အဆိုအမိန္႔

“ခ်စ္လို႔လား မုန္းလို႔လား” (၁)

ျမန္မာျပည္သူေတြနဲ႔ မထိေတြ႔ေစခ်င္လို႔မွ မဟုတ္တာ၊
ႀကဳိတင္ကာကြယ္ရင္ ရရဲ႕သားနဲ႔ ေလွ်ာက္သြားေနလို႔ ေျပာၾကတာ။

ဗိုင္းရပ္စ္ျပန္႔ေစခ်င္လို႔မွ မဟုတ္တာ၊
လူထုေတြ႔ဆံုပြဲေတြ အားရေအာင္လုပ္ၿပီးမွ သူမ်ားလုပ္လုိ႔မရေအာင္ ပိတ္ပစ္လိုက္လိ္ု႔ ေျပာၾကတာ။

ေဖ့စ္ဘုတ္သံုးတာ မႀကဳိက္လို႔မွ မဟုတ္တာ၊
ျပည္သူေတြ ကပ္ဆိုက္ေနခ်ိန္မွာ အခန္းေအာင္း လိုင္းသံုးၿပီး ဇိမ္ခံေနလို႔ ေျပာၾကတာ။

လိုင္းေပၚကေန ငိုျပေစခ်င္လို႔မွ မဟုတ္တာ၊
လူႀကီးပီပီ ဣေျႏၵသိကၡာနဲ႔ တည္တည္တန္႔တန္႔ေနရမွာကို ၿပီတီတီလုပ္ျပေနလို႔ ေျပာၾကတာ။

က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေဆြးေႏြးေနတာကို မႀကဳိက္တာမွ မဟုတ္တာ၊
သူမ်ားကိုေတာ့ ေျမႇာက္ပင့္ေပးၿပီး ကိုယ္တုိင္က် အခန္းထဲကေတာင္ မထြက္ရဲဘူးဆိုတာ ေပၚလြင္ေနလို႔ ေျပာၾကတာ။

ႏိုင္ငံ့ေခါင္းေဆာင္ကို ႏိုင္ငံသူႏိုင္ငံသားေတြ ေဝဖန္ၾကတာ၊ အစိုးရအဖြဲ႔ကို ျပည္သူေတြေဝဖန္ၾကတာဟာ တုိင္းျပည္ကို ခ်စ္လို႔လား မုန္းလို႔လား၊ ေစတနာလား ေဝဒနာလား ခြဲျခားတတ္ဖို႔ေတာ့ လိုေၾကာင္းပါ။

ဝီရသူ(မစုိးရိမ္)
27.4.2020
PM- 4:45

“ချစ်လို့လား မုန်းလို့လား” (၁)

မြန်မာပြည်သူတွေနဲ့ မထိတွေ့စေချင်လို့မှ မဟုတ်တာ၊
ကြိုတင်ကာကွယ်ရင် ရရဲ့သားနဲ့ လျှောက်သွားနေလို့ ပြောကြတာ။

ဗိုင်းရပ်စ်ပြန့်စေချင်လို့မှ မဟုတ်တာ၊
လူထုတွေ့ဆုံပွဲတွေ အားရအောင်လုပ်ပြီးမှ သူများလုပ်လို့မရအောင် ပိတ်ပစ်လိုက်လို့ ပြောကြတာ။

ဖေ့စ်ဘုတ်သုံးတာ မကြိုက်လို့မှ မဟုတ်တာ၊
ပြည်သူတွေ ကပ်ဆိုက်နေချိန်မှာ အခန်းအောင်း လိုင်းသုံးပြီး ဇိမ်ခံနေလို့ ပြောကြတာ။

လိုင်းပေါ်ကနေ ငိုပြစေချင်လို့မှ မဟုတ်တာ၊
လူကြီးပီပီ ဣန္ဒြေသိက္ခာနဲ့ တည်တည်တန့်တန့်နေရမှာကို ပြီတီတီလုပ်ပြနေလို့ ပြောကြတာ။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေးနွေးနေတာကို မကြိုက်တာမှ မဟုတ်တာ၊
သူများကိုတော့ မြှောက်ပင့်ပေးပြီး ကိုယ်တိုင်ကျ အခန်းထဲကတောင် မထွက်ရဲဘူးဆိုတာ ပေါ်လွင်နေလို့ ပြောကြတာ။

နိုင်ငံ့ခေါင်းဆောင်ကို နိုင်ငံသူနိုင်ငံသားတွေ ဝေဖန်ကြတာ၊ အစိုးရအဖွဲ့ကို ပြည်သူတွေဝေဖန်ကြတာဟာ တိုင်းပြည်ကို ချစ်လို့လား မုန်းလို့လား၊ စေတနာလား ဝေဒနာလား ခွဲခြားတတ်ဖို့တော့ လိုကြောင်းပါ။

ဝီရသူ(မစိုးရိမ်)
27.4.2020
PM- 4:45