သတင္းေဆာင္းပါး

“တရားေရးကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းေနတာလား ကိုေဆြဝင္း”(ဃ)

“အနႏၲသူရိယအမတ္ႀကီးရဲ႕ မ်က္ေျဖလကၤာထဲကလိုပဲလား”
ကိုေဆြဝင္းေရ မဟာေအာင္ေျမတရားသူႀကီးမက အမႈကို မရုပ္သိမ္းခင္မွာပဲ သတင္းတစ္ပုဒ္ ဖတ္လုိက္ရတယ္။ ကိုေဆြဝင္းရံုးခ်ိန္းေတြမွာ စရိတ္စက ကုန္က်တာေတြ ညီးတြားငိုျပထားတဲ့ မ်က္ရည္ျခဴသတင္းတစ္ပုဒ္ပါ။ ထံုးစံအတုိင္း ဦးပဥၥင္းတုိ႔ကပဲ တမင္သက္သက္ ညႇဥ္းေနလို႔ ေငြကုန္ရသလိုမ်ဳိး တစ္ဖက္သတ္ေရးသားထားတဲ့ အတင္းတုတ္ လုပ္ႀကံသတင္းႀကီးေပါ့။ ေၾကးစားေတြငွားလာလို႔ ေငြကုန္တာမဟုတ္ဘူးလားကြာ။ ေရွ႕ေနေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းလို႔ ေငြကုန္တာ မဟုတ္ဘူးလားကြာ။ အခ်န္ၾကန္႔ၾကာေအာင္လည္း ကိုေဆြဝင္းတုိ႔ဘက္ကပဲ လုပ္ခဲ့တာမဟုတ္ဘူးလား။ အာဏာပိုင္ကို ပိုင္တယ္ဆိုၿပီး ဟိုတုိင္ဒီတုိ္င္ တုိင္ရတာနဲ႔၊ ဟိုတင္ ဒီတင္ တင္ရတာနဲ႔ အထက္ဝိတ္အသံုးခ်ခ်င္လို႔ တုိင္ရင္း တင္ရင္း အမႈမစစ္ျဖစ္လို႔ ၾကာခဲ့ၾကတာ မဟုတ္လား၊ လိုျပသက္ေသေတြက သံုးခ်ိန္းတစ္ခ်န္း မျဖစ္မေန လာၾကပါတယ္ကြာ။ ကိုေဆြဝင္းတုိ႔ဘက္က ပ်က္ကြက္တာနဲ႔ႀကဳံလုိ႔ မစစ္ျဖစ္တာ ကိုေဆြဝင္းလည္း သိၿပီးသားပါ။ ကိုေက်ာ္မ်ဳိးေရႊ အခ်ဳပ္သားဘဝနဲ႔ လာေရာက္ထြက္ဆိုဖို႔ ခက္ခဲခဲ့တာနဲ႔ ဦးပဥၥင္းတုိ႔ မစုိးရိမ္နာယကႏွစ္ပါး သံဃနာယကရံုးမွာပဲ ထြက္ဆိုဖုိ႔ တင္ထားတာေၾကာင့္ မစစ္ျဖစ္တာပဲရွိတာပါ။ ဒါေတာင္ ဦးပဥၥင္းကို အႀကိမ္ေပါင္းမည္မွ်ဆင့္ေခၚတာေတာင္ မလာဘူးဆိုၿပီး ေရာႀကိတ္ထားေသးတယ္။

“စမကပုဒ္မနဲ႔ ေသဒဏ္ေပးခ်င္သူ”
ကိုေဆြဝင္းေရ ဦးပဥၥင္းရဲ႕ ခံယူခ်က္ကေတာ့ လူမႈေရးမွာ ဟာမိုနီျဖစ္ေအာင္ေနမယ္ လူတုိင္းႏွင့္ သဟဇာတျဖစ္ေအာင္ လူမႈဆက္ဆံေရးထူေထာင္မယ္ဆိုတာပါပဲ။ ဒါေၾကာင့္လည္း ပုဂၢဳိလ္ေရးမွာ အင္မတန္သည္းခံခဲ့ပါတယ္။ ေရေျမြတစ္ေကာင္လိုပဲ ေနပါတယ္။ အဆိပ္မရွိသလို အစြယ္မရွိသလို ဦးခ်ဳိမရွိသလို လက္သည္းေျခသည္းမရွိသလို အၿမဲေနပါတယ္။ အထူးသျဖင့္ တုိင္းရင္းသားအခ်င္းခ်င္း ျမန္မာအခ်င္းခ်င္း ဘာသာတူလူမ်ဳိးတူခ်င္း သံဃာအခ်င္းခ်င္းဆို အရႈံုးေပး အေလွ်ာ့ေပးၿပီး အၿမဲတန္း ဆက္ဆံပါတယ္။ ဒါေပမဲ့ အမွန္တရားအတြက္ ဓားတစ္လက္ အၿမဲေဆာင္ထားေလ့ရွိပါတယ္။ ဓားဆိုတာ တစ္ျခားမဟုတ္ပါဘူး။ တရားဓမၼပါပဲ။ ကိုေဆြဝင္းတုိ႔ ျမင္ၾကတဲ့ ခပ္ၾကမ္းၾကမ္းဝီရသူဆိုတာ အမ်ဳိးသားေရးအႏၲရာယ္က်ေရာက္လာခ်ိန္မွာ သရုပ္ေဆာင္ရတဲ့ လူၾကမ္းႀကီးတစ္လက္ပါ။ လူေနမႈစတုိင္လ္ကေတာ့ အဲဒါနဲ႔ ဆန္႔က်င္ဘက္ေပါ့ကြာ။ ဘုရားသားေတာ္ေလးတစ္ပါးေပါ့။ ရာဇကုမာရ(မင္းသားငယ္)ေလးတစ္ပါးေပါ့။

