သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (ဂ)

“ႏိုင္ငံေရးအတၱ ႏိုင္ငံေရးအာဃာတ”
ကိုေဆြဝင္းက သတင္းသမားသက္သက္မဟုတ္ပါဘူး။ ႏို္င္ငံေရးသမားလည္း ျဖစ္ေနပါတယ္။ သတင္းႏွင့္ ႏိုင္ငံေရးမွာ ႏိုင္ငံေရးဘက္ကေတာင္ ပိုၿပီးအားသာေနတာ ေတြ႔ရပါတယ္။ သတင္းစာပညာႏွင့္ ႏိုင္ငံေရးလုပ္စားေနတဲ့ ႏိုင္ငံေရးသတင္းသမားႀကီးေပါ့ကြာ။ ဦးပဥၥင္းက ႏိုင္ငံေရးသမားေတြႏွင့္ နိစၥဓုဝ အတူေနထုိင္ခဲ့ရေလေတာ့ ႏိုင္ငံေရးသမားေတြအေၾကာင္း ေကာင္းေကာင္းႀကီး သိတာေပါ့ကြာ။ အထူးသျဖင့္ ႏိုင္ငံေရးသမားေတြရဲ႕ အတၱကို ပိုသိတာေပါ့။ ႏိုင္ငံေရးသမားေတြဟာ ျပည္သူအတြက္ အလုပ္လုပ္တယ္သာေျပာတာ သူတုိ႔အတၱကို ထိပါးလာရင္ ျပည္သူလည္း ခ်မ္းသာမေပးဘူး။ သံဃာလည္း ခ်မ္းသာမေပးဘူး။ မသိနားမလည္တဲ့ ျပည္သူ႔အေပၚ သည္းခံရေကာင္းမွန္းလည္း မသိဘူး။ ေဝဖန္ေထာက္ျပတဲ့ ရဟန္းသံဃာအေပၚ နားလည္ေပးရေကာင္းမွန္းလည္း မသိဘူး။ အတၱ အာဃာတႀကီးစြာပဲ ေဒါသတႀကီး တုန္႔ျပန္တတ္ၿပီး အညႇဳိးတႀကီး လက္စားေခ်တတ္ၾကတယ္။

