သတင္း

မစုိးရိမ္တုိက္သစ္ ဓမၼာႏုဂၢဟစာေမးပြဲႀကီး

ဒီေန႔ တေပါင္းလဆန္း(၉)ရက္ 23.2.2018ရက္ေန႔မွာ မႏၲေလး မဟာေအာင္ေျမၿမဳိ႕နယ္ မစုိးရိမ္တုိက္သစ္ တတိယအႀကိမ္ ဓမၼာႏုဂၢဟစာေမးပြဲ စတင္ေျဖဆုိၾကပါတယ္။ စာေရးသူက ဓမၼမဟိဒၶိေက်ာင္းေတာ္ႀကီး ေျမညီထပ္မွာ တာဝန္က်ပါတယ္။
စာေရးသူႏွင့္အတူ မစုိးရိမ္တုိက္သစ္ နာယကငယ္မ်ားျဖစ္ၾကတဲ့ အရွင္ပညာေဇာတာဘိဝံသ၊ အရွင္သူရိယာဘိဝံသ၊ အရွင္ေသာဘိတာဘိဝံသတုိ႔လည္း ဓမၼမဟိဒၶိေျမညီထပ္မွာပဲ တာဝန္က်တာပါ။

ဓမၼေစတိယေက်ာင္း စာခ်ဆရာေတာ္ သာသနဓဇဓမၼာစရိယ ဦးေဇာတိကႏွင့္ စာခ်ဆရာေတာ္ေလးမ်ားလည္း ႀကီးၾကပ္ေရးတာဝန္ ေဆာင္ရြက္ၾကပါတယ္။ စာေရးသူတုိ႔အထပ္မွာ မူလတန္း၊ အငယ္တန္း၊ အလတ္တန္းႏွင့္ စာခ်တန္းတုိ႔ ေျဖဆုိၾကပါတယ္။
ဓမၼာႏုဂၢဟစာေမးပြဲႀကီး တစ္ႏွစ္သုံးႀကိမ္ က်င္းပပါတယ္။

ေလးလတစ္ႀကိမ္ က်င္းပတာပါ။ ယခုအႀကိမ္ကေတာ့ ေနာက္ဆုံးအႀကိမ္ျဖစ္ပါတယ္။ မၾကာခင္ အစုိးရအတန္းတင္စာေမးပြဲႀကီး ေျဖဆုိၾကရပါေတာ့မယ္။ စာေျဖသံဃာအားလုံး လြယ္ကူေခ်ာေမာစြာ ေျဖဆုိေအာင္ျမင္ႏုိင္ၾကပါေစ။

 

“မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး”

ဒီနေ့ တပေါင်းလဆန်း(၉)ရက် 23.2.2018ရက်နေ့မှာ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆိုကြပါတယ်။ စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး မြေညီထပ်မှာ တာဝန်ကျပါတယ်။
စာရေးသူနှင့်အတူ မစိုးရိမ်တိုက်သစ် နာယကငယ်များဖြစ်ကြတဲ့ အရှင်ပညာဇောတာဘိဝံသ၊ အရှင်သူရိယာဘိဝံသ၊ အရှင်သောဘိတာဘိဝံသတို့လည်း ဓမ္မမဟိဒ္ဓိမြေညီထပ်မှာပဲ တာဝန်ကျတာပါ။

ဓမ္မစေတိယကျောင်း စာချဆရာတော် သာသနဓဇဓမ္မာစရိယ ဦးဇောတိကနှင့် စာချဆရာတော်လေးများလည်း ကြီးကြပ်ရေးတာဝန် ဆောင်ရွက်ကြပါတယ်။ စာရေးသူတို့အထပ်မှာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် စာချတန်းတို့ ဖြေဆိုကြပါတယ်။ ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး တစ်နှစ်သုံးကြိမ် ကျင်းပပါတယ်။ လေးလတစ်ကြိမ် ကျင်းပတာပါ။ ယခုအကြိမ်ကတော့ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။

မကြာခင် အစိုးရအတန်းတင်စာမေးပွဲကြီး ဖြေဆိုကြရပါတော့မယ်။ စာဖြေသံဃာအားလုံး လွယ်ကူချောမောစွာ ဖြေဆိုအောင်မြင်နိုင်ကြပါစေ။