မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ဘဏ္ဍာရေးကော်မတီ အစည်းအဝေး

တပေါင်လဆန်း(၈)ရက် 22.2.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(သာသနဓဇဓမ္မာစရိယ၊ ပါဠိပါရဂူ) မစိုးရိမ် နိရုတ္တိနယူပဒေသကျောင်းနာယကဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနှင့် သံဃာတော်များ တရားလွှတ်တော်ရှေ့နေ ဆရာကြီးဦးဇော်ဝိတ်နှင့် ဘဏ္ဍာရေးကော်မတီ စာရင်းစိစစ်ရေးကော်မတီတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေး တက်ရောက်သူအားလုံး တက်တက်ကြွကြွ ဆွေးနွေးကြပါတယ်။

ဘဏ္ဍာရေးမှူးအဖြစ် အမရပူရမြို့မှ ဦးခင်မောင်ကျော်၊ တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် သဟာယကျောင်းမှ ကိုအေးကိုတို့ကို အဆိုပြု ရွေးချယ် တင်မြှောက် အတည်ပြုနိုင်ခဲ့ကြပါတယ်။ ဘဏ်စာအုပ် ငွေထုတ်ငွေသွင်း ကိုယ်စားလှယ်လေးဦးကို ရွေးချယ်ကြပါတယ်။

စာရင်းကိုင်တစ်ဦး ခန့်အပ်ခြင်း၊ အလှူငွေဖြတ်ပိုင်းစာအုပ်များ ရိုက်နှိပ်ခြင်း၊ စာရင်းစိစစ်ရေး ကော်မတီအကြံပြုချက်များ ရယူခြင်းတို့လည်း ဆောင်ရွက်ကြပါတယ်။ မန်း မဟော်သဓာ ကျောင်းတော်ကြီး အလျှင်အမြန်အောင်မြင်ရေး ဗဟိုကော်မတီ အစည်းအဝေးကတော့ ပုံမှန် တစ်လတစ်ကြိမ်ကျင်းပသွားမှာပါ။

လစဉ် ပထမပတ် တနင်္ဂနွေနေ့တိုင်း ကျင်းပသွားဖို့ ဆုံးဖြတ်ထားကြတာပါ။ ဒီနေ့အစည်းအဝေးကတော့ ဘဏ္ဍာရေးနှင့် စာရင်းစစ် ကော်မတီသေးသေးလေးနှစ်ခု ပူးတွဲကျင်းပခြင်းပါပဲ။ မန်း မဟော်သဓာကျောင်းတော်ကြီး လွယ်ကူချောမောစွာ ပြီးမြောက်အောင်မြင်နိုင်ပါစေ။ အနာဂတ်၏ မျိုးဆက်သစ်ကျောင်းသားကျောင်းသူများ ကံကောင်းကြပါစေ။