အခုလည္း ကိုေဆြဝင္းကို တရားမစြဲခ်င္ပါဘူး။ တကယ္ေတာ့ ဦးပဥၥင္းဟာ ကိုေဆြဝင္းရဲ႕ ပရိသတ္တစ္ဦးပါ။ အင္းဝအပ္ခ်ဳပ္ဆုိင္အေရးအခင္းမွာ ကိုေဆြဝင္းကို ခ်ီးက်ဴးဂုဏ္ျပဳထားၿပီး အားေပးေထာက္ခံခဲ့သူပါ။ ကိုေဆြဝင္းက ရဟန္းတစ္ပါးကို အဲဒီလို ေစာ္ကားေမာ္ကား ေရးသားလိုက္ေတာ့ ဦးပဥၥင္း အေတာ္အံ့ၾသခဲ့ရတယ္။ ခ်က္ခ်င္း တရားစြဲခ်င္တဲ့ တပည့္ေတြကိုေတာင္ ဦးပဥၥင္းကပဲ ျပန္လည္တားဆီးခဲ့ရတယ္။ ေတာင္းပန္ခိုင္းပါဦး၊ ခုနစ္ရက္ျပည့္လုိ႔မွ မေတာင္းပန္ရင္ေတာ့ မင္းတို႔သေဘာေပါ့လို႔ ေခ်ာ့ေမာ့တားျမစ္ထားခဲ့ရတာ။ ကိုေဆြ၀င္းက လူႀကီးလူေကာင္းဆန္ဆန္ ေတာင္းပန္သင့္တာ မဟုတ္လား။အခုက် လုံး၀မေတာင္းပန္တဲ့အျပင္ မီဒီယာအင္အားသံုးၿပီး ထပ္မံေစာ္ကားလုိက္ျပန္ပါတယ္။ ေတာင္းပန္စရာမလိုတဲ့အျပင္ ေသဒဏ္ေတာင္ ေပးရမယ္တဲ့။ အင္တာဗ်ဴးေမးတဲ့ သတင္းေထာက္ကေတာင္ ကိုေဆြဝင္းေျဖတာ ၾကားရလုိ႔ ထိတ္လန္႔သြားတာ ေတြ႕ရတယ္။ ကိုေဆြဝင္းသာ လက္ရွိသမၼတဆိုရင္ ဦးပဥၥင္း ႀကဳိးေပးခံရေလာက္ၿပီေပါ့ေနာ္။ ယန္ဟီးလီကိုဆဲလို႔ ဝံသာႏုတရားေတြေဟာလို႔ ေသဒဏ္ေပးထုိက္တယ္ဆိုေတာ့ စစ္အာဏာရွင္ထက္ ပိုရက္စက္မေနဘူးလားကြာ။ ရာဇသတ္ႀကီးဥပေဒမွာ ျပဆိုထားတဲ့ ေသဒဏ္ထုိက္တဲ့ ျပစ္မႈေတြထဲမွာ ရွာလို႔ေတာင္ မေတြ႔ရပါလားကြာ။ ေဆြဝင္းဥပေဒ စမကပုဒ္မနဲ႔ ေသဒဏ္ေပးမွာလားဟင္…။

(ပထမရုံးခ်ိန္း လုံး၀ မလာ။ ဒုတိယရုံးခ်ိန္း ဆင့္စာမေရာက္လို႔ဟုဆို။ ၆.၄.၂၀၂၀ရက္ေန႔ တတိယရုံးခ်ိန္း အိမ္ေျပာင္းသြား လိပ္စာမသိရလို႔ ဆင့္စာပို႔မရဟုဆို။ ျပည္တြင္းမွာ ရွိေသးလား မရွိေတာ့ဘူးလား မသိရေသး။ ၅.၅.၂၀၂၀ ရက္ေန႔ ျပန္ခ်ိန္းထားေၾကာင္း သိရပါသည္။ Admin)
(ဆက္လက္ေဖာ္ျပပါမည္)