ကိုေဆြဝင္းကို တရားစြဲတဲ့ ကိုေက်ာ္မ်ဳိးေရႊရဲ႕ ေဖ့စ္ဘုတ္အေကာင့္ကို ဝင္ၾကည့္ၿပီး အျပစ္ေတြရွာခဲ့ၾကတယ္။ ဓာတ္ပုံေလးတစ္ပုံ သူမ်ားတင္ထားတာကို ေကာ္ပီယူတင္ၿပီး လက္ရာေျမာက္လို႔ အတုလို႔ေတာင္ မထင္ရတဲ့အေၾကာင္းေရးထားတဲ့ မဆိုစေလာက္ အျပစ္ေလးကိုပဲ ရုိးမယ္ဖြဲ႔ၿပီး တန္ျပန္တရားစြဲခဲ့ၾကတယ္။ ႏိုင္ငံေရးအတၱ ႏိုင္ငံေရးအာဃာတေပါ့ကြာ။ ကိုေဆြဝင္းတုိ႔ မီဒီယာသမားေတြ ပိုၿပီးအကြက္ေတြ႔သြားတာက မန္းသပိတ္ေပါ့ေနာ္။ သပိတ္စခန္းသံဃာေတြကို ဆြမ္းလာကပ္တဲ့အဖြဲ႔ႏွင့္ လုိက္သြားတဲ့ ကိုေက်ာ္မ်ဳိးေရႊကို ၅၀၅(ခ)နဲ႔ စြဲဆိုႏိုင္ခဲ့ၾကတဲ့အထိ မဟာအခြင့္အေရးႀကီး ရရွိသြားခဲ့ၾကတယ္။ ျပစ္မႈက သပိတ္ေခါင္းေဆာင္လုပ္လုိ႔ပါတဲ့။ ကိုေက်ာ္မ်ဳိးေရႊဟာ ဆြမ္းအလွဴရွင္ေတြကို သပိတ္စခန္းလုိက္ပို႔တာ သပိတ္ေမွာက္သံဃာေတြကို ႏႈတ္ဆက္ဂါရဝျပဳတာကလြဲလို႔ သပိတ္ထုိင္ျခင္း၊ ဗီႏိုင္းကိုင္ျခင္း၊ ေၾကြးေၾကာ္သံတုိင္ေပးျခင္း၊ ေၾကြးေၾကာ္သံဟစ္ေၾကြးျခင္း၊ သတင္းထုတ္ျပန္ျခင္း၊ မီဒီယာႏွင့္ အင္တာဗ်ဴးျခင္း လံုးဝ မရွိခဲ့သလို ကြယ္ရာကေန ညႊန္ၾကားခဲ့တာမ်ဳိးလည္း လံုးဝ မရွိခဲ့ပါဘူး။ ဒါေပမဲ့ ကိုေက်ာ္မ်ဳိးေရႊဟာ သပိတ္စခန္းေခါင္းေဆာင္မ်ားစာရင္းထဲမွာ ထည့္သြင္းတရားစြဲခံလုိက္ရပါတယ္။ ကိုေဆြဝင္းရံံုးခ်ိန္းေတြမွာ တရားလိုျဖစ္တဲ့ ကိုေက်ာ္မ်ဳိးေရႊက အခ်ဳပ္သားဘဝ လက္ထိပ္တန္းလန္းႀကီးနဲ႔ လာေရာက္ထြက္ဆိုရၿပီး တရားခံျဖစ္တဲ့ ကိုေဆြဝင္းကေတာ့ ကိုယ္ရံေတာ္ေတြတစ္ေထာႀကီးနဲ႔ ဆရာႀကီးစတုိင္လ္ဖမ္းကာ ဇိမ္က်က် ေနျပႏိုင္ခဲ့တယ္။ အေတာ္ဆန္းတဲ့အမႈပဲေနာ္။

အဲဒီေနာက္ပိုင္း ကိုေက်ာ္မ်ဳိးေရႊ ခါးရိုးတီဘီေရာဂါျပန္ထတယ္။ ေထာင္ဆရာဝန္ႀကီးနဲ႔ ေထာင္ပိုင္ႀကီးတုိ႔က စစ္ေဆးအတည္ျပဳေပးတယ္။ တုိင္းလႊတ္ေတာ္အမတ္ေတြလည္း လေရာက္စစ္ေဆးတယ္။ ဒီေလာက္ေသလုေမ်ာပါး ျဖစ္ေနတာေတာင္ အျပင္ေဆးရံုး တက္ခြင့္မေပးဘူး။ အာမခံလည္း မေပးခဲ့ဘူး။ မခ်ိမဆန္႔ ေဝဒနာႀကီး ခံစားရင္း ရုံးခ်ိန္းလာေရာက္ထြက္ဆိုေနရတာကို ဝီရသူႏွင့္ မဘသကို မေထာက္ခံတဲ့ သတင္းသမားေတြထဲက လူစိတ္ရွိသူအခ်ဳိ႕ေတာင္ မၾကည့္ရက္ မျမင္ရက္ ျဖစ္ရရွာတယ္။ မန္းသပိတ္ဆြမ္းကပ္အဖြဲ႔နဲ႔ လုိက္ပါသြားတဲ့ ျပစ္မႈနဲ႔ပဲ ကိုေက်ာ္မ်ဳိးေရႊဟာ ေထာင္ဒဏ္ ၁ႏွစ္ခြဲ အခ်ခံလုိက္ရတယ္။ ကိုေဆြဝင္းကေတာ့ ေအးေဆးေပါ့ေနာ္။ တရားတာ မတရားတာ အသာထား ကိုယ့္ေရွ႕မွာ ကိုယ့္ကိုတရားစြဲတဲ့သူ ဒုကၡခံစားေနရတာျမင္ရလို႔ေရာ ေထာင္က်သြားတာ ၾကားရလုိ႔ပါ ထခုန္မတတ္ ဝမ္းသာေနမွာေပါ့ေနာ္။
ႏိုင္ငံေရးအတၱဆိုတာ ဒါပါပဲ ကိုေဆြဝင္း…
အမွန္တရားက အဓိကမဟုတ္ပါဘူး။ လက္စားေခ်ဖို႔က အဓိကပါ။
တရားဥပေဒစိုးမိုးေရးက အဓိကမဟုတ္ပါဘူး။ ႏွိပ္ကြပ္ေခ်မႈန္းေရးက အဓိကပါကြာ။

