အဆိုအမိန့်
(ဓမ္မပဒ။ တိဿဒဟရဝတ္ထု။ ဇာတက။ ကဋာဟကဇာတ်။)
ဝီရသူ(မစိုးရိမ်)
“အစွန်းနှစ်ဖက် လွတ်အောင်နေ”
သဒ္ဓါသလောက်သာ လှူပါစေ၊ ဣဿာမဖြစ်စေနဲ့။
ကြည်ညိုရာသာ လှူပါစေ၊ ဣဿာမဖြစ်စေနဲ့။
ဣဿာဖြစ်တာ အပြစ်ပါ၊ မဂ်ဖိုလ်လွဲလေရဲ့။
အပြစ်မြင်လွန်းအားကြီးတာ အစွန်းတစ်ဖက်ပါ။
အမွှန်းတင်လွန်းအားကြီးတာ အစွန်းတစ်ဖက်ပါ။
ကြွားဝါလွန်းတာ ကဲ့ရဲ့တာ ဘုရားမကြိုက်ပါ။
အစွန်းနှစ်ဖက် ထွက်သူမှာ အရှက်ကွဲတတ်တာ။
အစွန်းမထွက်အောင် နောင်အစဉ်သာ ရှောင်ကြဉ်ကြရမှာ။
(ဓမ္မပဒ။ တိဿဒဟရဝတ္ထု။ ဇာတက။ ကဋာဟကဇာတ်။)
ဝီရသူ(မစိုးရိမ်)
(27.1.2020-သဟာယအင်တာနက်ရေဒီယိုမှ ထုတ်လွှင့်သော ‘အစွန်းနှစ်ဖက် လွတ်အောင်နေ’တရားတော်။)