သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း” (ခ)

“၆၆(ဃ)က အမႈေသးေသးေလးပါကိုေဆြဝင္း”
ကိုေဆြဝင္းေရ မုဆိုးေဝါဟာရအတုိင္းေျပာရရင္ အေကာင္ႀကီးႀကီးဆိုေတာ့ ဖမ္းရခက္တာေပါ့ေနာ္။ ကိုေဆြဝင္းကို တရားစြဲရတာလည္း ဘယ္လြယ္ကူပါ့မလဲ။ သမၼတကိုယ္တိုင္ ခ်ီးျမႇင့္ထားတဲ့ ဆုတံဆိပ္ပိုင္ရွင္ႀကီး၊ ႏိုင္ငံတကာနဲ႔ ေပါင္းသင္းဆက္ဆံ ပူေပါင္းလုပ္ေဆာင္ေနတဲ့ အယ္ဒီတာခ်ဳပ္ႀကီးဆိုေတာ့ ဘယ္သူက စြဲခြင့္ျပဳဝံ့ပါ့မလဲကြာ။ ၿမဳိ႕နယ္ဥပေဒအရာရွိကလည္း မလုပ္ရဲဘူး။ ခရိုင္ဥပေဒအရာရွိကလည္း မလုပ္ခ်င္ဘူး။ တုိင္းဥပေဒအရာရွိကလည္း တြန္႔ဆုတ္ေနလို႔ အမႈက ေအးေဆးသြားတာပါကြာ။ အခ်ဳိ႕ဆို “တရားစြဲလိုက္မွ ပိုဆိုးသြားတယ္။ ထပ္မံေစာ္ကားခံလုိက္ရတာပဲရွိတယ္။ မိေအးႏွစ္ခါနာျဖစ္သြားတယ္။ ဘုန္းႀကီးတစ္ပါးကို ရုပ္သံကေန ေျပာင္ေျပာင္တင္းတင္း ေစာ္ကားတာေတာင္ တရားစြဲခြင့္မေပးတာ အံ့ၾသတယ္”စသည္စသည္ ေဝဖန္မိၾကေတာ့တယ္။ လူတုိင္းကလည္း ကိုေဆြဝင္းေနာက္ကြယ္က အေကာင္ႀကီးေတြေၾကာင့္ ကိုေဆြဝင္းကို မတို႔ထိရဲဘူး ထင္ျမင္ေနၾကတာ။ ထင္လည္း ထင္စရာပဲေလ။ စတင္တိုင္ၾကားတဲ့ 7.3.2017.မွ 7.8,2017အထိ တရားရံုးေရာက္ဖုိ႔ ငါးလေတာင္ ၾကာခဲ့တယ္မဟုတ္လား။ အားလံုး ေမ့ေလာက္မွ ကိုေဆြဝင္းကို ေလဆိ္ပ္မွာဖမ္းထားတဲ့သတင္း ထြက္ေပၚလာတာေလ။


အဲဒါနဲ႔ပတ္သက္ၿပီး ကိုေဆြဝင္းတုိ႔သတင္းသမားထဲက တစ္ေယာက္ေရးထားတာ ဖတ္လိုက္ရတယ္။ သူကလည္း သူေရးတာမမွန္ရင္ သူ႔ကို တရားစြဲႏိုင္ပါတယ္တဲ့။ သူေရးထားတာက ရဲစခန္းမွာ လာေရာက္အစစ္ခံပါမယ္လုိ႔ ကတိေပးထားၿပီးမွ တာဝန္ရွိိသူေတြကို အသိမေပးဘဲ ျပည္ပထြက္ခြာဖုိ႔ လုပ္တာပါတဲ့။ ထုိင္းႏိုင္ငံကေန အေနာက္ႏိုင္ငံတစ္ခုခုဆီ သြားေရာက္ေနထုိင္ရင္း ဆက္သြယ္ေရးဥပေဒျပင္ဆင္ၿပီးမွ ျပန္လာဖုိ႔ စီစဥ္ခဲ့တာပါတဲ့။ အမ်ားထင္သလို ထုိင္းမွာရံုးခြဲဖြင့္ထားလို႔မဟုတ္ဘဲ ယာယီထြက္ေျပးတိမ္းေရွာင္ၿပီး ထုိင္းမွာခဏေနဖို႔ သြားတာပါတဲ့။ ဒါေပမဲ့ ကိုေဆြဝင္းတုိ႔အသိုင္းအဝိုင္းထဲကပဲ သတင္းေပးလုိ႔ ကိုေဆြဝင္းကို ေလဆိပ္မွာ ထိန္းထားလုိက္ၾကတာပါတဲ့။ ကိုေဆြဝင္း ရန္ကုန္ေလဆိပ္ေရာက္ေနခ်ိန္မွာ စခန္းမွဴးဦးေက်ာ္သူက ဖုန္းဆက္ေသးတယ္မဟုတ္လား။ လာေရာက္ထြက္ဆိုဖို႔ ရက္ခ်ိန္းေပးထားၿပီးမွ ေလဆိပ္ေရာက္ေနတယ္ဆိုေတာ့ သူလည္း စိတ္ပူမိမွာေပါ႔ေနာ္။ ဒါေၾကာင့္ ကိုေဆြဝင္းထံ ဖုန္းဆက္တာျဖစ္မွာေပါ့။ ကိုေဆြဝင္းသာ ရိုးသားရင္ ‘က်ေနာ္ ရန္ကုန္ေလဆိပ္ေရာက္ေနတယ္။ အခ်ိန္မီျပန္လာခဲ့ပါမယ္’လုိ႔ ကတိေပးရမွာပါတဲ့။ အခုက် ထုိင္းသြားမည့္အေၾကာင္း၊ ေလဆိပ္ေရာက္ေနေၾကာင္း လံုးဝမေျပာပါဘူးတဲ့။ ဒါဟာ မရိုးသားရာ ေရာက္ပါတယ္တဲ့။
ကိုေဆြဝင္းေရ လုိင္းေပၚမွာ ဝင္းေက်ာ္(CJ)ဆိုတဲ့ သတင္းသမားတစ္ေယာက္ေရးထားတာရယ္၊ စခန္းမွဴးေက်ာ္သူက ဖုန္းဆက္တယ္ဆုိတာရယ္ ဟုတ္ မဟုတ္ ေျဖေပးပါဦးေနာ္။

“သတၱိခဲ တရားသူႀကီးမ ေက်းဇူး”
ဒီလိုနဲ႔ စခန္းမွဴးဦးေက်ာ္သူကိုယ္တိုင္ အေရးေပၚခရီးအျဖစ္ ရန္ကုန္ထိဆင္းၿပီး ကိုေဆြဝင္းကို ေခၚခဲ့ရတာ မဟုတ္လား။ ကိုေဆြဝင္းကိုယ္တုိင္ကလည္း ‘ကၽြန္ေတာ့္ကို စခန္းမွာမထားပါနဲ႔၊ အုိးဘိုေထာင္ကိုပဲ တန္းပို႔ပါ’လုိ႔ ဦးေက်ာ္သူကို ေတာင္းဆိုဖူးတယ္မဟုတ္လား။ အဲဒီတုန္းက ၆၆(ဃ)ပုဒ္မဟာ အာမခံေပးခြင့္မရွိတဲ့ ပုဒ္မမုိ႔ ကိုေဆြဝင္းက အဲဒီလိုေတာင္းဆိုတာ ျဖစ္မွာေပါ့။ တစ္နည္းအားျဖင့္ ကိုယ့္အျပစ္ကိုယ္သိလုိ႔ ကိုယ့္ေဂဟာကိုယ္ရွာတာေနမွာေပါ့ေနာ္။ အဲဒီလိုေတာင္းဆိုတာဟာ တစ္စံုတရာရဲ႕ အႀကံဉာဏ္ပဲလား ကိုေဆြဝင္းရဲ႕ အုိင္ဒီယာေၾကာင့္ပဲလားဆိုတာေတာ့ မသိဘူးေပါ့ေနာ္။ ကိုေဆြဝင္းကံေကာင္းပါတယ္။ (ေထာင္ႀကီးခ်ဳပ္အတြက္ ရီမန္ယူဖို႔ တရားရံုးေရာက္ရွိတာနဲ႔ တရားသူႀကီးမက ကိုေဆြဝင္းကို အာမခံေပးလုိက္လို႔ပါပဲ။ အဲဒီတုန္းက ၆၆(ဃ)ကို ဘယ္သူမွ အာမခံမေပးရဲၾကတာပါေနာ္။ ေနမ်ဳိးေဝဆို ေသလုေမ်ာပါး ဂိေနတာေတာင္မွ ၆၆(ဃ)မုိ႔ အာမခံေလွ်ာက္ထားတာ မရရွိခဲ့ဘူးမဟုတ္လား။ မဟာေအာင္ေျမတရားသူႀကီးမကေတာ့ ရဲသဗ်။ ခဏဆိုၿပီး အခန္းထဲဝင္သြားတာ နာရီဝက္ေလာက္ၾကာမွ ျပန္ထြက္လာၿပီး ကိုေဆြဝင္းကို အာမခံေပးလုိက္ပါေတာ့တယ္။) တရားလိုဆိုတာ ျဖဴသလား မဲသလားေတာင္ မသိရေသးဘဲ တရားခံ(စြပ္စြဲခံရသူ)ကို အာမခံတန္းေပးပစ္လုိက္တဲ့သေဘာပါပဲ။ ၆၆(ဃ)နဲ႔ အာမခံေပးတာဟာ ကိုေဆြဝင္းက အရင္ဆံုးပါပဲ။ တရားသူႀကီးမ ေပးရဲတာလည္း အဆန္းသားပါ။ အာမခံေပးခြင့္မရွိတဲ့ ပုဒ္မျဖစ္ေနတာလည္း သူသိတယ္။ ထြက္ေျပးဖုိ႔ ေလဆိပ္မွာဖမ္းခဲ့ရတာလည္း သူသိတယ္။ ဦးပဥၥင္းနဲ႔ ကိုေဆြဝင္း တစ္နည္းအားျဖင့္ နစ္နာသူႏွင့္ က်ဴးလြန္သူ ႏွစ္ဦးလံုးဟာ ကမၻာေက်ာ္နဲ႔ ႏိုင္ငံေက်ာ္ေတြ ျဖစ္ေနတာလည္း သူသိတယ္။ ဒီလိုသိသိႀကီးနဲ႔ အာမခံေပးပစ္တယ္ဆိုတာ ကိုေဆြဝင္းကို ခ်စ္လို႔ေနမွာေပါ့ေနာ္။ ကိုေဆြဝင္းေနာက္ကြယ္က အင္အားေၾကာင့္လည္း ျဖစ္ႏိုင္တာေပါ့ေနာ္။ NLDနဲ႕ တစ္နည္းမဟုတ္တစ္နည္း စပ္ဆက္ေနလို႔ ျဖစ္မွာေပါ့ေနာ္။ ဒါမွမဟုတ္ ဦးပဥၥင္းကို မုန္းလို႔(မၾကည္ညဳိလုိ႔)၊ ဦးပဥၥင္းရဲ႕အင္အားကို ဂရုစုိက္စရာမလိုလုိ႔ အမ်ဳိးသားေရးသမားေတြကို ၾကည့္မရတဲ့သူျဖစ္ေနလို႔လည္း ျဖစ္ႏိုင္တာေပါ့ေနာ္။


မဟာေအာင္ေျမတရားသူႀကီးမရဲ႕ ေက်းဇူးေၾကာင့္ ကိုေဆြဝင္းတစ္ေယာက္ သာသနာ့ဝန္ထမ္း ရဟန္းတစ္ပါးအေပၚ မီဒီယာအင္အားနဲ႕ ပိုၿပီးေတာ့ အႏိုင္က်င့္ခြင့္ ရရွိသြားတာေပါ့ေနာ္။ ပိုၿပီးေတာ့ အႏိုင္က်င့္လုိ႔ ေကာင္းသြားတာေပါ့ကြာ။ ခ်ဳိၿမိန္တယ္မဟုတ္လား။ ခ်ဳိၿမိန္ပါေစ ကိုေဆြဝင္း…။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း” (ခ)