အမွန္တရားကို ျမတ္ႏိုးသူေတြ တရားဥပေဒစုိးမုိးေရးကို တန္ဖိုးထားေလးစားသူေတြအတြက္ေတာ့ ကိုေက်ာ္မ်ဳိးေရႊကို ေထာင္ခ်လိုက္တဲ့လုပ္ရပ္ႀကီးက NLDအစုိးရရဲ႕ အမည္းစက္ႀကီးတစ္ကြက္လုိ႔ပဲ ျမင္ၾကမွာေပါ့ကြာ။ အရပ္သားအစိုးရ၊ တရားဥပေဒစိုးမိုးေရး ေၾကြးေၾကာ္ခဲ့တဲ့အစိုးရ၊ ျပည္သူလူထုေရြးေကာက္တင္ေျမႇာက္ထားတဲ့ ျပည္သူ႔အစိုးရႀကီးက အျပစ္မဲ့ျပည္သူတစ္ဦးကို သက္ေသတစ္စက္မွ မျပႏိုင္ဘဲ ေထာင္ခ်ပစ္လုိက္တာ မဟုတ္လား။

ကိုေက်ာ္မ်ဳိးေရႊကို ၅၀၅(ခ)နဲ႔ ေထာင္ခ်လိုက္တာဟာ ႏိုင္ငံေရးအာဃာတေၾကာင့္ဆိုတာ ျငင္းလို႔မရတဲ့ အခ်က္တစ္ခုလည္း ရွိပါေသးတယ္။ ကိုေက်ာ္မ်ဳိးေရႊ ေထာင္မွလြတ္လာၿပီး ၆၆(ဃ)နဲ႔ ရန္ကုန္ထိလာၿပီး အမႈရင္ဆိုင္ရခ်ိန္မွာ သတင္းတစ္ပုဒ္ထြက္လာတယ္။ ကိုေဆြ၀င္းအမႈကို ရုပ္သိမ္းေပးရင္ ကိုေက်ာ္မ်ဳိးေရႊအမႈလည္း ရုပ္သိမ္းေပးမယ္ဆိုတဲ့ သတင္းပါ။ ကိုေက်ာ္မ်ဳိးေရႊကို ၆၆(ဃ)နဲ႔ဆြဲတာဟာ ကလဲ့စားေခ်မႈတစ္ခုဆိုတာ ပိုေသခ်ာ သြားတာေပါ့။ ၆၆(ဃ)က အားေပ်ာ့ေတာ့ မန္းသပိတ္အကြက္၀င္လာတဲ့အခါ ၅၀၅(ခ)နဲ႔ ခပ္ျပင္းျပင္း လက္စားေခ်ခြင့္ရသြားတာေပါ့ေနာ္။ ႏိုင္ငံေရးသမားေတြအေၾကာင္း ေနာေက်ေနပါၿပီ ငါ့ေကာင္ရာ။ငါ့ေက်ာမွာလည္း ႏိုင္ငံေရးသမားေတြေပးတဲ့ ဒဏ္ရာေတြ မနည္းေတာ့ပါဘူးကြာ။ ကိုေဆြ၀င္းနဲ႔ ကိုေက်ာ္မ်ဳိးေရႊ ၆၆(ဃ)ခ်င္း အလဲအထပ္လုပ္ၿပီး ၿပိဳင္တူရုပ္သိမ္းခ်င္သပဆိုရင္ ကိုေက်ာ္မ်ဳိးေရႊ ၅၀၅(ခ)နဲ႔ တစ္ႏွစ္ခဲြႀကီးေတာင္ ေထာင္ထဲသြားေနခဲ့ရတဲ့ နစ္နာမႈကို ဘယ္အတိုင္းအတာအထိ ျပန္လည္ႏွစ္သိမ့္ေပးႏိုင္မလဲဆိုတဲ့အေပၚမွာပဲ မူတည္ပါတယ္ကြာ။ေသခ်ာတြက္ေလ ျမတ္ေလမို႔ ကိုေဆြ၀င္းမရႈံးပါဘူးေနာ။

