အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလို႔လား” (၂)

မက္စ္ခ်ဳပ္တတ္တာကို မနာလိုတိုရွည္ျဖစ္ၾကတာမွ မဟုတ္တာ၊
ဗိုင္းရပ္စ္ပိုးကို မကာကြယ္ႏိုင္တဲ့ မက္စ္အမ်ဳိးအစားႀကီးျဖစ္ေနလို႔ ေျပာၾကတာ။

က်န္းမာေရးဝန္ထမ္းေတြကို သူရဲေကာင္းဘြဲ႔ခ်ီးျမႇင့္ေနတာ မႀကဳိက္လို႔မွ မဟုတ္တာ၊
ကိုယ္တုိင္သြားေရာက္အားေပးသင့္ပါလ်က္ အခန္းထဲကမထြက္လို႔ ေျပာၾကတာ။

ဗီြဒီယိုေဆြးေႏြးခန္းေတြကို မႀကဳိက္လို႔မွ မဟုတ္တာ၊
ေဆြးေႏြးခန္းေလးတစ္ခုတည္းကိုပဲ အလုပ္ႀကီးအကိုင္ႀကီးထင္ၿပီး စည္းစိမ္ယစ္မူးေနလုိ႔ ေျပာၾကတာ။

အလုပ္မလုပ္လို႔ ေျပာၾကတာမွမဟုတ္တာ၊
အလုပ္လုပ္ပံု နည္းလမ္းမက်လို႔ ေျပာၾကတာ။

မဟုတ္တာေတြ လုပ္ေနလို႔ ေျပာၾကတာမွမဟုတ္တာ၊
လုပ္တာေတြ မဟုတ္လုိ႔သာ ေျပာၾကတာ။

ဒီမိုကေရစီေခတ္မွာ အစုိးရေခါင္းေဆာင္ကို ေဝဖန္ခြင့္မရွိဘူးဆိုရင္လည္း လက္တုိ႔လုိက္ပါဦးေနာ္။ အေဝဖန္မခံႏိုင္ရင္ အစုိးရမလုပ္နဲ႔လို႔ အတုိက္အခံစကား နားေထာင္မိခဲ့ဖူးလို႔ပါ။ ေဝဖန္သူေတြရဲ႕ ႏွလံုးသားေတြထဲမွာ ျပည္သူ႔အက်ဳိးလိုလားတာေတြ မ်ားေနတာကိုေတာ့ ျမင္ေအာင္ၾကည့္ေပးသင့္ေၾကာင္းပါ။

ဝီရသူ(မစိုးရိမ္)
28.4.2020
AM-10:45

“ချစ်လို့လား မုန်းလို့လား” (၂)

မက်စ်ချုပ်တတ်တာကို မနာလိုတိုရှည်ဖြစ်ကြတာမှ မဟုတ်တာ၊
ဗိုင်းရပ်စ်ပိုးကို မကာကွယ်နိုင်တဲ့ မက်စ်အမျိုးအစားကြီးဖြစ်နေလို့ ပြောကြတာ။

ကျန်းမာရေးဝန်ထမ်းတွေကို သူရဲကောင်းဘွဲ့ချီးမြှင့်နေတာ မကြိုက်လို့မှ မဟုတ်တာ၊
ကိုယ်တိုင်သွားရောက်အားပေးသင့်ပါလျက် အခန်းထဲကမထွက်လို့ ပြောကြတာ။

ဗွီဒီယိုဆွေးနွေးခန်းတွေကို မကြိုက်လို့မှ မဟုတ်တာ၊
ဆွေးနွေးခန်းလေးတစ်ခုတည်းကိုပဲ အလုပ်ကြီးအကိုင်ကြီးထင်ပြီး စည်းစိမ်ယစ်မူးနေလို့ ပြောကြတာ။

အလုပ်မလုပ်လို့ ပြောကြတာမှမဟုတ်တာ၊
အလုပ်လုပ်ပုံ နည်းလမ်းမကျလို့ ပြောကြတာ။

မဟုတ်တာတွေ လုပ်နေလို့ ပြောကြတာမှမဟုတ်တာ၊
လုပ်တာတွေ မဟုတ်လို့သာ ပြောကြတာ။

ဒီမိုကရေစီခေတ်မှာ အစိုးရခေါင်းဆောင်ကို ဝေဖန်ခွင့်မရှိဘူးဆိုရင်လည်း လက်တို့လိုက်ပါဦးနော်။ အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့လို့ အတိုက်အခံစကား နားထောင်မိခဲ့ဖူးလို့ပါ။ ဝေဖန်သူတွေရဲ့ နှလုံးသားတွေထဲမှာ ပြည်သူ့အကျိုးလိုလားတာတွေ များနေတာကိုတော့ မြင်အောင်ကြည့်ပေးသင့်ကြောင်းပါ။

ဝီရသူ(မစိုးရိမ်)
28.4.2020
AM-10:45