ဦးပဥၥင္း
ဝီရသူ(မစုိးရိမ္)
ဘဒၵႏၲဝိစိတၱာဘိဝံသ
ဓမၼသဟာယေက်ာင္းနာယက
မစုိးရိမ္တိုက္သစ္
မဟာေအာင္ေျမၿမဳိ႕နယ္
မႏၲေလျမိဳ႕။
25.3.2020

“တရားရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတာလား ကိုဆွေဝင်း”(ဃ)

“အနန္တသူရိယအမတ်ကြီးရဲ့ မျက်ဖြေလင်္ကာထဲကလိုပဲလား”
ကိုဆွေဝင်းရေ မဟာအောင်မြေတရားသူကြီးမက အမှုကို မရုပ်သိမ်းခင်မှာပဲ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ကိုဆွေဝင်းရုံးချိန်းတွေမှာ စရိတ်စက ကုန်ကျတာတွေ ညီးတွားငိုပြထားတဲ့ မျက်ရည်ခြူသတင်းတစ်ပုဒ်ပါ။ ထုံးစံအတိုင်း ဦးပဉ္စင်းတို့ကပဲ တမင်သက်သက် ညှဉ်းနေလို့ ငွေကုန်ရသလိုမျိုး တစ်ဖက်သတ်ရေးသားထားတဲ့ အတင်းတုတ် လုပ်ကြံသတင်းကြီးပေါ့။ ကြေးစားတွေငှားလာလို့ ငွေကုန်တာမဟုတ်ဘူးလားကွာ။ ရှေ့နေတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလို့ ငွေကုန်တာ မဟုတ်ဘူးလားကွာ။ အချန်ကြန့်ကြာအောင်လည်း ကိုဆွေဝင်းတို့ဘက်ကပဲ လုပ်ခဲ့တာမဟုတ်ဘူးလား။ အာဏာပိုင်ကို ပိုင်တယ်ဆိုပြီး ဟိုတိုင်ဒီတိုင် တိုင်ရတာနဲ့၊ ဟိုတင် ဒီတင် တင်ရတာနဲ့ အထက်ဝိတ်အသုံးချချင်လို့ တိုင်ရင်း တင်ရင်း အမှုမစစ်ဖြစ်လို့ ကြာခဲ့ကြတာ မဟုတ်လား၊ လိုပြသက်သေတွေက သုံးချိန်းတစ်ချန်း မဖြစ်မနေ လာကြပါတယ်ကွာ။ ကိုဆွေဝင်းတို့ဘက်က ပျက်ကွက်တာနဲ့ကြုံလို့ မစစ်ဖြစ်တာ ကိုဆွေဝင်းလည်း သိပြီးသားပါ။ ကိုကျော်မျိုးရွှေ အချုပ်သားဘဝနဲ့ လာရောက်ထွက်ဆိုဖို့ ခက်ခဲခဲ့တာနဲ့ ဦးပဉ္စင်းတို့ မစိုးရိမ်နာယကနှစ်ပါး သံဃနာယကရုံးမှာပဲ ထွက်ဆိုဖို့ တင်ထားတာကြောင့် မစစ်ဖြစ်တာပဲရှိတာပါ။ ဒါတောင် ဦးပဉ္စင်းကို အကြိမ်ပေါင်းမည်မျှဆင့်ခေါ်တာတောင် မလာဘူးဆိုပြီး ရောကြိတ်ထားသေးတယ်။