“မီဒီယာပေယာဂႏွင့္ အျပစ္မဲ့ျပည္သူ”
ကိုေက်ာ္မ်ဳိးေရႊေနရာမွာ သတင္းသမားတစ္ဦးဦးျဖစ္မယ္၊ ႏိုင္ငံေရးသမားတစ္ဦးဦးျဖစ္မယ္ဆုိရင္ ကိုေဆြဝင္းတုိ႔ မီဒီယာသမားေတြ ဖြလုိ႔ကို ဆံုးမွာမဟုတ္ပါဘူးကြာ။ ႏိုင္ငံေရးသမားေတြကလည္း ကုလသမဂၢထိ တက္တိုင္ၾကမွာပါ။ ဒီအစုိးရက မီဒီယာဖြအားလည္းေၾကာက္ရ၊ ႏိုင္ငံတကာဖိအားလည္း ေၾကာက္ရနဲ႔ဆိုေတာ့ တစ္နည္းနည္းနဲ႔ ျပန္လႊတ္ေပးရမွာပဲမဟုတ္လား။ လႊတ္ေတာ္ကို ဒရုန္းနဲ႔ရုိက္တဲ့သူေတြ၊ ရိုက္တာ သတင္းသမားေတြရဲ႕ ျဖစ္ရပ္ကိုပဲ ၾကည့္လုိက္ေလ။

ကိုေက်ာ္မ်ဳိးေရႊက်ေတာ့ ဝီရသူရဲ႕ဒကာရင္းလည္း ျဖစ္ေနျပန္၊ အမ်ဳိးသားေရးသမားလည္း ျဖစ္ေနျပန္၊ အစုိးရကို ေဝဖန္ေထာက္ျပသူလည္း ျဖစ္ေနျပန္ေတာ့ မီဒီယာေတြကလည္း အႀကဳိက္ေတြ႔သြားတယ္ မဟုတ္လား။ ဘာပဲေျပာေျပာ အျပစ္မဲ့ျပည္သူတစ္ဦး ေထာင္က်ခံရတဲ့ ျဖစ္ရပ္မွာ မီဒီယာပေယာဂ မကင္းဘူးဆိုတာေတာ့ မျငင္းေလာက္ပါဘူးေနာ္။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ဂ)

