အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလို႔လား” (၄)

ဂ်ပန္အစိုးရလို ျပည္သူကို မေထာက္ပံ့ႏိုင္လုိ႔ ေျပာေနၾကတာမွ မဟုတ္တာ၊
စကၤာပူအစုိးရေလာက္ေတာ့ ေစာင့္ၾကည့္ခံျပည္သူေတြကို ေစာင့္ေရွာက္ေစလိုလို႔ ေျပာၾကတာ။

ရိကၡာအိမ္ေစ့ မေပးႏိုင္လို႔ ေျပာၾကတာမွ မဟုတ္တာ၊
ခ်ဳိ႕တဲ့ႏြမ္းပါး စားစရာမဲ့ျပည္သူေတြ အိမ္ေစ့ရေစခ်င္လို႔ ေျပာၾကတာ။

တတ္ႏိုင္သေလာက္ေလး ေထာက္ပံ့ေနတာကို အျပစ္ေျပာေနၾကတာမွ မဟုတ္တာ၊
လူစုလူေဝး ရိကၡာေပးတာဟာ ျပည္သူေတြေရာဂါပိုး ကူးစက္ႏိုင္လို႔ ေျပာၾကတာ။

ရိကၡာေထာက္ပံ့တာကို ဝမ္းမသာႏိုင္လုိ႔မွ မဟုတ္တာ၊
ေရာဂါမကူးစက္ေအာင္ ေပးေဝနည္း၊ အမွန္တကယ္ဆင္းရဲသည့္ ျပည္သူ႔လက္ထဲ အေရာက္ပို႔နည္းေတြ စီမံမေပးလို႔ ေျပာၾကတာ။

Quarantine ၊ Lock Down ၊ Home Stay ေတြ မလုပ္ေစခ်င္လို႔မွ မဟုတ္တာ၊
ရပ္ရြာထဲက ေစာင့္ၾကည့္ခံ ျပည္သူေတြကို အငတ္ထားၾကလို႔ ေျပာၾကတာ။

ကိုဗစ္အေရးမွာ အစုိးရလုပ္ေနတာေတြဟာ ျပည္သူနစ္နာစရာေတြပဲ ျဖစ္ေနတယ္ဆိုတာ ျမင္ေစခ်င္ ျပင္ေစခ်င္လို႔ ေထာက္ျပတာဟာ ျပည္သူကို ခ်စ္တယ္ မခ်စ္ဘူး ဆံုးျဖတ္ႏိုင္ေလာက္တဲ့ ေဒတာေတြမို႔ ေဝဒနာနဲ႔ မဖုံးကြယ္သင့္ေၾကာင္းပါ။

ဝီရသူ(မစုိးရိမ္)
30.4.2020
AM- 11:14

“ချစ်လို့လား မုန်းလို့လား” (၄)

ဂျပန်အစိုးရလို ပြည်သူကို မထောက်ပံ့နိုင်လို့ ပြောနေကြတာမှ မဟုတ်တာ၊
စင်္ကာပူအစိုးရလောက်တော့ စောင့်ကြည့်ခံပြည်သူတွေကို စောင့်ရှောက်စေလိုလို့ ပြောကြတာ။

ရိက္ခာအိမ်စေ့ မပေးနိုင်လို့ ပြောကြတာမှ မဟုတ်တာ၊
ချို့တဲ့နွမ်းပါး စားစရာမဲ့ပြည်သူတွေ အိမ်စေ့ရစေချင်လို့ ပြောကြတာ။

တတ်နိုင်သလောက်လေး ထောက်ပံ့နေတာကို အပြစ်ပြောနေကြတာမှ မဟုတ်တာ၊
လူစုလူဝေး ရိက္ခာပေးတာဟာ ပြည်သူတွေရောဂါပိုး ကူးစက်နိုင်လို့ ပြောကြတာ။

ရိက္ခာထောက်ပံ့တာကို ဝမ်းမသာနိုင်လို့မှ မဟုတ်တာ၊
ရောဂါမကူးစက်အောင် ပေးဝေနည်း၊ အမှန်တကယ်ဆင်းရဲသည့် ပြည်သူ့လက်ထဲ အရောက်ပို့နည်းတွေ စီမံမပေးလို့ ပြောကြတာ။

Quarantine ၊ Lock Down ၊ Home Stay တွေ မလုပ်စေချင်လို့မှ မဟုတ်တာ၊
ရပ်ရွာထဲက စောင့်ကြည့်ခံ ပြည်သူတွေကို အငတ်ထားကြလို့ ပြောကြတာ။

ကိုဗစ်အရေးမှာ အစိုးရလုပ်နေတာတွေဟာ ပြည်သူနစ်နာစရာတွေပဲ ဖြစ်နေတယ်ဆိုတာ မြင်စေချင် ပြင်စေချင်လို့ ထောက်ပြတာဟာ ပြည်သူကို ချစ်တယ် မချစ်ဘူး ဆုံးဖြတ်နိုင်လောက်တဲ့ ဒေတာတွေမို့ ဝေဒနာနဲ့ မဖုံးကွယ်သင့်ကြောင်းပါ။

ဝီရသူ(မစိုးရိမ်)
30.4.2020
AM- 11:14