“၆၆(ဃ)က အမှုသေးသေးလေးပါကိုဆွေဝင်း”
ကိုဆွေဝင်းရေ မုဆိုးဝေါဟာရအတိုင်းပြောရရင် အကောင်ကြီးကြီးဆိုတော့ ဖမ်းရခက်တာပေါ့နော်။ ကိုဆွေဝင်းကို တရားစွဲရတာလည်း ဘယ်လွယ်ကူပါ့မလဲ။ သမ္မတကိုယ်တိုင် ချီးမြှင့်ထားတဲ့ ဆုတံဆိပ်ပိုင်ရှင်ကြီး၊ နိုင်ငံတကာနဲ့ ပေါင်းသင်းဆက်ဆံ ပူပေါင်းလုပ်ဆောင်နေတဲ့ အယ်ဒီတာချုပ်ကြီးဆိုတော့ ဘယ်သူက စွဲခွင့်ပြုဝံ့ပါ့မလဲကွာ။ မြို့နယ်ဥပဒေအရာရှိကလည်း မလုပ်ရဲဘူး။ ခရိုင်ဥပဒေအရာရှိကလည်း မလုပ်ချင်ဘူး။ တိုင်းဥပဒေအရာရှိကလည်း တွန့်ဆုတ်နေလို့ အမှုက အေးဆေးသွားတာပါကွာ။ အချို့ဆို “တရားစွဲလိုက်မှ ပိုဆိုးသွားတယ်။ ထပ်မံစော်ကားခံလိုက်ရတာပဲရှိတယ်။ မိအေးနှစ်ခါနာဖြစ်သွားတယ်။ ဘုန်းကြီးတစ်ပါးကို ရုပ်သံကနေ ပြောင်ပြောင်တင်းတင်း စော်ကားတာတောင် တရားစွဲခွင့်မပေးတာ အံ့သြတယ်”စသည်စသည် ဝေဖန်မိကြတော့တယ်။ လူတိုင်းကလည်း ကိုဆွေဝင်းနောက်ကွယ်က အကောင်ကြီးတွေကြောင့် ကိုဆွေဝင်းကို မတို့ထိရဲဘူး ထင်မြင်နေကြတာ။ ထင်လည်း ထင်စရာပဲလေ။ တရားရုံးရောက်ဖို့ …. လတောင် ကြာခဲ့တယ်မဟုတ်လား။ အားလုံးမေ့လောက်မှ ကိုဆွေဝင်းကို လေဆိပ်မှာဖမ်းထားတဲ့သတင်း ထွက်ပေါ်လာတာလေ။
အဲဒါနဲ့ပတ်သက်ပြီး ကိုဆွေဝင်းတို့သတင်းသမားထဲက တစ်ယောက်ရေးထားတာ ဖတ်လိုက်ရတယ်။ သူကလည်း သူရေးတာမမှန်ရင် သူ့ကို တရားစွဲနိုင်ပါတယ်တဲ့။ သူရေးထားတာက ရဲစခန်းမှာ လာရောက်အစစ်ခံပါမယ်လို့ ကတိပေးထားပြီးမှ တာဝန်ရှိသူတွေကို အသိမပေးဘဲ ပြည်ပထွက်ခွာဖို့ လုပ်တာပါတဲ့။ ထိုင်းနိုင်ငံကနေ အနောက်နိုင်ငံတစ်ခုခုဆီ သွားရောက်နေထိုင်ရင်း ဆက်သွယ်ရေး ဥပဒေပြင်ဆင်ပြီးမှ ပြန်လာဖို့ စီစဉ်ခဲ့တာပါတဲ့။ အများထင်သလို ထိုင်းမှာရုံးခွဲဖွင့်ထားလို့မဟုတ်ဘဲ ယာယီထွက်ပြေးတိမ်းရှောင်ပြီး ထိုင်းမှာခဏနေဖို့ သွားတာပါတဲ့။ ဒါပေမဲ့ ကိုဆွေဝင်းတို့အသိုင်းအဝိုင်းထဲကပဲ သတင်းပေးလို့ ကိုဆွေဝင်းကို လေဆိပ်မှာ ထိန်းထားလိုက်ကြတာပါတဲ့။ ကိုဆွေဝင်း ရန်ကုန်လေဆိပ် ရောက်နေချိန်မှာ စခန်းမှူးဦးကျော်သူက ဖုန်းဆက်သေးတယ်မဟုတ်လား။ လာရောက်ထွက်ဆိုဖို့ ရက်ချိန်းပေးထားပြီးမှ လေဆိပ်ရောက်နေတယ်ဆိုတော့ သူလည်း စိတ်ပူမိမှာပေါ့နော်။ ဒါကြောင့် ကိုဆွေဝင်းထံ ဖုန်းဆက်တာဖြစ်မှာပေါ့။ ကိုဆွေဝင်းသာ ရိုးသားရင် ‘ကျနော် ရန်ကုန်လေဆိပ်ရောက်နေတယ်။ အချိန်မီပြန်လာခဲ့ပါမယ်’လို့ ကတိပေးရမှာပါတဲ့။ အခုကျ ထိုင်းသွားမည့်အကြောင်း၊ လေဆိပ်ရောက်နေကြောင်း လုံးဝမပြောပါဘူးတဲ့။ ဒါဟာ မရိုးသားရာ ရောက်ပါတယ်တဲ့။
ကိုဆွေဝင်းရေ လိုင်းပေါ်မှာ ဝင်းကျော်(CJ)ဆိုတဲ့ သတင်းသမားတစ်ယောက်ရေးထားတာရယ်၊ စခန်းမှူးကျော်သူက ဖုန်းဆက်တယ်ဆိုတာရယ် ဟုတ် မဟုတ် ဖြေပေးပါဦးနော်။

“သတ္တိခဲ တရားသူကြီးမ ကျေးဇူး”
ဒီလိုနဲ့ စခန်းမှူးဦးကျော်သူကိုယ်တိုင် အရေးပေါ်ခရီးအဖြစ် ရန်ကုန်ထိဆင်းပြီး ကိုဆွေဝင်းကို ခေါ်ခဲ့ရတာ မဟုတ်လား။ ကိုဆွေဝင်းကိုယ်တိုင်ကလည်း ‘ကျွန်တော့်ကို စခန်းမှာမထားပါနဲ့၊ အိုးဘိုထောင်ကိုပဲ တန်းပို့ပါ’လို့ ဦးကျော်သူကို တောင်းဆိုဖူးတယ်မဟုတ်လား။ အဲဒီတုန်းက ၆၆(ဃ)ပုဒ်မဟာ အာမခံပေးခွင့်မရှိတဲ့ ပုဒ်မမို့ ကိုဆွေဝင်းက အဲဒီလိုတောင်းဆိုတာ ဖြစ်မှာပေါ့။ တစ်နည်းအားဖြင့် ကိုယ့်အပြစ်ကိုယ်သိလို့ ကိုယ့်ဂေဟာကိုယ်ရှာတာနေမှာပေါ့နော်။ အဲဒီလိုတောင်းဆိုတာဟာ တစ်စုံတရာရဲ့ အကြံဉာဏ်ပဲလား ကိုဆွေဝင်းရဲ့ အိုင်ဒီယာကြောင့်ပဲလားဆိုတာတော့ မသိဘူးပေါ့နော်။ ကိုဆွေဝင်းကံကောင်းပါတယ်။ (ထောင်ကြီးချုပ်အတွက် ရီမန်ယူဖို့ တရားရုံးရောက်ရှိတာနဲ့ တရားသူကြီးမက ကိုဆွေဝင်းကို