“နိုင်ငံရေးအတ္တ နိုင်ငံရေးအာဃာတ”
ကိုဆွေဝင်းက သတင်းသမားသက်သက်မဟုတ်ပါဘူး။ နိုင်ငံရေးသမားလည်း ဖြစ်နေပါတယ်။ သတင်းနှင့် နိုင်ငံရေးမှာ နိုင်ငံရေးဘက်ကတောင် ပိုပြီးအားသာနေတာ တွေ့ရပါတယ်။ သတင်းစာပညာနှင့် နိုင်ငံရေးလုပ်စားနေတဲ့ နိုင်ငံရေးသတင်းသမားကြီးပေါ့ကွာ။ ဦးပဉ္စင်းက နိုင်ငံရေးသမားတွေနှင့် နိစ္စဓုဝ အတူနေထိုင်ခဲ့ရလေတော့ နိုင်ငံရေးသမားတွေအကြောင်း ကောင်းကောင်းကြီး သိတာပေါ့ကွာ။ အထူးသဖြင့် နိုင်ငံရေးသမားတွေရဲ့ အတ္တကို ပိုသိတာပေါ့။ နိုင်ငံရေးသမားတွေဟာ ပြည်သူအတွက် အလုပ်လုပ်တယ်သာပြောတာ သူတို့အတ္တကို ထိပါးလာရင် ပြည်သူလည်း ချမ်းသာမပေးဘူး။ သံဃာလည်း ချမ်းသာမပေးဘူး။ မသိနားမလည်တဲ့ ပြည်သူ့အပေါ် သည်းခံရကောင်းမှန်းလည်း မသိဘူး။ ဝေဖန်ထောက်ပြတဲ့ ရဟန်းသံဃာအပေါ် နားလည်ပေးရကောင်းမှန်းလည်း မသိဘူး။ အတ္တ အာဃာတကြီးစွာပဲ ဒေါသတကြီး တုန့်ပြန်တတ်ပြီး အညှိုးတကြီး လက်စားချေတတ်ကြတယ်။

ကိုဆွေဝင်းကို တရားစွဲတဲ့ ကိုကျော်မျိုးရွှေရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဝင်ကြည့်ပြီး အပြစ်တွေရှာခဲ့ကြတယ်။ ဓာတ်ပုံလေးတစ်ပုံ သူများတင်ထားတာကို ကော်ပီယူတင်ပြီး လက်ရာမြောက်လို့ အတုလို့တောင် မထင်ရတဲ့အကြောင်းရေးထားတဲ့ မဆိုစလောက် အပြစ်လေးကိုပဲ ရိုးမယ်ဖွဲ့ပြီး တန်ပြန်တရားစွဲခဲ့ကြတယ်။ နိုင်ငံရေးအတ္တ နိုင်ငံရေးအာဃာတပေါ့ကွာ။ ကိုဆွေဝင်းတို့ မီဒီယာသမားတွေ ပိုပြီးအကွက်တွေ့သွားတာက မန်းသပိတ်ပေါ့နော်။ သပိတ်စခန်းသံဃာတွေကို ဆွမ်းလာကပ်တဲ့အဖွဲ့နှင့် လိုက်သွားတဲ့ ကိုကျော်မျိုးရွှေကို ၅၀၅(ခ)နဲ့ စွဲဆိုနိုင်ခဲ့ကြတဲ့အထိ မဟာအခွင့်အရေးကြီး ရရှိသွားခဲ့ကြတယ်။ ပြစ်မှုက သပိတ်ခေါင်းဆောင်လုပ်လို့ပါတဲ့။ ကိုကျော်မျိုးရွှေဟာ ဆွမ်းအလှူရှင်တွေကို သပိတ်စခန်းလိုက်ပို့တာ သပိတ်မှောက်သံဃာတွေကို နှုတ်ဆက်ဂါရဝပြုတာကလွဲလို့ သပိတ်ထိုင်ခြင်း၊ ဗီနိုင်းကိုင်ခြင်း၊ ကြွေးကြော်သံတိုင်ပေးခြင်း၊ ကြွေးကြော်သံဟစ်ကြွေးခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ မီဒီယာနှင့် အင်တာဗျူးခြင်း လုံးဝ မရှိခဲ့သလို ကွယ်ရာကနေ ညွှန်ကြားခဲ့တာမျိုးလည်း လုံးဝ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုကျော်မျိုးရွှေဟာ သပိတ်စခန်းခေါင်းဆောင်များစာရင်းထဲမှာ ထည့်သွင်းတရားစွဲခံလိုက်ရပါတယ်။ ကိုဆွေဝင်းရံုံးချိန်းတွေမှာ တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက အချုပ်သားဘဝ လက်ထိပ်တန်းလန်းကြီးနဲ့ လာရောက်ထွက်ဆိုရပြီး တရားခံဖြစ်တဲ့ ကိုဆွေဝင်းကတော့ ကိုယ်ရံတော်တွေတစ်ထောကြီးနဲ့ ဆရာကြီးစတိုင်လ်ဖမ်းကာ ဇိမ်ကျကျ နေပြနိုင်ခဲ့တယ်။ အတော်ဆန်းတဲ့အမှုပဲနော်။

အဲဒီနောက်ပိုင်း ကိုကျော်မျိုးရွှေ ခါးရိုးတီဘီရောဂါပြန်ထတယ်။ ထောင်ဆရာဝန်ကြီးနဲ့ ထောင်ပိုင်ကြီးတို့က စစ်ဆေးအတည်ပြုပေးတယ်။ တိုင်းလွှတ်တော်အမတ်တွေလည်း လရောက်စစ်ဆေးတယ်။ ဒီလောက်သေလုမျောပါး ဖြစ်နေတာတောင် အပြင်ဆေးရုံး တက်ခွင့်မပေးဘူး။ အာမခံလည်း မပေးခဲ့ဘူး။ မချိမဆန့် ဝေဒနာကြီး ခံစားရင်း ရုံးချိန်းလာရောက်ထွက်ဆိုနေရတာကို ဝီရသူနှင့် မဘသကို မထောက်ခံတဲ့ သတင်းသမားတွေထဲက လူစိတ်ရှိသူအချို့တောင် မကြည့်ရက် မမြင်ရက် ဖြစ်ရရှာတယ်။ မန်းသပိတ်ဆွမ်းကပ်အဖွဲ့နဲ့ လိုက်ပါသွားတဲ့ ပြစ်မှုနဲ့ပဲ ကိုကျော်မျိုးရွှေဟာ ထောင်ဒဏ် ၁နှစ်ခွဲ အချခံလိုက်ရတယ်။ ကိုဆွေဝင်းကတော့ အေးဆေးပေါ့နော်။ တရားတာ မတရားတာ အသာထား ကိုယ့်ရှေ့မှာ ကိုယ့်ကိုတရားစွဲတဲ့သူ ဒုက္ခခံစားနေရတာမြင်ရလို့ရော ထောင်ကျသွားတာ ကြားရလို့ပါ ထခုန်မတတ် ဝမ်းသာနေမှာပေါ့နော်။
နိုင်ငံရေးအတ္တဆိုတာ ဒါပါပဲ ကိုဆွေဝင်း…
အမှန်တရားက အဓိကမဟုတ်ပါဘူး။ လက်စားချေဖို့က အဓိကပါ။
တရားဥပဒေစိုးမိုးရေးက အဓိကမဟုတ်ပါဘူး။ နှိပ်ကွပ်ချေမှုန်းရေးက အဓိကပါကွာ။

အမှန်တရားကို မြတ်နိုးသူတွေ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားလေးစားသူတွေအတွက်တော့ ကိုကျော်မျိုးရွှေကို ထောင်ချလိုက်တဲ့လုပ်ရပ်ကြီးက NLDအစိုးရရဲ့ အမည်းစက်ကြီးတစ်ကွက်လို့ပဲ မြင်ကြမှာပေါ့ကွာ။ အရပ်သားအစိုးရ၊ တရားဥပဒေစိုးမိုးရေး ကြွေးကြော်ခဲ့တဲ့အစိုးရ၊ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကြီးက အပြစ်မဲ့ပြည်သူတစ်ဦးကို သက်သေတစ်စက်မှ မပြနိုင်ဘဲ ထောင်ချပစ်လိုက်တာ မဟုတ်လား။

