Daily Archives: February 24, 2018

မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ဘဏ္ဍာရေးကော်မတီ အစည်းအဝေး

တပေါင်လဆန်း(၈)ရက် 22.2.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ) မစိုးရိမ် နိရုတ္တိနယူပဒေသကျောင်းနာယကဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနှင့် သံဃာတော်များ တရားလွှတ်တော်ရှေ့နေ ဆရာကြီးဦးဇော်ဝိတ်နှင့် ဘဏ္ဍာရေးကော်မတီ စာရင်းစိစစ်ရေးကော်မတီတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေး တက်ရောက်သူအားလုံး တက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။ ဘဏ္ဍာရေးမှူးအဖြစ် အမရပူရမြို့မှ ဦးခင်မောင်ကျော်၊ တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် သဟာယကျောင်းမှ ကိုအေးကိုတို့ကို အဆိုပြု ရွေးချယ် တင်မြှောက် အတည်ပြုနိုင်ခဲ့ကြပါတယ်။ ဘဏ်စာအုပ် ငွေထုတ်ငွေသွင်း ...
သတင်း

မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး

ဒီနေ့ တပေါင်းလဆန်း(၉)ရက် 23.2.2018ရက်နေ့မှာ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် တတိယအကြိမ် ဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆိုကြပါတယ်။ စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး မြေညီထပ်မှာ တာဝန်ကျပါတယ်။ စာရေးသူနှင့်အတူ မစိုးရိမ်တိုက်သစ် နာယကငယ်များဖြစ်ကြတဲ့ အရှင်ပညာဇောတာဘိဝံသ၊ အရှင်သူရိယာဘိဝံသ၊ အရှင်သောဘိတာဘိဝံသတို့လည်း ဓမ္မမဟိဒ္ဓိမြေညီထပ်မှာပဲ တာဝန်ကျတာပါ။ ဓမ္မစေတိယကျောင်း စာချဆရာတော် သာသနဓဇဓမ္မာစရိယ ဦးဇောတိကနှင့် စာချဆရာတော်လေးများလည်း ကြီးကြပ်ရေးတာဝန် ဆောင်ရွက်ကြပါတယ်။ စာရေးသူတို့အထပ်မှာ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် စာချတန်းတို့ ဖြေဆိုကြပါတယ်။ ဓမ္မာနုဂ္ဂဟစာမေးပွဲကြီး တစ်နှစ်သုံးကြိမ် ကျင်းပပါတယ်။ လေးလတစ်ကြိမ် ကျင်းပတာပါ။ ယခုအကြိမ်ကတော့ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။ မကြာခင် အစိုးရအတန်းတင်စာမေးပွဲကြီး ဖြေဆိုကြရပါတော့မယ်။ စာဖြေသံဃာအားလုံး ...