အာမခံပေးလိုက်လို့ပါပဲ။ အဲဒီတုန်းက ၆၆(ဃ)ကို ဘယ်သူမှ အာမခံမပေးရဲကြတာပါနော်။ နေမျိုးဝေဆို သေလုမျောပါး ဂိနေတာတောင်မှ ၆၆(ဃ)မို့ အာမခံလျှောက်ထားတာ မရရှိခဲ့ဘူးမဟုတ်လား။ မဟာအောင်မြေတရားသူကြီးမကတော့ ရဲသဗျ။ ခဏဆိုပြီး အခန်းထဲဝင်သွားတာ နာရီဝက်လောက်ကြာမှ ပြန်ထွက်လာပြီး ကိုဆွေဝင်းကို အာမခံပေးလိုက်ပါတော့တယ်။) တရားလိုဆိုတာ ဖြူသလား မဲသလားတောင် မသိရသေးဘဲ တရားခံ(စွပ္စွဲခံရသူ)ကို အာမခံတန်းပေးပစ်လိုက်တဲ့သဘောပါပဲ။ ၆၆(ဃ)နဲ့ အာမခံပေးတာဟာ ကိုဆွေဝင်းက အရင်ဆုံးပါပဲ။ တရားသူကြီးမ ပေးရဲတာလည်း အဆန်းသားပါ။ အာမခံပေးခွင့်မရှိတဲ့ ပုဒ်မဖြစ်နေတာလည်း သူသိတယ်။ ထွက်ပြေးဖို့ လေဆိပ်မှာဖမ်းခဲ့ရတာလည်း သူသိတယ်။ ဦးပဉ္စင်းနဲ့ ကိုဆွေဝင်း တစ်နည်းအားဖြင့် နစ်နာသူနှင့် ကျူးလွန်သူ နှစ်ဦးလုံးဟာ ကမ္ဘာကျော်နဲ့ နိုင်ငံကျော်တွေ ဖြစ်နေတာလည်း သူသိတယ်။ ဒီလိုသိသိကြီးနဲ့ အာမခံပေးပစ်တယ်ဆိုတာ ကိုဆွေဝင်းကို ချစ်လို့နေမှာပေါ့နော်။ ကိုဆွေဝင်းနောက်ကွယ်က အင်အားကြောင့်လည်း ဖြစ်နိင္တာပေါ့နော်။ NLDနဲ့ တစ်နည်းမဟုတ်တစ်နည်း စပ်ဆက်နေလို့ ဖြစ်မှာပေါ့နော်။ ဒါမှမဟုတ် ဦးပဉ္စင်းကို မုန်းလို့(မကြည်ညိုလို့)၊ ဦးပဉ္စင်းရဲ့အင်အားကို ဂရုစိုက်စရာမလိုလို့ အမျိုးသားရေးသမားတွေကို ကြည့်မရတဲ့သူဖြစ်နေလို့လည်း ဖြစ်နိုင်တာပေါ့နော်။
မဟာအောင်မြေတရားသူကြီးမရဲ့ ကျေးဇူးကြောင့် ကိုဆွေဝင်းတစ်ယောက် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးအပေါ် မီဒီယာအင်အားနဲ့ ပိုပြီးတော့ အနိုင်ကျင့်ခွင့် ရရှိသွားတာပေါ့နော်။ ပိုပြီးတော့ အနိုင်ကျင့်လို့ ကောင်းသွားတာပေါ့ကွာ။ ချိုမြိန်တယ်မဟုတ်လား။ ချိုမြိန်ပါစေ ကိုဆွေဝင်း…။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020