ကိုကျော်မျိုးရွှေကို ၅၀၅(ခ)နဲ့ ထောင်ချလိုက်တာဟာ နိုင်ငံရေးအာဃာတကြောင့်ဆိုတာ ငြင်းလို့မရတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ ကိုကျော်မျိုးရွှေ ထောင်မှလွတ်လာပြီး ၆၆(ဃ)နဲ့ ရန်ကုန်ထိလာပြီး အမှုရင်ဆိုင်ရချိန်မှာ သတင်းတစ်ပုဒ်ထွက်လာတယ်။ ကိုဆွေဝင်းအမှုကို ရုပ်သိမ်းပေးရင် ကိုကျော်မျိုးရွှေအမှုလည်း ရုပ်သိမ်းပေးမယ်ဆိုတဲ့ သတင်းပါ။ ကိုကျော်မျိုးရွှေကို ၆၆(ဃ)နဲ့ဆွဲတာဟာ ကလဲ့စားချေမှုတစ်ခုဆိုတာ ပိုသေချာ သွားတာပေါ့။ ၆၆(ဃ)က အားပျော့တော့ မန်းသပိတ်အကွက်ဝင်လာတဲ့အခါ ၅၀၅(ခ)နဲ့ ခပ်ပြင်းပြင်း လက်စားချေခွင့်ရသွားတာပေါ့နော်။ နိုင်ငံရေးသမားတွေအကြောင်း နောကျေနေပါပြီ ငါ့ကောင်ရာ။ငါ့ကျောမှာလည်း နိုင်ငံရေးသမားတွေပေးတဲ့ ဒဏ်ရာတွေ မနည်းတော့ပါဘူးကွာ။ ကိုဆွေဝင်းနဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)ချင်း အလဲအထပ်လုပ်ပြီး ပြိုင်တူရုပ်သိမ်းချင်သပဆိုရင် ကိုကျော်မျိုးရွှေ ၅၀၅(ခ)နဲ့ တစ်နှစ်ခွဲကြီးတောင် ထောင်ထဲသွားနေခဲ့ရတဲ့ နစ်နာမှုကို ဘယ်အတိုင်းအတာအထိ ပြန်လည်နှစ်သိမ့်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်ကွာ။သေချာတွက်လေ မြတ်လေမို့ ကိုဆွေဝင်းမရှုံးပါဘူးနော။

“မီဒီယာပယောဂနှင့် အပြစ်မဲ့ပြည်သူ”
ကိုကျော်မျိုးရွှေနေရာမှာ သတင်းသမားတစ်ဦးဦးဖြစ်မယ်၊ နိုင်ငံရေးသမားတစ်ဦးဦးဖြစ်မယ်ဆိုရင် ကိုဆွေဝင်းတို့ မီဒီယာသမားတွေ ဖွလို့ကို ဆုံးမှာမဟုတ်ပါဘူးကွာ။ နိုင်ငံရေးသမားတွေကလည်း ကုလသမဂ္ဂထိ တက်တိုင်ကြမှာပါ။ ဒီအစိုးရက မီဒီယာဖွအားလည်းကြောက်ရ၊ နိုင်ငံတကာဖိအားလည်း ကြောက်ရနဲ့ဆိုတော့ တစ်နည်းနည်းနဲ့ ပြန်လွှတ်ပေးရမှာပဲမဟုတ်လား။ လွှတ်တော်ကို ဒရုန်းနဲ့ရိုက်တဲ့သူတွေ၊ ရိုက်တာ သတင်းသမားတွေရဲ့ ဖြစ်ရပ်ကိုပဲ ကြည့်လိုက်လေ။

ကိုကျော်မျိုးရွှေကျတော့ ဝီရသူရဲ့ဒကာရင်းလည်း ဖြစ်နေပြန်၊ အမျိုးသားရေးသမားလည်း ဖြစ်နေပြန်၊ အစိုးရကို ဝေဖန်ထောက်ပြသူလည်း ဖြစ်နေပြန်တော့ မီဒီယာတွေကလည်း အကြိုက်တွေ့သွားတယ် မဟုတ်လား။ ဘာပဲပြောပြော အပြစ်မဲ့ပြည်သူတစ်ဦး ထောင်ကျခံရတဲ့ ဖြစ်ရပ်မှာ မီဒီယာပယောဂ မကင်းဘူးဆိုတာတော့ မငြင်းလောက်ပါဘူးနော်။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020