေျပာလဲ၊ ဝိညာဥ္ဟာ အေၾကာင္းတရားေၾကာင့္ျဖစ္သလို အေၾကာင္းတရားမရွိလွ်င္ ဝိညာဥ္မျဖစ္ဘူးလို႔ ပုံသဏၭာန္အမ်ဳိးမ်ဳိးနဲ႔ ငါေဟာၾကားထားတာ မင္းမသိဘူးလား၊ မင္းဟာမင္း မဟုတ္မဟတ္ေတြ ေလွ်ာက္ယူၿပီး ငါ့ကိုလည္း စြပ္စြဲတယ္၊ အကုသိုလ္မ်ားေအာင္လည္း ေလွ်ာက္လုပ္တယ္၊ အလကားေကာင္၊ မင္း ဆင္းရဲတာရွည္လိမ့္မယ္”ဟု ျပင္းထန္စြာ အျပစ္ျပ ရႈတ္ခ်ေတာ္မူခဲ့ပါသည္။
သာတိရဟန္းကိုလည္း တဏွာပိုက္ကြန္ႀကီး ဖံုးအုပ္ခံထားရသူ၊ တဏွာထုတ္တန္းမွာ ႀကဳိးတန္းလန္းအဆြဲခံထားရသူဟု သတ္မွတ္ေတာ္မူခဲ့ပါသည္။
ဘုရားက လိင္ပညာေပး မေဟာၾကားဘဲ ေဟာၾကားသကဲ့သို႔ ထမႎၿခဳံထားသည့္ ႏိုင္ငံေရးစားဖားမ်ား ဝါဒမႈိင္းတုိက္ေနျခင္းသည္ ဘုရားကို တဏွာရာဂသမားအျဖစ္ စြပ္စြဲလိုက္ျခင္းပင္ ျဖစ္ပါသည္။
သုတ္ေၾကာင္ တဏွာရူးမ်ား ထမႎၿခဳံ တဏွာကြန္ရက္မွ အျမန္ကၽြတ္လြတ္ၾကပါေစ … ။
(မူလပဏၰာသပါဠိေတာ္၊ မဟာတဏွာသခၤယသုတ္၊ မ၊ ၁။ ၃၂၃။)

ဝီရသူ(မစိုးရိမ္)
22.5.2020
AM- 10:29

“အကန်းယုံ အကုန်ရမ်း (၄)”

မြတ်စွာဘုရားလက်ထက်တော်၌ သာတိအမည်ရှိ ရဟန်းတစ်ပါးသည် ဗြာဟ္မဏဝါဒကို ဘုရားဟောဟုဆိုကာ အယူမှားများ ဖြန့်ဖြူးနေလေသည်။ သတ္တဝါတစ်ဦးတစ်ယောက်သေဆုံးသည့်အခါ ရုပ်ခန္ဓာကိုယ်ကြီးသာ ပျက်စီးသွားခြင်းဖြစ်ပြီး အသက်ဝိညာဉ်ကောင်(လိပ်ပြာ)ကား လုံးဝမပျက်စီးဘဲ တစ်ဘဝပြီးတစ်ဘဝ ကူးပြောင်းသွားသည်ဟူသော ဗြာဟ္မဏဝါဒကို ဘုရားဟောအဖြစ် ဟောကြားနေခြင်းဖြစ်၏။ သံဃာတော်များက “မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ- ဘုရားကို မစွပ်စွဲပါနဲ့ ”ဟု တားမြစ်တော်မူကြလေသည်။
သာတိရဟန်းကို မြတ်စွာဘုရားက
“ငါ အဲဒီလိုဟောတယ်လို့ မင်းကို ဘယ်သူကပြောလဲ၊ ဝိညာဉ်ဟာ အကြောင်းတရားကြောင့်ဖြစ်သလို အကြောင်းတရားမရှိလျှင် ဝိညာဉ်မဖြစ်ဘူးလို့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ငါဟောကြားထားတာ မင်းမသိဘူးလား၊ မင်းဟာမင်း မဟုတ်မဟတ်တွေ လျှောက်ယူပြီး ငါ့ကိုလည်း စွပ်စွဲတယ်၊ အကုသိုလ်များအောင်လည်း လျှောက်လုပ်တယ်၊ အလကားကောင်၊ မင်း ဆင်းရဲတာရှည်လိမ့်မယ်”ဟု ပြင်းထန်စွာ အပြစ်ပြ ရှုတ်ချတော်မူခဲ့ပါသည်။
သာတိရဟန်းကိုလည်း တဏှာပိုက်ကွန်ကြီး ဖုံးအုပ်ခံထားရသူ၊ တဏှာထုတ်တန်းမှာ ကြိုးတန်းလန်းအဆွဲခံထားရသူဟု သတ်မှတ်တော်မူခဲ့ပါသည်။
ဘုရားက လိင်ပညာပေး မဟောကြားဘဲ ဟောကြားသကဲ့သို့ ထမိံခြုံထားသည့် နိုင်ငံရေးစားဖားများ ဝါဒမှိုင်းတိုက်နေခြင်းသည် ဘုရားကို တဏှာရာဂသမားအဖြစ် စွပ်စွဲလိုက်ခြင်းပင် ဖြစ်ပါသည်။
သုတ်ကြောင် တဏှာရူးများ ထမိံခြုံ တဏှာကွန်ရက်မှ အမြန်ကျွတ်လွတ်ကြပါစေ … ။
(မူလပဏ္ဏာသပါဠိတော်၊ မဟာတဏှာသင်္ခယသုတ်၊ မ၊ ၁။ ၃၂၃။)

ဝီရသူ(မစိုးရိမ်)
22.5.2020
AM- 10:29