သတင်း


 

“ဇေယျာသိင်္ဂီ သီလရှင်စာသင်တိုက် သြဝါဒ”

 

ဒုတိယဝါဆိုလဆန်း ၁၃ ရက်၊ 25.7.2018 ရက်နေ့၊ မနက် ၈း၀၀ နာရီ၊ စစ်ကိုင်းမြို့၊ ဇေယျာသိင်္ဂီချောင် သီလရှင်စာသင်တိုက်မှာ သြဝါဒပေးပါတယ်။

မင်းကွန်းပုထိုးတော်ကြီးမှအပြန် လမ်းကြုံဝင်ရင်း ရောက်တုန်းရောက်ခိုက် သြဝါဒပေးတာပါ။

စာကိုဇောက်ချလုပ်ဖို့၊ စာမေးပွဲပြီးမှ အင်တာနက်သုံးဖို့၊ ဖေ့ဘုတ်သုံးရင်လည်း အမျိုးဘာသာ သာသနာအတွက် အကျိုးရှိရာရှိကြောင်း သတင်းလေးတွေ စတေးတပ်လေးတွေပဲတင်ဖို့ ဆယ်လ်ဖီဆွဲတာတို့ ဓာတ်ပုံတင်တာတို့ လူပုဂ္ဂိုလ်တွေလုပ်သလို လိုက်မလုပ်ဖို့ သြဝါဒပေးခဲ့ပါတယ်။

သီလရှင်ဆရာကြီးများနှင့် တပည့်သီလရှင်ဆရာလေးများ လိုလိုလားလား နာယူကြပါတယ်။