အဆိုအမိန့်








ဝီရသူ(မစိုးရိမ်)
29.4.2020
AM- 11:00

“ချစ်လို့လား မုန်းလို့လား” (၃)

ကိုဗစ်အရေးမှာ ကူစရာဘဏ္ဍာမရှိတော့လောက်အောင် မွဲနေတာကို ဝမ်းသာလို့ ပြောကြတာမှ မဟုတ်တာ၊
အရေးပေါ်ရန်ပုံငွေတွေကို သာသနာဖျက်အဖွဲ့ကို ပေးပစ်လိုက်လို့ ပြောကြတာ။

ကိုဗစ်အတွက် အလှူခံနေတာကို မကြိုက်လို့မှ မဟုတ်တာ၊
ဇိမ်ခံကားတွေ ရဟတ်ယာဉ်တွေနဲ့ ဘဏ္ဍာငွေတွေ ဖြုန်းတီးပစ်လို့ ပြောကြတာ။

ပြည်သူကို စေတနာမရှိလို့ အစိုးရအဖွဲ့ထံ မလှူကြတာမှမဟုတ်တာ၊
ခေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် သိန်းပေါင်း သိန်းချီငွေတွေနဲ့ ပြည်သူကို ကြည်ဖြူစွာ ကူလေမလားလို့ မျှော်လင့်မိလို့ ပြောကြတာ။

အစိုးရအဖွဲ့ရဲ့လစာတွေ NLDအမတ်တွေရဲ့လစာတွေ ပြည်သူကိုမလှူကြလို့ ပြောကြတာမှ မဟုတ်တာ၊
ပြည်သူ့ဘဏ္ဍာငွေထဲကနေ ဖက်ရှင်ဝတ်စုံတွေ ဝယ်ယူသုံးစွဲနေတာလေးကိုတော့ အခုလို အရေးပေါ်ကာလကြီးမှာ အားနာပါးနာ ခြွေတာသင့်တယ်ထင်လို့ ပြောကြတာ။

အမြင်မတူသူမို့ ငြူစူမိလို့ ပြောကြတာမှ မဟုတ်တာ၊
သန်းပေါင်းရာကျော် ဒေါ်လာတွေနဲ့ သိန်းပေါင်းသိန်းကျော် မြန်မာငွေတွေ ပိုင်ဆိုင်ထားပါလျက် ပြည်သူ့အပေါ် မစွန့်မကြဲ စေတနာမွဲလို့ ပြောကြတာ။

ပြည်ထောင်စုမိခင် ဂုဏ်ပုဒ်ကြီးကို ရယူထားပြီး ကပ်ဘေးနဲ့အငတ်ဘေးသင့်နေတဲ့ ပြည်သူတွေအပေါ် မိခင်စိတ်မမွေးတာ ဝမ်းနည်းစရာမို့ ပြည်သူကိုချစ်လို့ အစိုးရကို ဝေဖန်တာလို့ မှတ်သားသင့်ကြောင်းပါ။

ဝီရသူ(မစိုးရိမ်)
29.4.2020
AM- 11:00