အဆိုအမိန့်


‘နဂါးမင်းသီလ’

‘ဂဠုန်မင်းသီလ’

‘သိကြားမင်းသီလ’

‘ပြည့်ရှင်မင်းသီလ’

‘အဆုံးအဖြတ်သီလ’

ဝီရသူ(မစိုးရိမ်)

“ကိုကျင့်သီလ ပြိုင်ကြသူများ”

‘နဂါးမင်းသီလ’
ရန်သူမြင်လျက် အမျက်မထွက်ပါ၊
ငါ့စိတ်ကိုငါ စောင့်ထိန်းတာ၊
ဒါကြောင့်ငါသာ အမြတ်ဆုံးပါ။

‘ဂဠုန်မင်းသီလ’
အစာဟူသော အကြောင်းကြောင့် ငါ၊
မကောင်းမှုတွေကို မပြုလုပ်ပါ၊
ဒါကြောင့်ငါသာ အမြတ်ဆုံးပါ။

‘သိကြားမင်းသီလ’
နတ်သမီးကညာ ပယ်စွန့်ကာ၊
ဥပုသ်စောင့်တာ ခက်လှစွာ၊
ငါကြောင့်ငါသာ အမြတ်ဆုံးပါ။

‘ပြည့်ရှင်မင်းသီလ’
ထီးနန်းဥစ္စာ ပယ်စွန့်ကာ၊
ဥပုသ်စောင့်တာ ခက်လှစွာ၊
ငါကြောင့်ငါသာ အမြတ်ဆုံးပါ။

‘အဆုံးအဖြတ်သီလ’
မင်းမြတ်လေးပါး ဆိုစကားဟာ၊
လှည်ဒေါက်တိုင်ပမာ မြဲလှတာ၊
လေးပါးလုံးသာ အမြတ်ဆုံးပါ။

ဝီရသူ(မစိုးရိမ်)
(13.12.2019 – သဟာယအင်တာနက်ရေဒီယိုမှ ထုတ်လွှင့်ခဲ့သော အမစ္စောဝါဒ(၁၆)တရားတော်)