“စမကပုဒ်မနဲ့ သေဒဏ်ပေးချင်သူ”
ကိုဆွေဝင်းရေ ဦးပဉ္စင်းရဲ့ ခံယူချက်ကတော့ လူမှုရေးမှာ ဟာမိုနီဖြစ်အောင်နေမယ် လူတိုင်းနှင့် သဟဇာတဖြစ်အောင် လူမှုဆက်ဆံရေးထူထောင်မယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း ပုဂ္ဂိုလ်ရေးမှာ အင်မတန်သည်းခံခဲ့ပါတယ်။ ရေမြွေတစ်ကောင်လိုပဲ နေပါတယ်။ အဆိပ်မရှိသလို အစွယ်မရှိသလို ဦးချိုမရှိသလို လက်သည်းခြေသည်းမရှိသလို အမြဲနေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားအချင်းချင်း မြန်မာအချင်းချင်း ဘာသာတူလူမျိုးတူချင်း သံဃာအချင်းချင်းဆို အရှုံးပေး အလျှော့ပေးပြီး အမြဲတန်း ဆက်ဆံပါတယ်။ ဒါပေမဲ့ အမှန်တရားအတွက် ဓားတစ်လက် အမြဲဆောင်ထားလေ့ရှိပါတယ်။ ဓားဆိုတာ တစ်ခြားမဟုတ်ပါဘူး။ တရားဓမ္မပါပဲ။ ကိုဆွေဝင်းတို့ မြင်ကြတဲ့ ခပ်ကြမ်းကြမ်းဝီရသူဆိုတာ အမျိုးသားရေးအန္တရာယ်ကျရောက်လာချိန်မှာ သရုပ်ဆောင်ရတဲ့ လူကြမ်းကြီးတစ်လက်ပါ။ လူနေမှုစတိုင်လ်ကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ပေါ့ကွာ။ ဘုရားသားတော်လေးတစ်ပါးပေါ့။ ရာဇကုမာရ(မင်းသားငယ်)လေးတစ်ပါးပေါ့။

အခုလည်း ကိုဆွေဝင်းကို တရားမစွဲချင်ပါဘူး။ တကယ်တော့ ဦးပဉ္စင်းဟာ ကိုဆွေဝင်းရဲ့ ပရိသတ်တစ်ဦးပါ။ အင်းဝအပ်ချုပ်ဆိုင်အရေးအခင်းမှာ ကိုဆွေဝင်းကို ချီးကျူးဂုဏ်ပြုထားပြီး အားပေးထောက်ခံခဲ့သူပါ။ ကိုဆွေဝင်းက ရဟန်းတစ်ပါးကို အဲဒီလို စော်ကားမော်ကား ရေးသားလိုက်တော့ ဦးပဉ္စင်း အတော်အံ့သြခဲ့ရတယ်။ ချက်ချင်း တရားစွဲချင်တဲ့ တပည့်တွေကိုတောင် ဦးပဉ္စင်းကပဲ ပြန်လည်တားဆီးခဲ့ရတယ်။ တောင်းပန်ခိုင်းပါဦး၊ ခုနစ်ရက်ပြည့်လို့မှ မတောင်းပန်ရင်တော့ မင်းတို့သဘောပေါ့လို့ ချော့မော့တားမြစ်ထားခဲ့ရတာ။ ကိုဆွေဝင်းက လူကြီးလူကောင်းဆန်ဆန် တောင်းပန်သင့်တာ မဟုတ်လား။အခုကျ လုံးဝမတောင်းပန်တဲ့အပြင် မီဒီယာအင်အားသုံးပြီး ထပ်မံစော်ကားလိုက်ပြန်ပါတယ်။ တောင်းပန်စရာမလိုတဲ့အပြင် သေဒဏ်တောင် ပေးရမယ်တဲ့။ အင်တာဗျူးမေးတဲ့ သတင်းထောက်ကတောင် ကိုဆွေဝင်းဖြေတာ ကြားရလို့ ထိတ်လန့်သွားတာ တွေ့ရတယ်။ ကိုဆွေဝင်းသာ လက်ရှိသမ္မတဆိုရင် ဦးပဉ္စင်း ကြိုးပေးခံရလောက်ပြီပေါ့နော်။ ယန်ဟီးလီကိုဆဲလို့ ဝံသာနုတရားတွေဟောလို့ သေဒဏ်ပေးထိုက်တယ်ဆိုတော့ စစ်အာဏာရှင်ထက် ပိုရက်စက်မနေဘူးလားကွာ။ ရာဇသတ်ကြီးဥပဒေမှာ ပြဆိုထားတဲ့ သေဒဏ်ထိုက်တဲ့ ပြစ်မှုတွေထဲမှာ ရှာလို့တောင် မတွေ့ရပါလားကွာ။ ဆွေဝင်းဥပဒေ စမကပုဒ်မနဲ့ သေဒဏ်ပေးမှာလားဟင်…။

(ပထမရုံးချိန်း လုံး၀ မလာ။ ဒုတိယရုံးချိန်း ဆင့်စာမရောက်လို့ဟုဆို။ ၆.၄.၂၀၂၀ရက်နေ့ တတိယရုံးချိန်း အိမ်ပြောင်းသွား လိပ်စာမသိရလို့ ဆင့်စာပို့မရဟုဆို။ ပြည်တွင်းမှာ ရှိသေးလား မရှိတော့ဘူးလား မသိရသေး။ ၅.၅.၂၀၂၀ ရက်နေ့ ပြန်ချိန်းထားကြောင်း သိရပါသည်။ Admin)
(ဆက်လက်ဖော်ပြပါမည်)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေမြို့။
25.3.2020